နိုင်ငံတကာရေးရာ

ရုရှားတပ်တွေတိုက်ခိုက်လို့ ယူကရိန်းနျူကလီးယားစက်ရုံ မီးလောင်

ဒီနေ့မနက်အစောပိုင်းက ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ Zaporizhzhia နျူကလီးယားစက်ရုံ မီးလောင်ခဲ့တယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီနျူကလီးယားစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပါက ချာနိုဘိုင်းထက် ၁၀ဆပိုဆိုးတဲ့ ဘေးအန္တရယ်ဖြစ်နိုင်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ယူကရိန်းတနိုင်ငံလုံးကိုပေးနေတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF- Senthang ရဲ့ ပထမအကြိမ် ကွန်မန်ဒိုသင်တန်းဆင်းပွဲ

ပထမအကြိမ် Senthang Commando သင်တန်းကိုမတ်လ၂ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းChinland Defense Force Senthang (CDF- Senthang)က ဒီကနေ့ထုတ်ပြန်ပါတယ်။

နိုင်ငံတကာရေးရာ

ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ရုရှားကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ တောင်ကိုရီးယား ဆေးကုမ္ပဏီ အခက်တွေ့

ယူကရိန်းအရေး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုများပြားလာတဲ့နောက် ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေး စပွတ်နစ်ကို ထုတ်လုပ်ပေးရတဲ့ တောင်ကိုရီးယားဆေးကုမ္ပဏီတစ်ခုဟာ လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ အခက်တွေ့လာရပါတယ်။ ဆိုးလ်မြို့အခြေစိုက် GL Rapha ကုမ္ပဏီရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ကမ်ဂျီယောင်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မရှိမဖြစ်ဆေးဝါးထုတ်လုပ်မှုတွေအပေါ် သက်ရောက်မှုရှိမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာပြည်သူ အနည်းဆုံး ၄ သန်းကို ရိက္ခာတိုးမြှင့် ကူညီမယ်လို့ ကုလပြေ

၂၀၂၂ ခုနှစ်အတွင်း မြန်မာပြည်သူ အနည်းဆုံး ၄ သန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကို တိုးမြှင့်ကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ပြောပါတယ်။ အခုအခါ စိန်ခေါ်မှုအမျိုးမျိုးတွေရဲ့ကြား လူ ၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆွမ်ပီယန်ကျေးရွာ တပ်စခန်းကို စစ်အုပ်စုက ပြန်လည်တိုက်ခိုက်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအနီးမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAက သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်အုပ်စုက ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ၃ရက်နေ့ ညနေ ၅နာရီခန့်က စတင်ကာ စစ်အုပ်စုက ဆွမ်ပီယန်ကျေးရွာအဝင်ကနေ လက်နက်ကြီးတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာတိုက်ပွဲအတွင်း စစ်အုပ်စုက ၄ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၃ရက်နေ့ မနက်၈နာရီခန့်မှာ မှတ်တိုင်ကျေးရွာ တာဝါတိုင်အနီးကနေ မြို့လှမြို့ဘက်ကို အင်အား ၇၀ခန့်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မှာ လွှတ်တော်ကိုယ်စားလှယ်၂ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်အတွင်းမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထူးတရားရုံးက လွှတ်တော်ကိုယ်စားလှယ် ၂ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက သိရပါတယ်။ ဒီကနေ့ မတ်လ ၃ရက်နေ့မှာ သာပေါင်းမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပေးထား

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောင်းကစားဝိုင်းတစ်ခုကို တစ်ပတ်မှာ လိုင်းကြေး သိန်း၃၀ခန့်ထိ ရယူပြီး သိလ္လာကျေးရွာအုပ်စု ဇလပ်ကွင်းကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာတွေမှာ အနီထောင်၊လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ တစ်ရက်တည်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနှစ်လောင်းတွေ့

မန္တလေးမြို့မှာ ဒီကနေ့ မတ်လ ၃ရက်နေ့ တစ်ရက်တည်းမှာပဲ ပိုင်ရှင်မဲ့ အမျိုးသား ၂ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈နာရီ၃၀မိနစ်ခန့်မှာ အရှေ့မြို့ပတ်လမ်းနဲ့ ရေတံခွန်တောင် ဂေါက်ကွင်းသွားလမ်းဆုံမှာ လက်ပြန်ကြိုးတုန်ခံထားရပြီး ယာဘက်မျက်လုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့ပေါ်ကပြည်သူတွေကို ၂ရက်ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က ပြည်သူတွေကို ၂ရက်ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ၁ရက်နေ့ညပိုင်းက ဒီပဲယင်းမြို့ရဲစခန်းကို ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၇ဦးသေဆုံးပြီးနောက် ဆက်တိုက်ဆိုသလို နေ့ခင်းပိုင်းတွေမှာ မြို့ပေါ်ရပ်ကွက်တွေ ထဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပါတယ်။ ‘ရဲစခန်းလက်နက်ကြီးနဲ့အထုခံရတာ ရပ်ကွက်တွေနဲ့ဆိုင်တယ်၊ဘယ်သူတွေလုပ်တာလဲဆိုပြီး ရပ်ကွက်ထဲက [ဆက်လက်ဖတ်ရှုရန်]