ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စု စစ်ရှောင်ရွာသားတွေရှိတဲ့ ဒေါစဲကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခက်

ဒီနေ့ မတ်လ ၁၄ ရက်နေ့မနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ရှောင်ရွာသားတွေရှိတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါစဲကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခက်မှု့တွေကြောင့် ဆေးပေးခန်းအဆောင်အအုံနှင့် ရွာသားအချို့ ထိခိုက်မှု့များ ရှိတယ်လို့ သိရပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးကနေ ထွက်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၂ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကို မိုင်းကွင်းအဆင့်ဆင့်ထားပြီးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၂၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ နေ့လည်ပိုင်းက ချောင်းဦးမြို့ကနေ ချောင်းဦးအနောက်ဘက်ခြမ်းရွာတွေဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်တပ်အင်အား ၇၀ လောက်ကို ချောင်းဦး PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ ရွှေလှေရွာကို ပျူတွေ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေရွာကို ပျူစောထီးတွေ သေနတ်ဖောက်ဝင်လာကာ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆ နာရီခွဲလောက်မှ ကံကြီးကုန်း ပျူစောထီးတွေက ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကာ မနက် ၉ နာရီလောက်မှာ ရွာလုံးကျွတ်နီးပါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာနေ

တရုတ်နိုင်ငံတွင်း ပြည်မက မြို့ကြီးတော်တော်များများမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး နှစ်နှစ်အတွင်း ပြည်တွင်းကူးစက်မှု အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ နှစ်ရက်ဆက်တိုက် ကူးစက်မှုအသစ် ၁၀၀၀ ကျော်လာပြီးနောက် တရုတ်နိုင်ငံမှာ ပြည်တွင်း ကူးစက်ခံရသူအသစ် ၃,၁၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်သားတွေ ဇာတိရပ်ရွာ ပြန်လို့မရခြင်း ဒဏ်ခံနေရ

အကြမ်းဖက်စစ်တပ်အတွင်း အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုမှာ ဇာတိရပ်ရွာကို ပြန်လို့မရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့တွေက အရာရှိ၊ အရာခံနဲ့ အကြပ်စစ်သည်တွေဟာ ခွင့်မရတော့သလို ခွင့်ရပါကလည်း အရင်လို ပြည်သူတွေကြားမှာ ရှိနေတဲ့ မိဘရပ်ထံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းရဲ ၆ ဦး လက်နက်နဲ့အတူ အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ရိခေါ်ဒါရ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။အခုတစ်ပတ်အတွင်း PDF-Zoland နဲ့ ဆက်သွယ်ကာလက်နက်နဲ့အတူ CDM ဝင်လာကြောင်း PDF-Zoland က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ရဲတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းပြည်သူတွေ မိုင်းကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်သွားကြဖို့ PDF မေတ္တာရပ်ခံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ မိုင်းနဲ့ထူးဆန်းတဲ့အရာတွေ တွေ့ရှိပါက မစပ်စုဘဲ မမြင်ချင်ယောင် ဆောင်သွားကြဖို့ ခရမ်း PDF က မေတ္တာရပ်ခံလိုက်ပါတယ်။ ယမန်နေ့မနက်ပိုင်းက ခရမ်းမြို့၊ ကံသာ ဘုန်းကြီးကျောင်းကိုသွားတဲ့ အကြမ်းဖက်စစ်တပ် ပြန်လာချိန် ဖောက်ခွဲဖို့ ထောင်ထားတဲ့မိုင်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကျင်းပတဲ့ NUG အစိုးရ ငွေတိုက်စာချုပ် ရောင်းချပွဲနဲ့ ဈေးရောင်းပွဲမှာ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့မှာ ငွေတိုက်စာချုပ်နဲ့ ဈေးရောင်းပွဲတော်ကို NUG/CRPH [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရက် ၄၀၀ မြောက် ချီတက်လာတဲ့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

ဒီကနေ့ မတ်လ ၁၄ ရက်နေ့ အစောပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ လုံခြုံရေးတင်းကြပ်မှုကြားက နေ့စဉ်ဆန္ဒပြခဲ့တာ ဒီနေ့ဆိုရင် ရက် ၄၀၀ မြောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ဝမ်းတွင်းမြို့မှာ ရဲတပ်ဖွဲ့က ပြည်သူတွေကို ရိုက်နှက်နှိပ်စက်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက လောင်းကစားဝိုင်းတွေကို တရားဝင် ပုံစံခွင့်ပြုပေးနေပြီး ပြည်သူတွေကိုလည်း ရိုက်နှက်နှိပ်စက်ကာ ငွေတောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။ “လောင်းကစားဝိုင်းတွေက နေ့တိုင်းလိုလို မြို့ပြင်မှာရှိတယ်၊ ကြက်ဝိုင်းတွေ လေးကောင်ဂျင်ဝိုင်းတွေ ဖဲဝိုင်းတွေ တစ်ဝိုင်းကို [ဆက်လက်ဖတ်ရှုရန်]