ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား ၄ဦးကို ဖမ်းဆီးထား

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား လေးယောက်ကို ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရွာလယ်ပိုင်းက ကိုမင်းဆက်နိုင်နဲ့ဇနီးဖြစ်သူ မမျိုးမျိုးဝင်း၊ကန်ရွာတောင်ပိုင်းက ဦးလှပို၊ဦးထွန်းအေးတို့ဖြစ်တယ်လို့ ကန်ရွာဒေသခံတွေက DNAကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမှာ စစ်ကားတစ်စီး RPG နဲ့အပစ်ခံရ၊၁၅ဦးထက်မနည်းသေတယ်လို့ပြော

စစ်ကိုင်တိုင်း၊ကသာမြို့နယ်အတွင်း စစ်ကားတစ်စီး RPG နဲ့ အပစ်ခံရပြီး ၁၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ၉ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ်လောက်က ကသာမြို့နယ်၊ပင်းမလွတ်ရွာကနေထွက်လာတဲ့ စစ်ကား၃စီး ၈မိုင်အရောက် ကသာခရိုင် PDFရင်း-(၁)အထူးတပ်ခွဲက လမ်းဘေးနှစ်ဖက်ကနေ RPG၂လက်နဲ့ ညှပ်ထုခဲ့ရာ ကားတစ်စီးကို ညှပ်မှန်ခဲ့ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂ရက်တာကန့်ဘလူတိုက်ပွဲ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်များနိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ၂ရက်တာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်များ နိုင်တယ်လို့ သိရပါတယ်။ ကန့်ဘလူမြို့နယ် ၊ကိုးတောင်ဘို့ဒေသ၊အလယ်ခုံရွာအနီးမှာ ဇွန်လ၈ရက်နေ့က အကြမ်းဖက်စစ်ကြောင်းကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ကူညီဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်တပ်နဲ့ပျူစောထီးတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်ဆီရရှိတဲ့ အချက်အလက်မလုံလောက်တာကြောင့် ကိုဗစ်ဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးဘူးလို့ WHO ပြော

တရုတ်နိုင်ငံဆီက ကိုဗစ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ပျောက်ဆုံးနေတာကြောင့် ရောဂါဇစ်မြစ်နဲ့ ပတ်သတ်ပြီး နောက်ဆုံး စုံစမ်းစစ်ဆေးမှုဟာ ခိုင်လုံမှုမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန်လ ၉ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  ဒါဟာ ကပ်ရောဂါဘယ်လိုစဖြစ်လာသလဲဆိုတာ အဖြေထုတ်ဖို့ WHOရဲ့နှစ်ချီကြိုးပမ်းချက်ကို အချည်းအနှီးဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။  ရရှိနိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ကုလလူ့အခွင့်အရေးကောင်စီမှာ ချက် ကြိုးပမ်းမယ်

ဂျီနီဗာမြို့မှာ မကြာမီကျင်းပတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီအရေး ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်အောင် အားတက်သရောကြိုးပမ်းသွားမယ်လို့ ချက်နိုင်ငံခြားရေးဒုဝန်ကြီးကပြောကြားလိုက် ပါတယ်။ ဇွန်လ ၉ ရက်နေ့ ၊ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်ဟာ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို တိုးချဲ့နေပြီး ကုလရဲ့စောင့်ကြည့်ကင်မရာတွေကို ပိတ်ပစ်

အီရန်ဟာ သူ့ရဲ့မြေအောက်ယူရေနီယံသန့်စင်မှုကို ထပ်မံချဲ့ထွင်ပြီး ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေး ကင်မရာနှစ်လုံးကို ပိတ်ပစ်မယ်လို့ ဇွန်လ ၈ ရက်နေ့မှာ ပြောပါတယ်။   ၃၅ နိုင်ငံပါဝင်တဲ့ နျူကလီးယားစောင့်ကြည့်ရေးဘုတ်အဖွဲ့ဟာ တီဟီရန်အစိုးရအပေါ် ဝေဖန်တဲ့ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုလိုက်ချိန်မှာ အီရန်က အခုလိုပြောလိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းသူကြီးသား အသတ်ခံရမှု​ကြောင့် ဒေသခံ ၃၀နီးပါး အဖမ်းခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခွား​လေးကျွန်းရွာက ရာဇူဒိုင်အင်းသူကြီးရဲ့သား နိုင်ဦး ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က တစ်ပါတ်အတွင်း ဒေသခံ ၃၀ နီးပါးအဖမ်းခံထားရတယ်လို့ သိရပါတယ်။ ပန်းပင်စုရွာနဲ့ ခွားလေးကျွန်းရွာက ဒေသခံတွေဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူအများစုဟာ NLD ပါတီဝင်တွေ နဲ့ ပါတီကိုဝန်းရံထောက်ခံသူတွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းသူကြီးသား အသတ်ခံရမှု​ကြောင့် ဒေသခံ ၃၀နီးပါးအဖမ်းခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခွား​လေးကျွန်းရွာက ရာဇူဒိုင်အင်းသူကြီးရဲ့သား နိုင်ဦး ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က တစ်ပါတ်အတွင်း ဒေသခံ ၃၀ နီးပါးအဖမ်းခံထားရတယ်လို့ သိရပါတယ်။ ပန်းပင်စုရွာနဲ့ ခွားလေးကျွန်းရွာက ဒေသခံတွေဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူအများစုဟာ  NLD ပါတီဝင်တွေ နဲ့ ပါတီကိုဝန်းရံထောက်ခံသူတွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြို ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တွေ သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ် ၊ လုံခြုံရေးစခန်းကို ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် အဖွဲ့က သူတို့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်နဲ့ဒလ၊ ဆိပ်ကြီးခနောင် သင်္ဘောဆိပ် ၊သမ္ဗန်ဆိပ်အားလုံးကို အကြမ်းဖက်စစ်တပ်က ပိတ်ထား

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရေယာဥ်တွေ ရန်ကုန်မြစ်အတွင်း ကင်းလှည့်နေပြီး ရန်ကုန်နဲ့ဒလ၊ ဆိပ်ကြီးခနောင်ဘက်ကို သွားလာမယ့် သမ္ဗန်ဆိပ်အားလုံးကို ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ ချယ်ရီသင်္ဘော အပါအဝင် ဘယ်စက်လှေကိုမှအကြမ်းဖက်စစ်တပ်က ဖြတ်သန်းခွင့်မပြုတဲ့အတွက် နှစ်ဖက်သွားလာမယ့် ခရီးသွားပြည်သူတွေဟာ သင်္ဘာဆိပ်နဲ့ သမ္ဗန်ဆိပ်တွေမှာ [ဆက်လက်ဖတ်ရှုရန်]