ဒေသအလိုက် သတင်းကဏ္ဍ

အိန္ဒိယဘက်က လက်နက်တွေသယ်လာတဲ့ စစ်ယာဉ်တန်း တမူးမြို့အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရ

အိန္ဒိယဘက်က ပေးတဲ့ စစ်လက်နက်ဆက်စပ်ပစ္စည်းတွေလို့ ယူဆရတဲ့အရာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ တမူးမြို့ နန်းမွန်း တံတားနားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမျိုးသားနေ့အထိမ်းအမှတ် ကလေးမြို့က ဟောပြောပွဲသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံကျောင်းသားလူငယ်တွေပူးပေါင်းပြီး (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နို၀င်ဘာ(၁၇) ရက်ဒီကနေ့မှာ ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြုပ်ကြ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲသပိတ်ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အမျိုးသားနေ့မတိုင်မီရက်ပိုင်းအလိုကတည်းက အမျိုးသားအောင်ပွဲ နေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွှတ်တော်အမတ်တဦး၊အလွတ်သတင်းထောက်တဦးအပါအဝင် ပြည်အကျဉ်းထောင်က အကျဉ်းသား သုံးဆယ်ကျော် ပြန်လွတ်

စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ပြန်လွှတ်ပေးရာမှာ ပြည်အကျဉ်း ထောင်ကနေ NLDပါတီဝင် တိုင်းလွှတ်တော်အမတ်တဦး၊အလွတ်သတင်းထောက်တဦးအပါအဝင် (၃၂) ဦး ပြန် လွတ်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ပြည်အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရယ်ရေးရာ – အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

သို့ /   ကိုမြတ်သူငြိမ်းရေ…. ။   ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာကဏ္ဍမှာ ၊ ကိုမြတ်သူငြိမ်း မေးမြန်းထားတဲ့ ပေးစာကို DNA အယ်ဒီတာအဖွဲ့ ပြန်စာ အဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါကြောင်း….။   DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွတ်ငြိမ်းခွင့်ကို မျှော်ကြသူများ

စစ်ကောင်စီက အကျဉ်းသား ၆၀၀၀နီးပါးကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာလွှတ်ပေးမယ်လို့ကြေညာပြီးတဲ့နောက် အကျဉ်းကျခံနေရသူတွေရဲ့မိသားစုဝင်တွေဟာ ဒီကနေ့ မနက် ၆နာရီလောက်ကစပြီး ညနေ ၆ နာရီထိုးကာနီး အချိန်အထိ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ဘီယာဆိုင်မှာ ဘိလိယက်ထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးနှစ်ဦးသေ

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ဘီယာဆိုင်မှာ ဘီယာသောက်ရင်း ဘိလိယက်ထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နေ့လယ်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က နှစ်ဦးသေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ” ဘိလိယက်ထိုးတဲ့ထဲမှာ မြောက်စည်းစခန်းမှူးရောပါတယ်လို့ကြားတယ်၊ ဝင်ပစ်တော့ စခန်းမှူးရောကျန်တဲ့လူတွေရော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာနဲ့ မြင်းခြံထောင်က ကျောင်းသားခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်လာ

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မုံရွာသပိတ်ကော်မတီက တကသကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုရွှေဝင့်အောင်၊ ကိုရှင်းသန့်တို့နဲ့အတူ ဗသသအဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်နဲ့ ကိုနေဦးတို့ဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ မြင်းခြံအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဇော်သူရိန်ထွန်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ ပြန်လွတ်မြောက်လာ

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးနဲ့ စာရေးဆရာမောင်သာချိုနဲ့ NLD ပါတီထဲက ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဒေါက်တာမျိုးညွှန့်နဲ့ ဦးကျော်ဟိုးတို့လည်းပြန်လွတ်မြောက်လာပါတယ်။ ပြန်လွတ်မြောက်လာလာချင်းမှာပဲ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက မြန်မာပြည်သူတွေနဲ့ အတူတူရှိကြောင်းပြောဆိုခဲ့ပါတယ်။ NLD [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့မှာ အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အဖြစ် ဆန္ဒပြ

အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်မြောက်အထိမ်း အမှတ်အဖြစ် ဒီကနေ့ နိုဝင်ဘာ (၁၇)ရက်၊ မနက် ပိုင်းက ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ စုပေါင်းပြီး ရန်ကုန်မြို့တစ်နေရာမှာ သပိတ်မှာက် ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြမှုကို လှိုင်သာယာမြို့နယ်(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး “အမျိုး သားခွပ်ဒေါင်းအလံတော်အား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မဇ္ဈိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်ပြန်လွတ်မြောက်ပြီး သတင်းသမားတချို့စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာပါလာနိုင်

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်တဲ့ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာမဇ္ဈိမသတင်းဌာနက အယ်ဒီတာကိုသန်းထိုက်အောင်ပါဝင်လာပြီးသတင်းသမားတချို့လည်း လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မဇ္ဈိမသတင်းဌာနက အယ်ဒီတာကိုသန်းထိုက်အောင်ကိုတော့ပြီးခဲ့တဲ့ ၂၀၂၁ မတ်လကတည်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ NLD ပါတီ နာယက ဦးဝင်းထိန် ရုံးထုတ်ကို [ဆက်လက်ဖတ်ရှုရန်]