ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီ) နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်အုပ်စုက သေဆုံးသူများပြားခဲ့ပြီး ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖယ်ခုံတပ်ရင်း၂က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီ​လောက်က စတင်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမြို့နယ်အတွင်း စစ်အုပ်စုက အင်အားတိုးချဲ့နေ

ကချင်ပြည်နယ် ကသာမြို့အထက်ပိုင်းကို စစ်အုပ်စုက အင်အား ၃၀၀ကျော်နဲ့ အင်အားတိုးချဲ့နေတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၈ရက်နေ့မှာ သင်္ဘော ၃စီးနဲ့ ရောက်ရှိလာပြီး ကသာမြို့နယ် အင်းရွာကို လက်နက်ကြီးတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်းမှာ ကြားကာလပညာသင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ထိရှိလာ

စစ်ကိုင်းတိုင်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကြားကာလပညသင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ သခင်ပညာရေးဦးဆောင်အဖွဲ့တွေဆီက သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေချိန်အတွင်း ကျောင်းသား ကျောင်းသူတွေ စာသင်ခန်းတွေထဲ ပြန်ရောက်ဖို့ ၂နှစ်ကျော်ကြာ ကင်းကွာနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သွေးသောက်ဖွဲ့စည်းရေး ဆွေးနွေးနေစဉ် တိုက်ခိုက်ခံရပြီး ၃ဦးသေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာက အုပ်ချုပ်ရေးမှူးအိမ်မှာ သွေးသောက်အဖွဲ့၊ဖွဲ့စည်းရေးဆွေးနွေး နေစဉ် ဒေသတွင်း PDF တွေက တိုက်ခိုက်ခဲ့ရာ ၃ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။ အောက်ညဉ့်ရွာအုပ်ချုပ်ရေးမှူး စန်းရွှေ ရဲ့နေအိမ်မှာ ပျူစောထီး ၈ ယောက်ပူးပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂၀၂၂ခုနှစ်လေးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း၄၀၀ကျော်ဝင်ရောက်

၂၀၂၂ ခုနှစ် ပထမလေးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။ ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ နီးပါး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းနဲ့ ကန်လမ်းထောင့်မှာရှိတဲ့ လျှပ်စစ်ရုံးအတွင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၉နာရီကျော်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၈မိုင်အနီး ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စုက လမ်းပိတ်ဆို့ စစ်ဆေးနေ

စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိရာ ရန်ကုန်မြို့ ၈မိုင်အနီးမှာ ဗုံးပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ အနီးဝန်းကျင်ကို ရောက်ရှိနေသူတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီလောက်မှာ စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာပွဲကိုသွားတဲ့ ကားတစ်စီးကို စစ်အုပ်စုက ပစ်ခတ်လို့ ဆေးကျောင်းသားတစ်ဦးကျည်ထိမှန်

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာကားလမ်း မြင်းမူမြို့အနီးမှာ မင်္ဂလာပွဲတစ်ခုကို သွားရောက်တဲ့ မိသားစုတစ်စုရဲ့ ကားကို စစ်အုပ်စုက ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မော်တော်ယာဉ်ပေါ် လိုက်ပါလာသူ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့တယ်လို့ စစ်ကိုင်းမြို့ သတင်းမှန်က ဖော်ပြထားပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းငယ်ကြောင့် မော်လမြိုင်မြို့မှာ သစ်ပင်တွေလဲပြီး အဆောက်အအုံအချို့ ပျက်စီး

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မုတ္တမကမ်းလွန်အနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ မေလ ၂၀ရက်နေ့ နေ့လည် ၂နာရီခန့်မှ စတင်ကာ မော်လမြိုင်မြို့မှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေ လမ်းမီးတိုင်တွေပြိုလဲခဲ့ပြီး အဆောက်အအုံအချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဥ့်ကူးမြို့နယ် ရွှေပြည်ရဲကင်းအတိုက်ခံရပြီး စခန်းမှူးအပါအဝင် ၃ဦးသေ

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ စစ်အုပ်စုရဲ့ ရွှေပြည်ရွာ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် အနည်းဆုံး ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၁နာရီလောက်မှာ [ဆက်လက်ဖတ်ရှုရန်]