ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းထဲက ကမ်းခြေတွေမှာ ဟိုတယ်ခန်းတွေသာမက တည်းခိုခန်းတွေမှာပါ ဘိုကင်ပြည့်နေ

ဧရာဝတီတိုင်းအတွင်း အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ သင်္ကြန်ပွဲတော် ပိတ်ရက်ကာလတွေအတွက် ဟိုတယ်ခန်းတွေသာမက တည်းခိုခန်းတွေမှာပါ ကြိုတင်အခန်းမှာယူထားကြသူတွေ ပြည့်နေပြီဖြစ်တယ်လို့ ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ သင်္ကြန်ပွဲတော်ရက်ဖြစ်တဲ့ ဧပြီလ ၁၃ ရက်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေ

အကြမ်းဖက် စစ်အုပ်စုနဲ့ PDF တပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်လောက်ဟာ နေစရာအမိုးအကာနဲ့အခြေခံစားသောက်ကုန်တွေ အရေးပေါ် လိုအပ်နေတယ်လို့ The 74 media က ဖော်ပြထားပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက္ကလမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတဦးကို ပြန်လွတ်ပေ

ပဲခူးတိုင်း၊ သက္ကလမြို့ပေါ် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတစ်ဦးကို မနေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဧပြီ ၅ ရက်နေ့၊ည ၁၀ နာရီလောက်မှာ သက္ကလမြို့ပေါ် စစ်အုပ်စု စီးနင်းလာတဲ့ကားကို ကဝ PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးဘူတာကြီးမှာ စစ်ကိုင်းကို ထောက်ပို့သွားမယ့် ရထားကို ဗုံးခွဲတိုက်ခိုက်

မန္တလေးဘူတာကြီးက‌နေ စစ်ကိုင်းတိုင်းကို ထောက်ပို့သွားမယ့် ရထားကို မန္တလေးမြို့ပြပျောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Ranger of Mandalay က သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ ၆ရက် ညနေ ၆ နာရီလောက်က Ranger of Mandalayက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မှာ သင်္ကြန်ဖြစ်မြောက်ရေး ရပ်ကွက်တွေထဲ ငွေတောင်းခံ

ပဲခူးတိုင်း၊ ပြည်မြို့မှာ အကြမ်းဖက်စစ်တပ် ပြုလုပ်မယ့်သင်္ကြန်အတွက် ငွေကြေးထည့်ဝင်ပေးကြဖို့ ရပ်ကွက် အတွင်း ငွေကြေးတတ်နိုင်တဲ့ အိမ်တွေကို စာပေးပို့နေကြောင်း သိရပါတယ်။ ပြည်မြို့၊ ရွာဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းငွေကြေးအဆင်ပြေတဲ့ အိမ်တွေထံ သင်္ကြန်ယိမ်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျပ်ငါးသောင်း ပံ့ပိုးပေးဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တီးတိန် မြို့နယ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းကို အမည်မသိ သေနတ်သမားတစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ မနေ့က ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှာ ထမင်းဆိုင်က ပြန်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွာနန်းရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရွာနန်းကျေးရွာကို စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေးကို ပိုမိုထောက်ပံ့ပေးမယ့် Burma Act 2021 ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

နွေဦးတော်လှန်ရေးကို အထောက်အကူပြုမှု ပိုမိုအားကောင်းလာမယ့် Burma Act 2021 ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဧပြီ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ Burma Act of 2021 (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေ ၂၀၂၁) ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေယာဉ်တောင်ကြော တိုက်ပွဲအတွင်း စစ်အုပ်စုက ၂၀ ဦးထက်မနည်းသေ

မကွေးတိုင်း ငဖဲမြို့နယ် အနောက်ဘက် ရေယာဉ်တောင်ကြောပေါ်ကို အင်အား ၆၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ဦးမှုယူပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၀ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ People’s Revolution Allianceက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မရိုးခုံကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ဦးသေ

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့ ရိုးမပတ်လမ်းအတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]