နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ မိသားစုဝင်သုံးဦးသေဆုံး
အောက်တိုဘာ၊ ၁၉ တအာင်းတပ် TNLA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးလက်ရှိအထိ စစ်ကောင်စီလက်လွှတ်ထားရတဲ့နောင်ချိုမြို့ပေါ်ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးသွားတယ်လို့သိရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆီမီထွန်းပူဇော်လေ့ရှိတဲ့ သီ တင်းကျွတ်လပြည့်ညက ဗုံးကြဲမှုအပြီး သုံးရက်အတွင်းနှစ်ကြိမ်မြောက်အဖြစ် ဒီကနေ့မနက်ငါးနာရီကျော်အချိန်လေကြောင်းတိုက်ခိုက်မှုမှာ နောင်ချိုမြို့ တောင်ရပ်ကွက်ထဲက ဦးကျော်တို့မိသားစုနေအိမ်ပေါ်ကျရောက်ပေါက်ကွဲတာလို့ [ဆက်လက်ဖတ်ရှုရန်]