အားကစားကဏ္ဍ

နောက်ဆုံးပွဲ ရလဒ်နဲ့ အုပ်စုဗိုလ် ဖြစ်လာတဲ့ တော့တင်ဟမ်နဲ့ ချန်ပီယံလိဂ် အုပ်စုအပိတ်ပွဲစဉ် ရလဒ်များ 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ပထမနေ့ ယှဉ်ပြိုင်ကြရာမှာတော့ လီဗာပူးလ်၊ ဘိုင်ယန်နဲ့ တော့တင်ဟမ် အသင်းတွေ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ လီဗာပူးလ်၊ ဘိုင်ယန်တို့အတွက် အခုပွဲစဉ်တွေက ရင်ခုန်စရာ မကောင်းတော့ပေမယ့် တော့တင်ဟမ်ကတော့ အုပ်စုနောက်ဆုံးပွဲကို အဆုံးအဖြတ် ဗိုလ်လုပွဲလို ကစားပြီးမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်မြို့မှာ PDF တပ်ဖွဲ့ဝင် တဦးနဲ့ ပြည်သူခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ဆို

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခေတ္တနေထိုင်တဲ့ စခန်း(နေအိမ်)တစ်ခု ဝင်ရောက် စီးနင်းခံရပြီးနောက် PDF တစ်ဦးနဲ့ ပြည်သူခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စု ကော့ကံ(အလယ်ရွာ)က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ခေတ္တနေထိုင်တဲ့ နေအိမ်(စခန်း)တစ်ခုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းက ပျူစောထီးစခန်းတခုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရှဲနဲ့သေမသောက်ရွာတွေက ပျူစောထီးစခန်းတခုကို ဒီကနေ့ နိုဝင်ဘာ (၁)ရက်မနက်ပိုင်းက စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ငါးဦးသေပြီး လက်နက်သုံးလက်ရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ S.R.Fပြန်ကြားရေးတာဝန်ခံ က DNA ကိုပြောပါတယ်။ “ဒေသတွင်းက ပျူစောထီးထဲဝင်ထားတဲ့သူတွေ နေတဲ့စခန်းပါ၊ စခန်းသိမ်းတဲ့အခြေအနေမျိုးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG နဲ့ မကွေးတိုင်းအခြေစိုက် PRA(မကွေး) တပ်ဖွဲ့တို့ စစ်ရေး၊အုပ်ချုပ်ရေး ပူးပေါင်းဖို့သဘောတူ

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မကွေးတိုင်းအတွင်း အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန် တိုက်ခိုက် နေ တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA(မကွေး)တို့ စစ်ရေး၊အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ရဲစခန်းနားရပ်ထားတဲ့အချုပ်ကား လက်လုပ်ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က အမှတ် (၁၁) ရဲစခန်းနားရပ်ထားတဲ့အချုပ်ကားကို ဒီကနေ့ နိုဝင် ဘာ (၁)ရက်မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ် ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သုံးဦးထိခိုက်ခဲ့တယ်လို့ မျက်မြင်မြို့ခံတဦးက DNA ကိုပြောပါတယ်။ “ဖြစ်ဖြစ်ချင်းက(စစ်ကောင်စီက) တွေ့တဲ့လူပစ်တာ၊ မှားဖမ်းတာတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး၊ အောင်မြေသာစံမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနဲ့ ၈၈ လမ်းထောင့်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ စစ်ကားနဲ့ ရဲကားသုံးစီးကို Generation Z Power အဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ အမျိုးသားတစ်ဦးကို စစ်တပ်က နေအိမ်မှာလာရောက်ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ သီရိမြိုင် (၂) လမ်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ (၃၁) ရက် ညသန်းခေါင်အချိန် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “တိုက်ပေါ်ကိုတက်စစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီစစ်သား သုံးယောက်သေ

ကလေးမြို့တောင်ဘက် နည်းပညာ တက္ကသိုလ် အနီးမှာ PDF Kalay မိုင်းအဖွဲ့က အောက်တိုဘာလ (၃၁) ရက်နေ့မနက်ဆယ်နာရီဝန်းကျင်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ” ရဲဘော်တွေက မိုင်းကိုလမ်းဘေးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမြို့နယ် ကျားခဲရွာကို စစ်ကောင်စီ စစ်ကြောင်းကမီးရှို့

ထီးလင်းမြို့နယ်ကျားခဲရွာကို စစ်ကောင်စီစစ် ကြောင်းက ဒီကနေ့နိုဝင်ဘာ (၁) ရက် မနက် ခြောက်နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” စစ်​ကြောင်းက မနေ့ညကအဲ့ရွာမှာအိပ်တာ၊ မနက်ထမီးရှို့တာ၊ ခုထိလောင်နေတုန်းပါ၊ စစ်ကြောင်းကတော့ထွက်သွားပြီလို့ကြားတယ်ဗျ” လို့ ထီးလင်းဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရေပေးဝေမှု စနစ်ကို ရုရှားဒုံးကျည်တွေ ဖျက်ဆီးလိုက်လို့ ကိယက်ဗ်မြို့ခံတွေ ရေဘုံဘိုင်မှာ တန်းစီနေရ 

ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်က ဒေသခံတွေဟာ ရေဘုံဘိုင် (ရေတုံကင်)​တွေမှာ တန်းစီပြီး ရေခပ်ရတဲ့ အခြေအနေထိ ကြုံနေရကြောင်း သိရပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဟာ ကိယက်ဗ် အပါအဝင် ယူကရိန်းက မြို့ကြီးတချို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]