ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ KNUထုတ်ပြန်

KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ တပ်မဟာ(၁) ၊(၃)၊ (၄)၊ (၅)ထိန်းချုပ်နယ်မြေတွေအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNUဗဟိုက ဒီကနေ့ မေလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ်တွေဟာ နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၇နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကဝမြို့အဝင် ဂိတ်စောင့်စစ်သားတွေ ဆိုင်ကယ်လိုင်စင်မပါရင် ငွေလေးသောင်းအထိ တောင်းရမ်းနေ

ပဲခူးတိုင်း၊ ကဝမြို့အဝင်ဂိတ်မှာ အကြမ်းဖက်စစ်သားတွေက ဆိုင်ကယ်လိုင်စင်မပါတဲ့သူတွေကို ကျပ်လေးသောင်းအထိခြိမ်းခြောက်တောင်းရမ်းနေတယ်လို့ သိရပါတယ်။ ကဝမြို့အဝင်နဲ့ မြို့ရှောင်လမ်းဂွဆုံမှာရှိတဲ့ အဲဒီစစ်ဆေးရေး ဂိတ်မှာ ဂိတ်စောင့်စစ်သားတွေကပြီးခဲ့တဲ့ ၅ ရက်လောက်ကစပြီး ဆိုင်ကယ်လိုင်စင် မပါတဲ့သူတွေကို ဆိုင်ကယ်အမျိုးအစားအလိုက် ကျပ် ၃၀၀၀၊ ၅၀၀၀ နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး-ပခုက္ကူလမ်းပိုင်းတွေကို ယာယီပိတ်ထား

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ် ယာယီပိတ်ထားလိုက်တယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၉ရက်နေ့ ညနေ၃နာရီခွဲလောက်က စတင်ကာ အရေးပေါ် ယာယီပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လမ်းပိုင်းကို လုံးဝ မသုံးမပြုဖို့နဲ့ လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင်မြို့ ရာဇူဒိုင်အင်းသူကြီးရဲ့သား ရှင်းလင်းခံရ

ဧရာဝတီတိုင်း မအူပင်မြို့နယ် ခွာလေးကျွန်း ရာဇူဒိုင်အင်းမှာ အင်းသူကြီးရဲ့ သားဖြစ်သူကို ကိုနိုင်ဦးကို အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မေလ ၂၈ ရက်နေ့ ညပိုင်းမှာ အမည်မသိအဖွဲ့တစ်ခုက စက်လှေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး စစ်အုပ်စု၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ အာဆီယံကို ကန်တိုက်တွန်

အာဆီယံအနေနဲ့ မြန်မာ့အရေးကို အကြမ်းဖက်စစ်အုပ်စု၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ မေလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ Michael Heath က အဲဒီလိုပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။ အာဆီယံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေနံ့သာစစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ ရိုဟင်ဂျာအ​​ယောက် ၁၀၀ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာ ၁၀၄ဦးကို စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်က အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မေလ ၂၇ရက်နေ့ ညနေပိုင်းမှာ ဂွမြို့နယ်ဘက်ကနေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေကို စစ်အုပ်စု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြောက်နယ် ရောက်လာတဲ့တပ် လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အရာတော်မြောက်နယ်၊ဟင်္သာကျေးရွာနဲ့ လိန်လှ‌ကျေးရွာ အနီးရောက်ရှိလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်ပို့စ်က ထုတ်ပြန်ပါတယ်။ ဒေသခံတွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲအင်း လွယ်ပန်းစုံကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် (ကရင်နီ) နယ်စပ်အကြား မိုးဗြဲအင်းအနီးမှာရှိတဲ့ လွယ်ပန်းစုံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၉ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်နဲ့ရုရှားကန့်ကွက်လို့ မြန်မာ့အရေး လုံခြုံရေးကောင်စီ ကြေညာချက် မထွက်

တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအတွက် ဗြိတိန်နိုင်ငံက ဦးဆောင်ပြုစုခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲက အသုံးအနှုန်းတွေကို တရုတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]