ဒေသအလိုက် သတင်းကဏ္ဍ

ရွာနန်းရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရွာနန်းကျေးရွာကို စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေးကို ပိုမိုထောက်ပံ့ပေးမယ့် Burma Act 2021 ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

နွေဦးတော်လှန်ရေးကို အထောက်အကူပြုမှု ပိုမိုအားကောင်းလာမယ့် Burma Act 2021 ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဧပြီ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ Burma Act of 2021 (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေ ၂၀၂၁) ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေယာဉ်တောင်ကြော တိုက်ပွဲအတွင်း စစ်အုပ်စုက ၂၀ ဦးထက်မနည်းသေ

မကွေးတိုင်း ငဖဲမြို့နယ် အနောက်ဘက် ရေယာဉ်တောင်ကြောပေါ်ကို အင်အား ၆၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ဦးမှုယူပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၀ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ People’s Revolution Allianceက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မရိုးခုံကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ဦးသေ

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့ ရိုးမပတ်လမ်းအတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့နယ် တည်သီးတောရွာမှာ ပျူစောထီးအဖွဲ့စုဝေးနေချိန် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာမှာ ပျူစောထီးအဖွဲ့တွေ စုဝေးနေချိန်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းဦးဆောင်တဲ့ ပကဖ ရွှေဘိုက သတင်း ထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၈နာရီလောက်က တည်သီးတောရွာမှာရှိတဲ့ ပျူခေါင်းဆောင်တွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ KIA တပ်မဟာ (၂) တပ်ရင်း ၂၇ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အင်အား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလုံမြို့နယ် YBS 56 ကင်းတဲအနီး ဗုံးပေါက်

ရန်ကုန်မြို့ အလုံမြို့နယ် YBS 56 ကင်းတဲအနီးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ ညနေ ၄နာရီ၁၅မိနစ်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ စစ်တပ်က အကြမ်းဖက်နေတာကြောင့် ပြည်သူတွေ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ သတိပေး

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း စစ်တပ်ဟာ စစ်ကြောင်းထိုးအကြမ်းဖက်နေတာကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံစိတ်ချရမယ့်နေရာတွေမှာသာနေထိုင်ကြဖို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဒီကနေ့သတင်းထုတ်ပြန်သတိပေးလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ  ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြက ာအကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် စားနပ်ရိက္ခာပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ပြည်သူချင်း စာနာထောက်ထားကူညီပေးကြဖို့ လည်းထုတ်ပြန်ပါတယ်။ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့ တစ်ကျော့ပြန်လူထုသပိတ် ပြောက်ကျားတပ်ဖွဲ့တွေ ဝန်းရံ #တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တစ်ကျော့ပြန်လူထုသပိတ်တိုက်ပွဲကို ဒီကနေ့ပြန်လည် စတင်လိုက်ပြီး မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။ ဒီနေ့မနက် ၉နာရီခွဲလောက်မှာတမူးမြို့(စစ်တပ်ကုန်းအနီး) စော်ဘွား(၅)ရပ်ကွက် အာရှလမ်းမကြီးပေါ် အင်အား၇၀ကျော်နဲ့ သပိတ်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ကြောင်း တမူးမြို့နေတက်ကြွလူငယ်တစ်ဦးကပြောပါတယ်။ ‘တမူးမြို့ထဲမှာ သပိတ်တိုက်ပွဲဖော်တာပါ။ဒလန်တွေ ပျူစောထီးတွေမတရားပေါတဲ့ စော်ဘွားရပ်ကွက်ဘက်ဗျ’လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာပမြို့နယ် KBZဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်က ကမ္ဘောဇဘဏ်ခွဲမှာ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီလောက်က တောင်ဥက္ကလာပမြို့နယ် ကမ္ဘောဇဘဏ်ခွဲကို အမည်မသိ အမျိုးသား၄ဦးက ကားတစ်စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]