နိုင်ငံရေး

တမူးမြို့ခံ လင်မယားနှစ်ဦးပစ်ခတ်ခံရပြီး ရက်သားကလေးငယ်အပါအဝင် သုံးဦးထိခိုက်၊ အသက်အ န္တရာယ်စိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ တမူးမြို့  နန်းဖာလုံရပ်ကွက် မီးသတ်ရုံးရှေ့က လက်ဘက်ရည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး ဒီကနေ့ ဒီဇင်ဘာ (၃၀)ရက် ညပိုင်းမှာ ပစ်ခတ်ခံရလို့ အဲ့ဒီလင်မယားနှစ်ဦးအပြင် ရက်သားကလေးငယ်ပါ ထိခိုက်ပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။  တမူးမြို့ခံ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးချစ်စမ်းမောင်နဲ့ ဇနီးဖြစ်သူတို့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့သံသယနဲ့အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ ထောင်ဆယ့်ငါးနှစ်အချခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းရွာမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦး အသတ်ခံရမှုမှာ သံသယ နဲ့ အဖမ်းခံ ထားရတဲ့ NLD ပါတီဝင် ၇ ဦး ကို ပုသိမ် ထောင်တွင်း တရားရုံးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။   လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့် လုံးခင်းမှာလက်နက်ကြီးကျလို့ ဒေသခံတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာအုပ်စုဆန်ခါကျေးရွာထဲကို ဒီကနေ့ဒီဇင်ဘာ ၃၀ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျလာလို့ ဒေသခံတဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ နေ့လယ် ၃နာရီလောက်မှာ လက်နက်ကြီးတလုံးကျလာတာဖြစ်ပြီးနေအိမ်တအိမ်နဲ့ ကက်သလစ် ဘုရားရှိခိုးကျောင်းဝင်းအတွင်းက မီးဖိုဆောင်ကိုထိမှန်ခဲ့တာလို့ဆိုပါတယ်။ ဒီအခြေအနေကြောင့် ကက်သလစ်ကျောင်းအတွင်းက မီးဖိုဆောင်အတွင်းမှာရှိတဲ့  လူ၅ဦး လက်နက်ကြီးထိမှန်ပြီး အသက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သီတဂူဆရာတော် ဘာသာရေးသွေးထိုးမှုလုပ်နေတယ်လို့ ဝေဖန်မှုတွေရှိနေ

မြတ်စွာဘုရားခရီးသွားချိန်တွေမှာ ရဟန္တာငါးရာ အမြဲခြံရံလိုက်ပါတာဟာ ဘုရားရဲ့လုံခြုံရေးအတွက်ဖြစ်ပြီး တခြားဘာသာရေးဂိုဏ်းတွေက  လုပ်ကြံမှုတွေရှိတာကြောင့်ဖြစ်တယ်လို့ ဟောပြောတဲ့ သီတဂူဆရာတော်ကို ဝေဖန်မှုတွေရှိနေပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့  သီတဂူဆရာတော်ရဲ့ ဟောပြောချက်ဟာ လက်ရှိနိုင်ငံရေး မတည် ငြိမ်တဲ့အခြေအနေမှာ ဘာသာရေးလှုံ့ဆော်မှုတခုအသွင်လည်းဖြစ်နေတယ်လို့ သံဃအဖွဲ့အစည်းတွေကဝေဖန် ထောက် ပြနေကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းလည်ပတ်မှုပြန်လုပ်နေတယ်လို့ဆို

အာဏာမသိမ်းခင်ထဲက လည်ပတ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားပြီလို့ဆိုထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းမှာစစ်ကောင်စီ တပ်သားတွေ ဝင်ရောက် တပ်စွဲ ထား ပြီးနောက်ပိုင်း ကြေးနီသန့်စင်မှုတချို့ပြုလုပ်နေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအင်အားစု တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်း အစိုးရရုံးတွေမှာ နှစ်သစ်ကူးပါဆယ်ဗုံးလက်မခံဖို့ သတိပေးတင်းကျပ်နေ

နှစ်သစ်ကူးကာလမှာ အစိုးရုံးတွေအနေနဲ့ ပါဆယ်ဗုံးတွေနဲ့ပတ်သက်ပြီး သတိရှိကြဖို့ စစ်ကောင်စီကလျို့ဝှက်ညွှန်ကြားချက်တစောင်ထွက်လာပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲက အစိုးရရုံးတွေအားလုံးမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   လာမယ့်နှစ်သစ်ကူးကာလမှာ နေပြည်တော်အပါအဝင် နိုင်ငံတဝန်းကအစိုးရရုံးတွေမှာစစ်ကောင်စီလက်အောက်ခံရုံးတွေကို ပါဆယ်ဗုံးနဲ့တိုက်ခိုက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၅ရက်ကစပြီးလျို့ဝှက်ညွှန်ကြားချက်တွေ စစ်ကောင်စီကထုတ်ပြန်နေတာလို့ဆိုပါတယ်။   ဒီညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်ကောင်စီကထောင်ပြောင်းရွှေ့

နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မနေ့က ဒီဇင်ဘာ (၃၀) ရက်နေ့လယ်ပိုင်းမှာ ကျိုက်မရော အကျဥ်းထောင်ကနေဒိုက်ဦးမြို့ကျိုက်စကောအကျဥ်းထောင်ကိုပြောင်းရွှေ့ခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ် သူတွေဆီကသိရပါတယ်။ “ဒေါက်တာအေးဇံကို ဒိုက်ဦးက ကျိုက်စကော အကျဥ်းထောင်ကိုရွေ့လိုက်ပြီ၊နောက်ဆုံးရွေးကောက်ပွဲအမှုအပြီးသတ်အမိန့်ချလိုက်တာဆိုတော့အမှုမရှိတော့လို့ထောင်​နေရာပြောင်းလိုက်တယ်”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တဦးကပြောပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းတောင်ခြမ်းရွာတွေကို စစ်တပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနဲ့အ နောက်ခြမ်းကျေးရွာတွေက နေအိမ်ထောင်ချီ မီးရှို့ထားတဲ့ စစ်တပ်ဟာ အခုလကုန်ပိုင်းအတွင်း မြို့တောင်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုး ဝင် ရောက်မီးရှို့ခဲ့ပြီးသားရွာတွေကို နောက်ထပ် စစ် ကြောင်းထိုးကာအရင်ကမီးမသင့်ခဲ့တဲ့အိမ်တွေကိုပါ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဧရာဝတီတိုင်းထဲက ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲလာ

အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှ၊ ဥရောပနိုင်ငံတချို့ကိုတင်ပို့ရောင်းချနေတဲ့  ဂဏန်းအရေပျော့ ရောင်းဝယ်ရေးလုပ်ငန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စည်စီးဆင်းမှုနှောင့်နှေးတာတွေကြောင့်ပြည်ပဈေးကွက်မရှိသလောက်ဖြစ်လာပြီး ရပ်တည်ဖို့ခက်ခဲလာတယ်လို့ဧရာဝတီတိုင်းထဲကဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကုန်စည်ပို့ဆောင်ရာမှာ ကြန့်ကြာပြီး စစ်ဆေးမှုတွေကြား ဂိတ်ကြေးတွေ အဆမတန်ပေးနေရတာတွေ အထွေထွေဝန်ဆောင်စရိတ်ကြီးမြင့်တာတွေကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ခက်လာပြီး  ပြည်ပဈေးကွက်မှာယူမှုတွေလျော့ကျသွားသလို ရပ်တည်ဖို့လည်းခက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။  “ပြည်တွင်းဈေးကွက် [ဆက်လက်ဖတ်ရှုရန်]