နိုင်ငံရေး

မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းပြည်သူတွေရဲ့ ဒုက္ခကို ပိုခံစားနိုင်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြေ

အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခကို ပိုမိုနားလည်ခံစားနိုင်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ကျင်းပတဲ့ ကုလအထွေထွေညီလာခံရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုအရေး ပေါ်အခြေအနေဆိုင်ရာအထူးအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ် ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦး အပစ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ညောင်ပင်ကုန်းအနီး အေးမြသာယာရပ်ကွက်က စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦးကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ၂ရက်နေ့ ညနေ ၄နာရီခန့်မှာ အေးမြသာယာရပ်ကွက် အပိုင်း(၁) တိုးချဲ့ရပ်ကွက် ဆယ်အိမ်မှူး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံး ဗုံးပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာမြို့သစ်မှာရှိတဲ့ စစ်အုပ်စုရဲ့ သတင်းပေး ဒလန်လို့ နာမည်ကြီးနေသူတစ်ဦးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ၆နာရီ ၄၅မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက်ရုံး ဗုံးပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်န့ မနက် ၄နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု-ဧရာဗေဒါ(ကျိုက်လတ်) နဲ့ ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကိုကူညီထောက်ပံ့ဖို့ လစာထဲကလှူမယ့် ထိုင်ဝမ်သမ္မတ

ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးအတွက် လစာတလစာ လှူဒါန်းသွားမယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပြောလိုက်ပါတယ်။ ဒုတိယသမ္မတ William Lai နဲ့ ၀န်ကြီးချုပ် Su Tseng-chang တို့ကလည်း သူတို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆီမီးခုံဆိပ်ကမ်းမှာ တင့်ကားပါ စစ်အုပ်စုရဲ့ သင်္ဘောအတိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချဆိုက်ကပ်ထားတဲ့ တင့်ကားပါ စစ်အုပ်စု သင်္ဘောကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူသားဒိုင်းအဖြစ် အသုံးချမခံရအောင် စစ်အုပ်စုကို ဝေးဝေးကရှောင်လို့ သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လူသားဒိုင်းအဖြစ် အသုံးမခံရဖို့ စစ်အုပ်စုကို ဝေးဝေးကရှောင်တိမ်းနေကြပါလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ မတ်လ ၂ရက်နေ့မှစတင်ကာ ညနေ ၆နာရီကနေ မနက်၆နာရီအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဗုံးပစ်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ၁၁၇ ကျန်စစ်သားလမ်းထောင့်မှာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ ၄နာရီခွဲခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒုတ်ထစ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိတဲ့ ဒုတ်ထစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက်ပိုင်းမှစတင်ကာ ရမ်ထလိုကျေးရွာနဲ့ ဒုတ်ထစ်ကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒုတ်ထစ်ကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပသမဂ္ဂက ယူကရိန်း စစ်ဘေးရှောင်တွေကို အကာကွယ်ပေးမယ်လို့ ကြေညာ

ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ ရုရှားကျူးကျော်မှုကြောင့် ထွက်ပြေးလာရသူတွေအတွက် ယာယီအကာအကွယ်တွေ ပေးအပ်နိုင်ဖို့ တစ်ဆင့်မြှင့်လုပ်ဆောင်သွားမယ်လို့ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။ ဥရောပသမဂ္ဂကော်မရှင်က မတ်လ ၂ ရက်နေ့ ကြေညာချက်မှာ ယူကရိန်း စစ်ဘေးရှောင် ရွှေ့ပြောင်းလာသူတွေအတွက် ယာယီနေထိုင်မှု ခွင့်ပြုချက်တွေနဲ့ အဖွဲ့ဝင် [ဆက်လက်ဖတ်ရှုရန်]