ဒေသအလိုက် သတင်းကဏ္ဍ

ရေးNLD ရုံး ဖောက်ခွဲဖျက်ဆီးခံရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊ရေးမြို့နယ် NLDရုံး ယမန်နေ့ ညနက်ပိုင်းအချိန်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။ ရေးမြို့အပြင်ဘက် မော်လမြိုင်သွားကားလမ်းဘေးမှာရှိတဲ့ ရေးမြို့နယ်NLDရုံးကို ၂၀၂၀ပြည့်နှစ်တုန်းကမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေ အပြင်မထွက်ရဲကြတဲ့ ညနက်ပိုင်းမှာ ဖောက်ခွဲခံရတာလို့ မွန် ပြည်နယ်အတွင်းရှိ ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဇာဗီရဲ့ စည်းကမ်းကို ပထမဆုံး ချိုးဖောက်ခဲ့တဲ့ဘာစီလိုနာကစားသမား ဒမ်ဘီလီ

  ၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။ ဇာဗီဟာ ဘာစီလိုနာအသင်းကို ရောက်ရှိလာပြီး နည်းပြတာဝန်ကိုလက်ခံပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် အလုံးစုံ တာဝန်ယူရပါတော့တယ်။ လက်ရှိကျပ်တည်းနေတဲ့ အသင်းဘဏ္ဍာရေးနဲ့ ရလဒ်ပိုင်း ရုန်းကန်နေရမှုတွေဟာ နည်းပြတစ်ယောက်အနေနဲ့ ရောက်လာတဲ့ ဇာဗီအတွက် စိန်ခေါ်မှုလို [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နော့ဝှစ်ချ်အသင်းရဲ့ နည်းပြနေရာအတွက် လမ်းပတ်ငြင်းဆိုခဲ့ပြီးနောက် ဗီလာနည်းပြဟောင်း ဒိန်းစမစ် ရေပန်းစားလာ

၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။ နော့ဝှစ်ချ်အသင်းဟာ လစ်လပ်နေတဲ့ သူတို့ရဲ့ နည်းပြနေရာအတွက် ချဲလ်ဆီးအသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်ကို ချိတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်တာခံခဲ့ရပါတယ်။  နည်းပြ ဒန်နီရယ်ဖာကီကို ထုတ်ပယ်လိုက်ပြီးနောက်မှာ နော့ဝှစ်ချ်အသင်းဟာ နည်းပြနေရာအတွက် လိုက်လံ ရှာဖွေခဲ့ပေမယ့် အသင်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မက်ဂွိုင်းယားရဲ့ အောင်ပွဲခံပုံကို ရှက်စရာကောင်းတဲ့ လုပ်ရပ်အဖြစ် ရွိုင်ကိန်းဝေဖန်

  ၁၃၊ နိုဝင်ဘာ၊ ၂၀၂၁။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားရဲ့ အောင်ပွဲခံပုံဟာ ရှက်စရာကောင်းတယ်လို့ မန်ယူဂန္ထဝင်ရွိုင်ကိန်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။  မက်ဂွိုင်းယားဟာ ပွဲကစားချိန် ၉ မိနစ်မှာ အင်္ဂလန်အသင်းအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာတစ်ဝန်း စစ်အုပ်စုချိတ်ပိတ်သိမ်းဆည်းတဲ့ အိမ်၇၀ကျော်ပြီ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ NUG၊ CRPH၊ PDFတို့နဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံတစ်ဝန်း ချိတ်ပိတ်ခံရတဲ့ အိမ် အလုံးရေ ၇၀နဲ့ အထက်ရှိနေပြီလို့ နေအိမ်ဆိုင်ရာ အချက်အလက်တွေ လေ့လာစုဆောင်းနေတဲ့ ကုမ္ပဏီတခုဆီက သိရပါတယ်။ အများပြည်သူပိုင်အိမ်နဲ့ပိုင်ဆိုင်မှုတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့မှာ ဒလန်လို့နာမည်ကြီးနေတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး အပစ်ခံရ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထားဝယ်မြို့ ပိုကျွန်းရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက် ဒလန်လုပ်နေတယ်ဆိုတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်သတင်းသမားကို ထောင်ဒဏ်၁၁နှစ်ချ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန်အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အမေရိကန်သတင်း သမား Denny Fenster ကို ထောင်ဒဏ်၁၁နှစ်ချလိုက်ပါတယ်။ Denny Fenster ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီကနေ့ စီရင်ချက်ချလိုက်တာပါ။ Denny [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည် မင်းကွက်ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မင်းကွက် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အသံဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခန့်မှာ ရပ်ကွက်ရုံးအနောက်လမ်း ရုံးမျက်နှာစာရှေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း ဒီနေ့ သင်္ဂြိုဟ်မယ်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မအူပင်မြို့ မြို့မရဲစခန်းက သူခိုးလို့စွပ်စွဲကာ ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁နာရီမှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့ စစ်ဆေးရေးဂိတ်ဗုံးပေါက် စစ်အုပ်စုဝင် ၄ဦးထက်မနည်းသေ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း မတ္တရာမြို့က မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာ မန္တလေး-မိုးကုတ်လမ်း မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]