ဒေသအလိုက် သတင်းကဏ္ဍ

တုံရွာသစ်မှာ အကြမ်းဖက်စစ်အုပ်စု မြေမြုပ်ခဲ့တဲ့ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ တုံရွာသစ်မှာ အကြမ်းဖပ်စစ်အုပ်စုက သတ်ဖြတ်ပြီး မြေမြုပ်ထားခဲ့တဲ့ ဒေသခံရုပ်အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကဇွန်လ ၂၇ ရက် ညနေ ၆ နာရီအချိန်က ကျေးရွာအတွင်း အပုတ်နံ့ရတာကြောင့် ကျေးရွာသားတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးလာတဲ့တပ် မိုင်းဆွဲခံရပြီး လေးဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေ၊ ၄ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင် PDF ကထုတ်ပြန်ပါတယ်။ ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီထိုးခါနီးမှာ မြိုင်မြို့နယ်၊နယ်သတ်ရွာအနီး ခန့်မှန်းအင်အား ၃၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ PDF အပါအဝင် အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အတွက်အင်အား အများအပြားနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါ သပိတ်စစ်ကြောင်းမှာ ဆန္ဒပြပြည်သူတွေ လုံခြုံရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက် ဥက္ကဌဟောင်းကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခေါ်ဆောင်

ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်ရဲ့ ဥက္ကဌဟောင်းဦးကျော်စောနိုင် (ခ) ဦးအဲပြားကို အကြမ်းဖက် စစ်အုပ်စုတပ်က ဇွန် ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဦးကျော်စောနိုင် (ခ) ဦးအဲပြားကို ရပ်ကွက်အတွင်းက အမှတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမှာ ကျပ်သိန်း ၂၀၀ လောက်တန်တဲ့ Ice တစ်တုံး PDF တွေ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ အိမ်တစ်အိမ်ကနေ ကျပ်သိန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ Ice တစ်တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးစစ်ဆေးရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားကိုပံ့ပိုးတယ်ဆိုတဲ့ တရုတ်ကုမ္ပဏီ ၅ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

 ရုရှား စစ်ဘက်နဲ့ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းကို ပံ့ပိုးကူညီခဲ့တယ်လို့ဆိုတဲ့ တရုတ်ကုမ္ပဏီ ၅ခုကို  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်တဲ့အစိုးရအဖွဲ့က ဇွန်လ ၂၈ရက်နေ့မှာ ကုန်သွယ်မှုဆိုင်ရာ အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ရုရှားမှာဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ထောက်ပံ့ဖို့ စာချုပ်ချုပ်ဆိုထားတာပါ။ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းစောရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ကြိုတင်ခြိမ်းခြောက်ကာစစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ကေအဲန်ယူသထုံခရိုင်၊ တပ်မဟာ ၁ က ထုတ်ပြန်ပါတယ်။ မင်းစောရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ BGF တပ် နဲ့ KNLA, [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလင်းဝင်မယ့် စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ ချီးမြှင့်မယ်

အလင်းဝင်ချင်တဲ့ စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ နဲ့အတူကြိုဆိုပြီး ပြည်သူ့ရင်ခွင်နဲ့ပါ ချိတ်ဆက်ပေး မယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်မှုကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ဝက်လက်အခြေခံပညာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသူ မသွန်းနံ့သာရဲ့ မိခင်ကိုဓားစားခံအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထင်ကြေးနဲ့ ဖမ်းဆီးခံရတဲ့ ဖောင်းပြင်ဒေသခံ ၇ ဦး စစ်ကြောရေးမှာ ကျဆုံးခဲ့ပြီလို့ သတင်းထွက်ပေါ်

ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊အောက်တောင်းရွာသား ၇ ဦး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးစခန်းမှာ ကျဆုံးသွားပြီလို့ သတင်းထွက်ပေါ်လာကြောင်း ဖောင်းပြင် PDF က ဆိုပါတယ်။ အောက်တောင်းရွာရဲကင်းစခန်းကို ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဖောင်းပြင် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ကြီးရွာတွေထဲ အကြမ်းဖက်စစ်တပ် လက်နက်ကြီးနဲ့ပစ်၊ ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရ

ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းရှိရွာတွေထဲကို အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊အဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိ ခိုက်ပျက်စီးခဲ့ကာ ကျေးရွာ(၁၂)ရွာက လူဦးရေ ၁၀၅၂၆ ဦးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကေအဲန်ယူနဲ့ ဒေသအဖွဲ့အစည်းတွေပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးနေကြောင်း [ဆက်လက်ဖတ်ရှုရန်]