ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု ဥပဒေမဲ့ ချိပ်ပိတ်လိုက်တဲ့နေအိမ် အလုံး ၅၀၀ ကျော်ရှိပြီ

အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ ချိပ်ပိတ်လိုက်တဲ့ နေအိမ် အလုံး ၅၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ AAPP က လက်လှမ်းမီသမျှ ကောက်ယူထားတဲ့စာရင်းတွေအရ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ နေအိမ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်ကိုရီးယားကို နျူလက်နက်နဲ့ တိုက်ခိုက်နိုင်တယ်လို့ မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကို ဆန့်ကျင်ပေမယ့် တောင်ကိုရီးယားဘက်က စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ပါက ဒါမှမဟုတ် ကြိုတင်ထိုးနှက်မှု ပြုလုပ်မယ်ဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့တွေက တိုက်ခိုက်သွားမယ်လို့ ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ဧပြီလ ၅ရက်နေ့က သတိပေးလိုက်ပါတယ်။ ပြုံယမ်းအထိ ပစ်ခတ်နိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ် ငါးတင်းကြီးရွာမှာ အိမ်ခြေ ၂၅၀ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ငါးတင်းကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက ဧပြီလ ၃ ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မနက် ၉ နာရီတစ်ကြိမ်၊ နေ့လယ် ၁ နာရီ တစ်ကြိမ် နှစ်ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-ပြည်ကားလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရန်ကုန် – ပြည် ကားလမ်းပါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဒေသခံPDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဂုံမင်းမြောင်ကျေးရွာ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှေ့မှာ ရန်ကုန် – ပြည် ကားလမ်းပေါ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက် စစ်အုပ်စု ပြုလုပ်မယ့် သင်္ကြန်ပွဲ မပါဝင်ဖို့ မြိုင်ညသပိတ် ပြုလုပ်

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ ပြည်သူလူထုတို့ ပူးပေါင်းပြီး မနေ့က ဧပြီလ ၄ ရက်နေ့မှာ “တော်လှန်သင်္ကြန် ဆင်နွှဲကြ ဖက်ဆစ်သွေးနဲ့ ခြေဆေးကြ” စာတန်းကိုင်ဆောင်ပြီး ညသပိတ် ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် သင်္ကြန်ပွဲတွေမှာ ပြည်သူတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကြာအင်းရဲစခန်းကိုထားပြီး စစ်သား နဲ့ ရဲတွေ ထွက်ပြေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းရွာ ရဲစခန်းကို ဒီနေ့ နေ့လည်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်တွေနဲ့တကွ သိမ်းယူနိုင်ခဲ့ပြီး ရဲစခန်းက ရဲတွေအပြင် ရဲစခန်းဘေးက စာသင်ကျောင်းမှာ တပ်ချနေတဲ့ စစ်သား ၂၀ ကျော်လည်း ထွက်ပြေးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်-မြဝတီလမ်းပိုင်းပေါ် ကား ၃ စီးမီးရှို့ခံရ

ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်း၊ဆိပ်ဖူးတောင်ကြောမှာ ကား ၃ စီး မီးရှို့ခံရတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်း တပ်တို့ တိုက်ပွဲ ဖြစ်နေချိန် ခရီးသည်တင်မှန်လုံအမြန်ယာဉ်တစ်စီး အပါအဝင် ကား၃စီး မီးရှို့ခံရကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေး ချီတက် ဆန္ဒပြ

ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း က ဦးဆောင်ပြီး ထောင်တွင်း ဆန္ဒပြခဲ့တဲ့ မုံရွာ အကျဉ်းသားများနဲ့ အတူရပ်တည်ကြောင်း၊ ထောင်တွင်း အကြမ်းဖတ်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ခန်းကြီးအထွက်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ပခန်းကြီးအထွက်မှာ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေပြီး ဒဏ်ရာရသူတွေလည်းများကြောင်း သိရပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်သား၊ ရဲနဲ့ပျူစောထီးတို့ကို ပခန်းကြီးအထွက်မှာ မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဆုံးထိတိုက်မယ့် ငါတို့မြိုင် “စာသားကိုင်ဆောင်” ညသပိတ်ပြုလုပ်

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနဲ့ ပြည်သူလူထု ပူးပေါင်းပြီး မနေ့က ဧပြီလ ၃ ရက်နေ့ညက “အဆုံးထိတိုက်မယ့် ငါတို့မြိုင်´´ ၊ “၈/သွေးတွေ ရဲရဲနီ စည်းလုံးမှုဖြင့် ချီတက်မည်´´ စတဲ့ စာသားကိုင်ဆောင်ပြီး ညသပိတ်စစ်ကြောင်း [ဆက်လက်ဖတ်ရှုရန်]