ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကောင်စီနဲ့ PDF ပူးပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ ဖမ်းဆီးခံထားရသူတဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ရာက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူတဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ “သူတို့ဖမ်းထားတဲ့ ပြည်သူတစ်ယောက်က မျက်နှာကို သဘက်တွေနဲ့ စည်းထားတာ၊ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အဲ့ပြည်သူက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာက နေအိမ်သုံးလုံးကို စစ်တပ်နဲ့ပျူစောထီးက မီးရှို့၊ ပြောင်းရိတ်နေသူတွေကိုပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်ဘက်က ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေက ဒီဇင်ဘာ (၁၂) ရက်မှာ ရောက်လာပြီး ရွာအစွန်က နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးကာ လယ်ကွင်းထဲ ပြောင်းရိတ်နေသူတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တပတ်အတွင်း တော်လှန်ရေးလူငယ်တွေအပါအဝင် သုံးဆယ်ကျော်အဖမ်းခံရ

အခုဒီဇင်ဘာ ဒုတိယပတ်ထဲမှာ ရန်ကုန်တော်လှန်ရေး အဖွဲ့အစည်းက လူငယ်တချို့နဲ့ အရပ်သားလူငယ် အယောက် ၃၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ ရန်ကုန်တော်လှန်ရေး အင်အားစုတွေကထုတ်ပြန်လာပါတယ်။ ‘’အဖမ်းခံရတာတော့ အဖွဲ့အစည်းအစုံပဲ၊ အများစုကတော့ ယူဂျီ (မြို့ပြပြောက်ကျား) လူငယ်တွေလည်းပါတယ်။ သပိတ်အဖွဲ့ကဆိုပြီး စွပ်စွဲခံရပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီက သင်္ဘောသားနိုင်ငံကူးလက်မှတ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ပေးနေ

သင်္ဘောသား နိူင်ငံကူးလက်မှတ်တွေကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပုံမှန်တန်းစီစနစ်မဟုတ်ဘဲ ဦးစားပေး၊ သီးသန့်အစီအစဥ်အနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ဆီက သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူဦးရေ အများအပြား တိုးလာတာကြောင့် နိုင်ငံကူးလက်မှတ်လုပ်သူအများစု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော် PDF အဖွဲ့ဝင် ကိုဖုန်းမြတ်ကို အဖမ်းခံရပြီး နှစ်ရက်အကြာ စစ်ကြောရေးမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဖုန်းမြတ်ကိုဟာ ဒီဇင်ဘာ ၁ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ၂ ရက်အကြာမှာ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ အသက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇင်းကျိုက်ရဲစခန်းက ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ သုံးဆယ်နီးပါးဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် သုံးရက်အတွင်း ဒေသခံ သုံးဆယ် နီးပါးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေ၊ ပေါင်မြို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းမောင်ကိုကိုနဲ့ ရဲတပ်သားခိုင်ဇော်ဦးတို့ဟာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ထိုင်း-မြန်မာ နယ်စပ် မြစ်ရေယဉ်ကြောမှာ စီးမျောနေတဲ့ တရုတ်မြေအောက်လောက 

“ထိုင်းနဲ့ မြန်မာတို့ ဆိုတာက ရေလမ်းကြောင်းတစ်ခုလောက် ပိုင်းခြားထားရုံသာရှိပြီး သိပ်ကို ရင်းနှီး ကျွမ်းဝင်တဲ့၊ နီးကပ်တဲ့ အိမ်နီးချင်းတွေပါ”လို့ ဟောင်ကောင် အခြေစိုက် Yatai International Holding Groupက Facebook ဗီဒီယို တစ်ခုမှာ တဖွဲ့တနွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရပ်သားသေဆုံးမှုနဲ့ တော်လှန်ရေးအင်အားစုတွေ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ ယာယီသမ္မတတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အရပ်သားသေကြေမှုတွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစု တပ်ဖွဲ့ဝင်တွေ အကျအဆုံးနည်းနိုင်သမျှနည်းရေးကို အဓိက လုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းကို ဒီဇင်ဘာ (၁၃) ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးခံခဲ့ရတဲ့ ကလေးမြို့တောင်ပိုင်းကျေးရွာတွေမှာ စပါးအထွက်နှုန်းလျော့ပြီး စိုက်ခင်းတွေပိုးကျ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ အခုနှစ်ထဲ စပါးအထွက်နှုန်းတွေ အလွန်လျော့ကျနေတဲ့အပြင် ပဲခင်းတွေလည်း ပိုးကျနေတာကြောင့် ဒေသခံတွေ ဆုံးရှုံးမှုတွေများပြီးကျပ်တည်းနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ တင်သားကျေးရွာ၊ မှန်တောရွာ၊ ရှားဖိုရွာ၊ ကျောက်ဖူးရွာနဲ့ အရှေ့စည်း စတဲ့ရွာတွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက zeus ဘားကို မြို့ပြပြောက်ကျားတွေ ဖောက်ခွဲ

မန္တလေးမြို့ ၅၅ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ zeus Bar ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကို အခွန်ပေးဆောင်ပြီး မူးယစ်ဆေးဝါးအသုံးပြုခွင့်ပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]