နိုင်ငံတကာရေးရာ

ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တရုတ်နိုင်ငံမှာ တွေ့ဆုံ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံရာမှ တရုတ်နိုင်ငံနဲ့ မျှော်လင့်တွက်ဆမထားရလောက်အောင် နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးအင်အားစုအားလုံး NUG အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ KIO ဥက္ကဌတိုက်တွန်း

အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့အစည်းအားလုံး NUG အစိုးရနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ KIO ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ KIO ရဲ့ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက အဲဒီလို တိုက်တွန်းလိုက်ကြောင်း The 74 Media [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လဲ၊ အင်မထီးရွာဝန်းကျင် နယ်မြေစိုးမိုးနိုင်ရေး အနီးရွာတွေကို အကြမ်းဖက်တပ် လုယက်မီးရှို့နေ

ပျူစောထီး သင်တန်းဖွင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာဝန်းကျင်ကို နယ်မြေစိုးမိုးနိုင်အောင် အနီးဝန်းကျင်ရွာတွေကို အကြမ်းဖက်စစ်တပ်က လုယက်မီးရှို့နေတယ်လို့ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။ ယမန်နေ့ ၇ နာရီကျော်လောက်က အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကိုင်းတွင်းရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီ၊ ဝင်မနားရဲစခန်းတိုက်ပွဲ အကြမ်းဖက်တပ်သား၂၅ ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားနယ်မြေရဲစခန်းကို ချင်းတွင်းမဟာမိတ် PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား ၂၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ယမန်နေ့ ည ၁၀ နာရီခွဲကျော်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဝင်မနားရဲစခန်းပျက်စီးမှုများပြားသလို ဒဏ်ရာရအကြမ်းဖက်စစ်သားနဲ့ရဲလည်းများပြားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်ဘဏ်မှာ ကုလသမဂ္ဂပိုင် ဒေါ်လာသန်းချီပိတ်မိနေပြီး ထုတ်မရဖြစ်နေ

အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ကတိကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ “လူထုတိုက်ပွဲမှ လူထုအောင်ပွဲဆီသို့” ကြွေးကြော်သံတွေနဲ့ချီတက်ဆန္ဒပြ

မန္တလေး မဟာအောင်မြေစုပေါင်းသပိတ်စစ်ကြောင်းမှ “လူထုတိုက်ပွဲမှ လူထုအောင်ပွဲဆီသို့” စာသားကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ်စုပေါင်းသပိတ်စစ်ကြောင်းက ဦး ဆောင်ပြီး စုပေါင်း သပိတ်စစ်ကြောင်းကို “လူထုတိုက်ပွဲမှ လူထုအောင်ပွဲဆီသို့” ကြွေးကြော်သံတွေနဲ့ ဒီနေ့ မနက်ပိုင်းက အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။

နိုင်ငံတကာရေးရာ

စစ်အုပ်စုကို လုံခြုံရေးကောင်စီက အခိုင်အမာအရေးယူဖို့ ကုလဆိုင်ရာ ကန်သံအမတ် တိုက်တွန်း

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတယ်လို့သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဒေသစံတော်ချိန်ဖေဖေါ်ဝါရီလ ၃ ရက် ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းသူလျှိုအဖြစ် စွပ်စွဲခံရသူကို ရုရှားက ထောင်ဒဏ် ၁၂ နှစ် အမိန့်ချ

ခရိုင်းမီးယားဒေသက တရားရုံးတစ်ခုမှာ ယူကရိန်းသူလျှိုအဖြစ် တရားစွဲဆိုခံထားရသူ တင်သွင်းထားတဲ့ အယူခံကို ပယ်ချပြီး ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခဲ့တယ်လို့ TASS သတင်းဌာနက ရုရှားလုံခြုံရေးဌာနကို ကိုးကားချက်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။ ယူကရိန်းရဲ့ နိုင်ငံခြားရေးဝန်ကြီးက ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ကွန်စတန်တင် ရှီရင်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယနိုင်ငံတော်ဘတ်ဂျတ်မှာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကူညီပံ့ပိုးမှုငွေကြေး ထည့်သွင်းရေးဆွဲ

အိန္ဒိယနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတော်ဘတ်ဂျတ်ကို အတည်ပြုပြီးနောက်မှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအပါအဝင် နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေအတွက် ရူပီး ၁၇,၂၅၀ ကုဋေ သုံးစွဲသွားဖို့ သတ်မှတ်ခဲ့ပါတယ်။ အသစ်တက်လာတဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာမရှိသေးတဲ့ အိန္ဒိယအစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာမှု [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ဆေးအိုးဘယ်သူခွဲတာလဲ

ဘဏ်စနစ်ဟာ ၂၀၁၀ မတိုင်ခင်ကတည်းက နာတည်ရှည် ဖြစ်နေတာပါ။ ၂၀၁၀ – ၁၅ ဦးသိန်းစိန်လက်ထက်မှာကျတော့ စီမံခန့်ခွဲမှုအားနည်းချက်တွေ ကို အခွင့်ကောင်းယူပြီး ခရိုနီတွေ ချေးငွေတွေကို ပရမ်းပတာ ထုတ်ချေးကိုယ်ကျိုးစီးပွားအဖြစ်အသုံးချခဲ့ကြတယ်။ နောင် NLD ဒီမိုကရေစီအစိုးရတက်လာရင် အခြေအနေပိုကောင်းမှာပဲဆိုပြီးအိမ်ယာမြေလုပ်ငန်းတွေမှာဝင်ကစား [ဆက်လက်ဖတ်ရှုရန်]