ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကားတစ်စီး မိုင်းထိ

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ပျက်စီးသွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့ကွန်ပျူတာကျောင်းကနေ ထွက်လာတဲ့စစ်ကားကြီး၃စီးဟာ ဆားလင်းကြီးမြို့နယ် စမ္မာယ်အိမ်ယာအနီးအရောက် ချင်းတွင်းရိုးမနဲ့ မဟာမိတ်တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား တစ်စီးတည့်တည့်မိုင်းထိမှန်ခဲ့ကာ သေဆုံးထိခိုက်အခြေအနေကို မသိရသေးဘူးလို့ ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ ‘မနက်စောစောစီးစီးဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း၁၂ ဦး သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဆွေးနွေး

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဥက္ကဋ္ဌနဲ့အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မေ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ နဲ့ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့အဖွဲ့တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPH ကသတင်းထုတ်ပြန်တာပါ။ အဲဒီတွေ့ဆုံမှုမှာ စစ်ဘေးရှောင်ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တွံတေးမြို့မှာ စစ်အုပ်စု သတင်းပေးဆိုသူ တစ်ဦး အပစ်ခံရ

ရန်ကုန်တိုင်း တွံတေးမြို့ ကမ်းနားနာရီစင်အနီးမှာ အကြမ်းဖက် စစ်အုပ်စုကို သတင်းပေးနေသူလို့ဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မြဂိုးကျေးရွာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့မှာ စစ်အုပ်စုက ရမ်းကားနေတာကြောင့် ညမထွက်ဖို့ PDF တွေ သတိပေး

တနင်္သာရီတိုင်း လောင်းလုံးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ ပျူစောထီးတွေဟာ ပြည်သူတွေကို လမ်းမပေါ်မှာတင် သတ်ဖြတ်တာအပြင် နေအိမ်တွေအတွင်းပါ ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ည၈နာရီကနေ မနက် ၄ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြဖို့ PDF တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငွေသိန်း၂ထောင်ကျော်တင်လာတဲ့ UABဘဏ်ကားကို ဒါရိုက်ဘာက မောင်းယူထွက်ပြေး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ယူနိုက်တက်အမရာဘဏ် UABမှာ ကားဒါရိုက်ဘာက ငွေလွှဲသိန်း ၂ထောင်ကျော် တင်ဆောင်လာတဲ့ ဘဏ်ပိုင်ကားတစ်စီးကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဒီကနေ့ မေလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ ကုမ္ပဏီတစ်ခုမှ မြိတ်မြို့ကို ငွေကျပ် ၂၁၉၅သိန်းလွှဲဖို့ရှိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေး၊ ရှားဖိုရွာကို လေကြောင်းပစ်ကူနဲ့ဝင်စီးပြီးနောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာလူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ မေ၃ရက်နေ့၊ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများလာတဲ့ အကြမ်းဖက်တပ်ဟာ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီနောက်ညနေ (၃) နာရီလောက် မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကိုရီးယားက ချီးမြင့်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ

ထိုင်း – မြန်မာ နယ်စပ်က မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင်ဟာ တောင်ကိုရီးယားနိုင်ငံက ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် Gwangju Prize for Human Right (ဂွမ်ဂျူးလူ့အခွင့်အရေးဆု)ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေး၊ ရှားဖိုရွာဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ မနားတမ်း ပစ်ခတ်ခဲ့

အကြမ်းဖက်စစ်တပ်က အထိနာနေတဲ့ စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာဝန်းကျင်ကို စစ်သုံး ရဟတ်ယာဉ် ၂ စီးနဲ့ မနားတမ်းပစ်ခတ်ခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ လာရောက်တိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပြီးနောက် ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ယာယီသမ္မတပြော

အာဏာရှင် စစ်အုပ်စုနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဆက်လက်ပြီး ယာယီသမ္မတက [ဆက်လက်ဖတ်ရှုရန်]