နိုင်ငံရေး

ထီလင်းမြို့နယ် ဝက်သက်ရွာကို စစ်ကောင် စီကမီးရှို့ ၊ ပြည်သူတဦးကိုဓားစာခံအဖြစ်ဖမ်းဆီး

ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းမှာဝက်သက်အရှေ့ပြင်ရွာကိုဝင်ရောက်မီးရှို့ပြီးစစ်ကြောင်းကိုလွတ်အောင်မပြေးနိုင်တဲ့ဒေသခံပြည်သူတဦးကိုလည်း ဓားစာခံ အဖြစ်ဖမ်းဆီးထားတယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။  စစ်ကောင်စီစစ်ကြောင်းရဲ့ ဓားစာခံ အဖြစ်ဖမ်းဆီးခံရသူဟာဝက်သက်အရှေ့ပြင်ရွာသားဦးညိုတင်ဆိုသူဖြစ် ပြီး စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရွာကနေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ ခုလိုရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆောမြို့နယ် လေကြောင်းပစ်ခတ်မှု ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိ

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာမှာ စစ်ကောင်စီက မနေ့ကလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မှားယွင်းပစ်ခတ်မှုသာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ ဆောမြို့ဒေသခံတွေက DNA ကိုပြောပါ တယ်။   “ဘာမဆီမဆိုင်လျောက်ပစ်တာ၊ ကာကွယ်ရေးခေါင်းဆောင်တွေအစည်းအ‌ဝေးလုပ်နေတယ်ဆိုပြီးပစ်တာ၊ အစည်းအဝေးလုပ်တဲ့နေရာနဲ့ကတခြားစီ၊ ပြည်သူတွေဘာဖြစ်ဖြစ် ဘာမှကိုထည့်မတွက်တဲ့ကောင်တွေ” လို့ ဆောဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မှာ ရှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ KNU,KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာ ရက်သတ္တပတ်ကျော်လာပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ကျားဖြူစစ်ကြောင်းမှူး ဗိုလ်မှူးစောကျော်သက်က DNA ကိုပြောပါတယ်။ ‘’တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ။ သူတို့က စစ်ကြောင်းထိုးလာလိုက်ပြန်ဆုတ်လိုက်နဲ၈ရက်မြောက်ရှိနေပြီ။ စစ်ပွဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းတွင်းမြစ်အတွင်း သောင်တင်နေတဲ့ စစ် သင်္ဘောတွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာအနီး ချင်း တွင်းမြစ်ထဲမှာ သောင်တင်နေတဲ့ စစ်ကောင်စီသ င်္ဘောလေးစီးကို ဒီဇင်ဘာ (၂၄) ရက် နဲ့ (၂၅) ရက် မနက်ပိုင်းတွေမှာကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးသူနာပြုသင်တန်းကျောင်းက ကျောင်းသားကို စစ်တပ်က ထောင် ၁၅နှစ်ချ

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ စစ်တပ်ကဖမ်းဆီးထားတဲ့ မန္တလေးသူနာပြုသင်တန်းကျောင်းကဒုတိယနှစ်ကျောင်းသား ကိုအောင်ကျော်ခန့်ကို စစ်အုပ်စုတရားရုံးက မနေ့ဒီဇင်ဘာ ၂၆ရက်နေ့မှာထောင် ၁၅နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကိုအောင်ကျော်ခန့်ဟာ ဗကသများအဖွဲ့ချုပ်က အဖွဲ့ဝင်ကျောင်းသားတဦးလည်းဖြစ်သလို ဗကသအဖွဲ့ရဲ့သတင်းနဲ့ပြန်ကကြားရေးတာဝန်ယူဖူးသူတယောက်လည်းဖြစ်ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်အုပ်စုရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။ ဖမ်းဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၀ ညနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နယ်ကျော်လာတဲ့ မြောက်ကိုရီးယား ဒရုန်းတွေကြောင့် တောင်ကိုရီးယား လေတပ် အရေးပေါ် တုံ့ပြန်

မြောက်ကိုရီးယားရဲ့ ဒရုန်းတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ မြောက်ပိုင်းနယ်စပ်ကို ကျော်လွန်ပြီး မြောက်ကိုရီးယားရဲ့ ဒရုန်း ၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဆိုဗိုနဲ့ နယ်စပ်နားမှာ တိုက်ပွဲဝင်အဆင့် တပ်လှန့်ပြင်ဆင်ထားကြောင်း ဆာဘီးယားပြော

ကိုဆိုဗိုနဲ့ နယ်စပ်နားမှာ လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ပွဲဝင်အဆင့် အမြင့်ဆုံး တပ်လှန့်ထားလိုက်ကြောင်း ဆာဘီးယား အစိုးရက ထုတ်ပြန်လိုက်ပါတယ်။   ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က သူဟာ ကိုဆိုဗိုမှာ ရှိနေတဲ့ ဆာ့ဘ် အနွယ်ဝင် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး အလီဒါရီရဲ့ မိသားစုကို ပြည်ပထွက်ခွာခွင့် အီရန်ပိတ်ပင်

နိုင်ငံရဲ့ ဘောလုံးသမိုင်းမှာ ခြွင်းချက်မရှိ အကျော်ကြားဆုံး ဂန္ထဝင် ကြယ်ပွင့်ဟောင်းကြီးရဲ့ မိသားစုတွေကို ပြည်တွင်းက ထွက်ခွာခွင့် မပေးဘဲ အီရန် အာဏာပိုင်တွေက ပိတ်ပင်ထားကြောင်း သိရပါတယ်။   အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟောင်းကြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ နယ်သာလန် ဘောလုံးကြယ်ပွင့် ဂက်ခ်ပိုကို လီဗာပူးလ် ခေါ်ယူ

လီဗာပူး အသင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ နယ်သာလန် တောင်ပံတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂက်ခ်ပိုဟာ ကာတာမှာ ကျင်းပပြီးစီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့် ဒွန်ဘန်ထောင်က ထောင်မှူးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဒွန်ဘန်အကျဉ်းထောင်မှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်တပ်ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်ကို မိုးကောင်းမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLCK K က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်မှူး ကိုင်ဇာလျန်ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် စစ်ကောင်စီသတင်းပေးအဖြစ် [ဆက်လက်ဖတ်ရှုရန်]