နိုင်ငံရေး

ကြသောင်းဆိပ် BGFစခန်းကို KNLA တပ်မဟာ (၁)နဲ့ PDFပူးပေါင်းတပ်ဖွဲ့က သိမ်းယူ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာအုပ်စု ကြသောင်းဆိပ်ကျေးရွာမှာရှိတဲ့ BGF ၁၀၁၃ တပ်စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KNUဗဟိုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ လက်နက်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင် ဖောက်ခွဲခံရ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း မင်းဘူးမြို့နယ် ကုန်းသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ ဓာတ်အားပေးတာဝါတိုင် တစ်တိုင်ကို MSPDFရဲ့ ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖောက်ခွဲခဲ့တယ်လို့ MSPDFက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်း စစ်အုပ်စုရဲ့စစ်ကြောင်းတွေ ၂ကြိမ် မိုင်းဆွဲခံရပြီး ၆ဦးသေ

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၆ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိကာ ကားသုံးစီးလည်း ပျက်စီးသွားခဲ့တယ်လို့ PRAက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာရှင်တွေအတွက် အသက်ပေးမလား လက်နက်ချပြီး လူလိုသူလို ဆက်ဆံတာခံမလား

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာရှင်တွေအတွက် အသက်ပေးမလား လက်နက်ချပြီး လူလိုသူလို ဆက်ဆံတာခံမလားလို့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ People’s Embraceက စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ တပ်မတော်သားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီကနေ့ လေးကေကော်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းဆီးရမိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အုပ်စုက ထောင်ဝတ်စုံနဲ့ ရုံးထုတ်

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုရဲ့ နေပြည်တော်အထူးတရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့ ရုံးထုတ်မှာ ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၆ရက်နေ့က စစ်အုပ်စုရဲ့ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားပြည်နယ်(ကရင်နီ)တွင်း ဒီကနေ့တိုက်ပွဲတွေမှာ စစ်အုပ်စုက ၇ဦးသေ

၁၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် ၆မိုင်ကျေးရွာအုပ်စု ဝပ်လထွားကျေးရွာအတွင်းမှာ ကင်းပုန်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KAနဲ့ KNDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး အာရှလမ်းမှာ စစ်အုပ်စုကား မိုင်းထိ

၁၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု ပုလိန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ

၁၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ အနီးတစ်ဝိုက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ CDF-MINDAT ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီ၃၀မိနစ်ခန့်မှာ မယ်လယ်ကုန်းကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနဦးအချက်အလက်အရ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်အုပ်စုက ဆယ်နဲ့ချီသေဆုံး

၁၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့ မနက် ၁၁နာရီခန့်မှာ စတင်ပြီးအကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNAတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကယ်ဆယ်ရေး အထောက်အပံ့တွေ မပေးနိုင်အောင် အကြမ်းဖက်စစ်အုပ်စု ပိတ်ပင်နေတယ်လို့ HRW ထုတ်ပြန်

၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ သန်းနဲ့ချီတဲ့ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ အန္တရာယ် တွေရင်ဆိုင်နေရသူတွေ ဆီ လူသားချင်း စာနာ မှု ကယ်ဆယ်ရေးအထောက်အပံ့တွေ မပေးနိုင်အောင်အကြမ်းဖက်စစ်အုပ်စု က ပိတ်ပင်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch)က [ဆက်လက်ဖတ်ရှုရန်]