ဒေသအလိုက် သတင်းကဏ္ဍ

ကန်ကြီးထောင့်ရဲတွေ ငွေညှစ်ကြမ်းလို့ သုံးဘီးယာဥ်မောင်းတွေ အခက်တွေ့

ဒဏ်ကြေးလို့ဆိုကာ နှစ်သောင်းခွဲကနေ ငါးသောင်းအကြား ပေးနေရပြီး ပြစ်ချက်ရှိလို့ တရားရုံးမှာ ဒဏ်ကြေးပေးဆောင်ရသလိုမျိုးမဟုတ်ဘဲ ရဲစခန်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေကို ပေးနေရတာဖြစ်ပါတယ်။ ၁၃၊ ဇွန် ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့က ရဲတွေဟာ ခရီးသည်တင် သုံးဘီးယာဥ်(အိုးဝေ)တွေကို နယ်ကျော်မောင်းနှင်တယ်လို့အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေလို့ သုံးဘီးယာဥ်မောင်းတွေ အခက်ကြုံနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမတ ၃၄၄ကို လက်လွှတ်ရဖို့ နီးစပ်နေတဲ့ စစ်ကောင်စီ ကျုံပျော်မြို့မှာ ခံစစ်ပြင်ရပြီ

တော်လှန်ရေး အင်အားစုတွေဟာ အမတ ၃၄၄ ပင်မတပ်စခန်းကို ဝင်ရောက်မတိုက်မီ ကာကင်းစခန်းတွေကို အဆင့်ဆင့် စတင်ထိုးစစ်ဆင်ခဲ့တဲ့ မတ်လလောက်က စတင်ပြီး တပ်တွင်းမှာ စည်းလုံးမှု ပြိုကွဲနေတာကို တွေ့ရပါတယ်။ ၁၃ ၊ ဇွန်လ ။ မြစ်ဝကျွန်းပေါ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမှာ ဘိလပ်မြေဝယ်ရခက်နေဆဲဖြစ်ပြီး နာရေးအုတ်ဂူလုပ်ဖို့တောင် အခက်တွေ့

“ခုက နေဖို့ အိမ်ဆောက်ဖို့ ကို မပြောနဲ့  သေရင်တောင် အုတ်ဂူ အတွက် စရိတ်က ငါးဆကျော် မြင့်တက် သွားတယ် စစ်တပ်အာဏာ သိမ်း လိုက်လို့ သေရေး နေရေး ခက်တဲ့ ခေတ်ရောက် သွားတယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ဖြစ်နိုင်တဲ့ လေပွေလှိုင်း အားလျှော့လာ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုတ်သုန်လေ အလွန်အားကောင်းနေပေမယ့် လေဖိအားနည်းဖြစ်လာနိုင်တဲ့ လေပွေလှိုင်းဟာ အားကောင်းတဲ့ မုန်တိုင်းဖြစ်လာနိုင်ချေ မရှိတော့တာကြောင့် လတ်တလောမှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ ရေကြီးရေလျှံမှု မဖြစ်နိုင်သေးဘူးလို့ မိုးဇလပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။ “ မြစ်ရိုးတလျှောက်မှာရွာတဲ့မိုးက မိုးရာသီပုံမှန် မိုးအသင့်အတင့်ရွာတာလောက်ပဲ ရှိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျုံပျော်မြို့ပေါ် အခြေအနေ ထူးခြားမှု ရှိနေ။ အမတ ၃၄၄ က အမြောက်တွေ ခလရ ၃၆ ကို အရေးပေါ် ပြောင်းရွှေ့

“မနက်က ရောက်လာတယ် အမြောက်တွေ ၅ လက် လို့ ပြောတယ်။ ကားကြီး နှစ်စီးနဲ့ သယ်လာတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။ ၁၂၊ဇွန်လ။ ရေကြည်မြို့ မြောက်စမ်းရွာ အနီးက အမြောက် တပ် ၃၄၄ က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ထုတ် စဉ့်ငရုတ်ဆုံလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ စိန်ခေါ်မှုတွေ ရှိနေ

ပုသိမ်မြို့ စဉ့်အိုးဖိုအရပ်မှာ အရင်က မြေထည်၊ စဉ့်ထည်၊ အိုးလုပ်ငန်း အလုပ်ရုံပေါင်း ၄၀ နီးပါးရှိခဲ့ရာက အခုဆိုရင် အလုပ်ရုံ ၆ ရုံ ဝန်းကျင်သာ ရပ်တည်နိုင်တော့တဲ့ အတွက် ဈေးကွက် ဝယ်လိုအားနဲ့ ထုတ်လုပ်မှုက မမျှမတ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြစ်ဝကျွန်းပေါ်က လယ်သမားတချို့ အရှုံးများတဲ့ မိုးစပါးမစိုက်ဖို့ ဆုံးဖြတ်လာ

“မနှစ်ကဆိုရင် ပျိုးခင်းကို နှစ်ခါလောက် ထပ်ပျိုး ထောင်ရတယ်။ စရိတ်တွေ မတက်နိုင်ကြတော့ တရာသီ မစိုက်ဘဲ လွတ်ထားတဲ့လူတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။ ၁၀၊ဇွန်လ။ မအူပင် ၊ကျိုက်လတ်၊ ဘိုကလေးနဲ့ ညောင်တုန်းမြို့နယ်က လယ်သမားတချို့ဟာ ပြီးခဲ့တဲ့နှစ်က  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပတ်အတွင်း မိုးလေဝသ သတင်း မြစ်ဝကျွန်းပေါ် တခုလုံး မိုးများပြီး လေပြင်းတိုက်ခိုက်မှုတွေလည်း ရှိနိုင်

ဟိုင်းကြီးကျွန်း – ဒီရက်သတ္တပတ်လုံး မိုးများနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာတွေပါ ဖြစ်ပေါ်နိုင်ပါတယ်။ တပတ်လုံး နေ့ရောညပါ မိုးရွာသွန်းနိုင်ချေများတာကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေကို ဂရုစိုက်ဖို့လိုပါတယ်။ ၁၀၊ဇွန်လ။ ဒီရက်သတ္တပတ်မှာတော့ တတိုင်းလုံးနီးပါး တပတ်လုံး မိုးရွာသွန်းနိုင်ချေရှိပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘဲဂရက်ရွာသား တော်လှန်ရေးသမား

၁၀၊ဇွန်လ။ ဒီဘီဗွီရုပ်သံရဲ့ဒီဘိတ်အစီအစဉ်တခုမှာ အစီအစဉ် တင်ဆက်သူက “တိုင်းရင်းသားလူငယ်တွေလက် နက်ကိုင်နေတာ ပညာမတတ်လို့လား ဆင်းရဲလို့လား” လို့ ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်ကိုမေးပါတယ်။ ဆလိုင်းလျန်မှုန်းဆာခေါင်က “အဲဒါဆို စောဘဦးကြီးကြည့်ဗျာ သူ့အဖေကလယ်ဧကပေါင်းထောင် ချီပိုင်တယ် အင်္ဂလန်က ကိန်းဘရစ်တက္ကသိုလ်က ဥပဒေဘွဲ့ရတယ် [ဆက်လက်ဖတ်ရှုရန်]