ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဒီနှစ်မှာ စစ်ရေးလှုပ်ရှားမှု မြှင့်တင်မယ်လို့ဆို

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) MPDF အနေနဲ့ ဒီနှစ်အတွင်းမှာ စစ်ရေးကို တိုးမြင့်ဆောင်ရွက်တော့မယ်လို့ MDY – PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်မိုးကြိုးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဖြူဇရပ်မှာ ကျေးရွာအုပ်ချုပ်ရေးရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံလေးဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ခြံဝင်းအတွင်းမှာ ဇန်နဝါရီ (၃) ရက် ညပိုင်းကပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွတ်ငြိမ်းခွင့်ရ CDM ဆရာဝန်တဦးကို စစ်ကောင်စီက ထောင်ဘူးဝမှာ ပြန်ဖမ်း

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး မနေ့က လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ မြိတ်မြို့ဆေးရုံက CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ကို စစ်ကောင်စီက မနေ့ကပဲ မြိတ်ထောင်ဘူးဝမှာ ပြန်ဖမ်းသွားတယ်လို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့မှာ မွေးကင်းစ ကလေးအလောင်းတလောင်းတွေ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းဆောရပ်ကွက်မှာ ဒီကနေ့ ဇန်နဝါရီ (၅) ရက်နေ့လယ်ပိုင်းမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေး အလောင်းတလောင်း တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။ “ကလေးက အလောင်းက ယောက်ျားလေး၊ ထန်းတောကြီးအင်းစပ်မှာ ငါးမျှားနေတဲ့သူတွေက တွေ့လို့အကြောင်းကြားတာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ALP စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး လုပ်ကြံခံရမှု AA ကို စွပ်စွဲတာ နာမည်ကြီးချင်လို့ ဖြစ်တယ်လို့ ခိုင်သုခ တုံ့ပြန်

စစ်တွေမြို့ပေါ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူးနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရတာဟာ AA လက်ချက်လို့ ALP ဘက်ကစွပ်စွဲတဲ့အပေါ် နာမည်ကြီးချင်လို့ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်လိုက်ပါတယ်။ “အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီက ပါတီသုံးဆယ်ကျော်နဲ့တွေ့

အခုနှစ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင်ပြင်ဆင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရေးပါတီ (၃၇) ခုနဲ့ ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ စစ်ကောင်စီကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတက်ခဲ့တဲ့ ပါတီတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ တရက်တည်း စစ်ရှောင်နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေရာတွေကို ဇန်နဝါရီ (၃) ရက် တနေ့တည်းမှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လွိုင်ကော်မြို့၊ ချိကယ်အုပ်စု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ထားတဲ့ စစ်တပ်နဲ့ AA တို့ သုံ့ပန်းအလှဲအလှယ်လုပ်

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ အပစ်ရပ်ပြီးနောက် တလကျော်ခွဲလောက်အကြာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA တို့ ပထမဆုံးအကြိမ်အဖြစ် စစ်သုံ့ပန်းလှဲလှယ်ခဲ့ကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ပုဏ္ဏားကျွန်မြို့နယ်အတွင်းက ပဒေသာကျေးရွာနဲ့ ကွမ်းတောင်ကျေးရွကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ ဇန်နဝါရီ (၃) ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကြာအင်းကြီးဆိပ်ကြီးမြို့မှာ အသွားအလာရှင်းနေပြီး မြို့ခံတချို့ နေရပ်စွန့်ခွာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီကနေ့မှာ မြို့တွင်း အသွားအလာရှင်းနေသလို မြို့ခံတချို့လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ “ဒီနေ့လေယာဥ်လာတယ်၊ (နေ့လယ်) တနာရီခွဲလောက်တုန်းက၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ တိုက်ပွဲသံတွေ၊ သေနတ်ပစ်သံတွေတော့ မကြားမိသေးဘူး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်တွေကို MOUစာချုပ်ရှိ အေဂျင်စီတွေကိုသာ ထုတ်ပေးပြီး ရုံးကိုပိတ်ထားဆဲ

ကြိုတင်ကြေညာတာမရှိဘဲ ရက်အကန့်အသတ်မရှိ ရုံးပိတ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နှစ်နိုင်ငံအလုပ်သမားစေလွှတ်ရေးစာချုပ် (MOU) အရ ပို့ဆောင်ရမယ့်  ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေကိုသာ နိုင်ငံကူးလက်မှတ်လုပ်ဆောင်ထုတ်ပေးနေပြီး ရုံးပြန်မဖွင့်သေးဘူးလို့အဲ့ဒီရုံးနဲ့ နီးစပ်သူတချို့ကပြောပါတယ်။ ” System Updateမြှင့်လို့ ရုံးပိတ်ထားပေမယ့် တဖက်မှာကျတော့ MOUစာချုပ်တွေရှိတယ်၊အဲ့ဒီစာချုပ်တွေက ဘယ်နေ့အရောက်အလုပ်သမားပို့ပေးရမယ်ဆိုတာမျိုးတွေရှိတယ်၊ဒါတွေကျတော့ မဖြစ်မနေလုပ်ပေးရမှာမို့လို့ [ဆက်လက်ဖတ်ရှုရန်]