ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်ချိုင် ပကဖ တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုကို ခုခံစစ်ဆင်နွှဲပြီး တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့ သွားရောက်ခဲ့တဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ဦးဟာ လက်နက်ချင်း မမျှတတာကြောင့် ကျဆုံးခဲ့ရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့မှာ စစ်အုပ်စုလက်အောက် ဝန်ထမ်းအများအပြား နုတ်ထွက်နေ

စစ်ကိုင်းတိုင်း ကနီမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုအယက်နုတ်ထွက်နေကြပြီး ကနီPDFကို နုတ်ထွက်ကြောင်းနဲ့ CDMလုပ်ဆောင်နေကြောင်း စာရင်းတွေ ပေးပို့နေကြတယ်လို့ ကနီPDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကနီမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း-မုံရွာကားလမ်းမှာ စစ်အုပ်စုက လူငယ် ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီ

စစ်ကိုင်းတိုင်း စစ်ကိုင်း-မုံရွာကားလမ်းပေါ်မှာ ဆိုင်ကယ် ၂စီးနဲ့ သွားလာနေတဲ့ လူငယ်၄ဦးကို အကြမ်းဖက်စစ်အုပ်စုက PDFတွေလို့ အကြောင်းမဲ့စွပ်စွဲကာ ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ မနက် ၇နာရီခန့်မှာ စစ်ကိုင်း-မုံရွာကားလမ်း မြင်းမူဘက်ကနေ စစ်ကိုင်းဘက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပင်လယ်အတွင်း ပစ်လွှတ်ဖောက်ခွဲခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလအပြီး လက်နက် စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လည်လုပ်ဆောင်လာခြင်းလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Yangon PDF (ဗဟန်း) အဖွဲ့ခေါင်းဆောင် ဗိုလ်ထက်လင်း ကျဆုံး

Yangon PDF( ဗဟန်း) အဖွဲ့ခေါင်းဆောင် ဗိုလ်ထက်လင်းဟာ ဖေဖော်ဝါရီ ၂၄ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ Yangon People’s Defense Force Bahan အဖွဲ့ ခေါင်းဆောင် ဗိုလ်ထက်လင်းဟာ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဝေးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံရပြီးနောက် သုံးခွမြို့ရဲစခန်းမှာ လုံခြုံရေးအစီအမံတွေ တိုးချဲ့

အဝေးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံရပြီးနောက် သုံးခွမြို့ရဲစခန်းမှာ လုံခြုံရေးအစီအမံတွေ တိုးချဲ့လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ၂၆ရက်နေ့၊မနက်၁၁နာရီ ၉မိနစ်လောက်က သုံးခွမြို့တွင်းမှာရှိတဲ့ သုံးခွမြို့မရဲစခန်းကို အဝေးပစ် လောင်ချာ M79 နဲ့ ၄၀(မမ)ဗုံးသီးနှစ်လုံးပစ်ခတ်ခဲ့ရာ ရဲစခန်းထဲကျရောက်ပေါက်ကွဲခြင်းမရှိပေမဲ့ သုံးခွရဲစခန်း အတွင်း ထိတ်လန့်တုန်လှုပ်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ပက်လက်မြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုက ၂ ဦးသေ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မောချေင်းကျေးရွာနဲ့ မဆာတွီကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF Kanpetletတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF Kanpetletက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာ မဆာတွီကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်အုပ်စုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကိုင်အဖွဲ့တခုက သတင်းသမားနှစ်ဦးကို ဖမ်းဆီးရိုက်နှက်မှုနဲ့ ပတ်သတ်ပြီး KNDF ကြေညာချက်ထုတ်ပြန်

Karenni Generation Z (KGZ)အဖွဲ့အစည်းဟာ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ ကရင်နီတပ်မတော် KA၊KNDFတို့နဲ့ မသက်ဆိုင်ဘဲ ပူးပေါင်းမဟာမိတ်လည်း မဟုတ်ကြောင်း KNDFက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကရင်နီပြည်နယ်အတွင်း ဖေဖေါ်ဝါရီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် စာသားကို ကိုင်ဆောင်ကြွေးကြော် ဆန္ဒပြခဲ့ကြ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် တော်လှန်လူငယ်များ စုပေါင်းပြီး ဒီနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ယူကရိန်းအလံနဲ့ In Solidarity with Ukraine ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး ယူကရိန်းပြည်သူများနှင့်အတူရပ်တည်ကြောင်း၊ ရုရှား၏ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမှာ ရိက္ခာပြန်ယူတဲ့ ပြည်သူတွေကို စစ်အုပ်စုက ပစ်ခတ်တာကြောင့် ၅ ဦးထက်မနည်း သေဆုံး

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် နယ်စပ်ဒေသဖြစ်တဲ့ မိုးဗြဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက ရိက္ခာပြန်ယူတဲ့ ပြည်သူ ၅ ဦးထက်မနည်းကို ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ [ဆက်လက်ဖတ်ရှုရန်]