ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်း-ကလေးဝလမ်းမှာ အိမ်စီးကား တစ်စီး မိုင်းထိပြီး အရပ်သား၆ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသ မင်းကင်းနဲ့ ကလေးဝကြားကားလမ်းမှာ အိမ်စီးကားတစ်စီး ဒီကနေ့မှာ မိုင်းနင်းမိလို့ ယာဥ်ပေါ်ပါလာတဲ့ အရပ်သား ၇ဦးအနက် ၆ဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံ မီဒီယာ Zalen က ဖော်ပြချက်အရ သိရပါတယ်။ ဧပြီ ၅ရက် နေ့လည် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမြို့ ကဒုံဧရာကမ်းခြေမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့ စီစဉ်နေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာရှိတဲ့ 528 Beach Resortမှာ လမ်းလျှောက်သင်္ကြန်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 beach resort ပိုင်ရှင်တို့ ပူးပေါင်းကာ ကဒုံဧရာကမ်းခြေမှာ အခုလို လမ်းလျှောက် သင်္ကြန်ဖွင့်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဒဂုံက ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင် အမျိုးသမီးတစ်ဦးကို မနေ့က ဧပြီ ၄ရက်မှာ အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်အနီး အနီးကပ် ပစ်ခတ်သွားခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဧပြီ ၄ ရက် ည [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရဲတမန်ကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီးလင်မယား ရှင်းလင်းခံရ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုကျေးရွာအုပ်စု ရဲတမန်ကျေးရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး လင်မယားကို သာယာဝတီ PDFက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၅ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းသားခေါင်းဆောင် ကိုခန့်သူအောင် ထောင်တွင်းမှာ ရိုက်နှက်နှိပ်စက်ခံရလို့ အချိန်မီဆေးကုသဖို့ လိုအပ်နေ

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂ(YUESU) ဥက္ကဌ ကိုခန့်သူအောင်ဟာ အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ အပြင်းအထန် ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် အချိန်မှီဆေးကုသမှုတွေ လိုအပ်နေတယ်လို့ YUESU က ထုတ်ပြန်ပါတယ်။ မတ်လ ၃၁ရက်က ပုဒ်မ ၅၀၅(က)နဲ့ ထောင်သုံးနှစ်ချခံလိုက်ရတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လိုင်ဇာမြို့အနီးကို စစ်အုပ်စုက စစ်ကြောင်းထိုးလာ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ The 74 Media ကဖော်ပြထားပါတယ်။ မနေ့က ဧပြီလ ၄ရက်နေ့ မနက်ပိုင်းကစတင်ပြီး အကြမ်းဖက်စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဥက္ကလာပမှာ မီးလောင်မှုဖြစ်လို့ လူနေအိမ်ဆယ်လုံးထက်မနည်းပျက်ဆီး

ဒီကနေ့ မနက်ပိုင်းက ​ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ ၅ရက် မနက် ၉နာရီကျော်လောက်က မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ ၁၄လမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုန်းနှဲ၊ သက္ကလနဲ့ ကဝမြို့ အထက်တန်းကျောင်းတွေနားမှာ ဗုံးပေါက်ကွဲ

ပဲခူးတိုင်း ကဝမြို့နယ်အတွင်းရှိ အုန်းနှဲ၊သက္ကလနဲ့ကဝမြို့တို့က တက္ကသိုလ်ဝင်စာမေးပွဲ ပြုလုပ်နေတဲ့အထက်တန်းကျောင်းတွေ အနီးမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ အုန်းနှဲကျောင်းရှေ့မှာ ဒီမနက် ၁၁နာရီလောက်က စစ်အုပ်စုပြုလုပ်တဲ့ တက္ကသိုလ် ဝင်စာမေးပွဲဖြေနေတုန်းမှာ အသံကျယ်လောင်တဲ့ ဗုံးပေါက်ကွဲခဲ့ရာမြေကြီးပါ တုန်သွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာKawaInformation ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူကို ဒုက္ခပေးနေတယ်ဆိုတဲ့ ကြို့ပင်ကောက်အုပ်ကြီးနဲ့ဇနီးကို ရှင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်၊ ရဲတမန်ရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦးနဲ့ ဇနီးတို့ဟာ ကျေးရွာပြည်သူတွေအပေါ် ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်နေခြင်း၊ ကျေးရွာက တက်ကြွလှုပ်ရှားလူငယ်တွေကို PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘန့်ဘွေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ဘန့်ဘွေးရွာကို စစ်ကူထွက်လာတဲ့ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]