ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကုန်းပေါ်ကနေ အသာစီးပစ်ခတ်ခဲ့ရတဲ့ ကသာတိုက်ပွဲ စစ်သား ၁၀ ဦးထက်မနည်းသေ

တောင်ကုန်းပေါ်ကနေ အသာစီးပစ်ခတ်ခဲ့ရတဲ့ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲမှာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာပကဖ က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေဘိုကျေးရွာနဲ့ လောင်းတော်ဉီးဘုရားကြား တံခွန်တိုင် အခင်းစု အနီးမှာ ကသာခရိုင် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်နဲ့တကွ ပြည်သူ့ထံအလင်းဝင်လာသူတွေကို ဂုဏ်ပြုဆုငွေချီးမြင့်

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ကနေ ထွက်ခွာပြီး လက်နက်နဲ့တကွ ပြည်သူ့ထံအလင်းဝင်လာသူတွေအတွက် ဂုဏ်ပြုဆုငွေချီးမြင့်ပွဲကို ဇွန်လ ၈ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက်(၂)ခုနဲ့ အလင်းဝင်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်ပစ်လို့ တမူးမြို့အဝင်မှာ ဆိုင်ကယ်စီးအမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ တမူးမြို့အဝင်မှာ အကြမ်းဖက်စစ်သားတွေက ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ဇွန်လ ၁၀ ရက်နေ့ မနေ့ညက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “တမူးမှာ ညမထွက်ရ အမိန့်ထုတ်ထားတာမှန်ပါတယ်။ ဒါပေမယ့်သူတို့ပစ်သတ်တဲ့အချိန်က ၇ နာရီ ဝန်းကျင်ဗျာ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဆန္ဒပြသူတွေကို အကြမ်းဖက်စစ်အုပ်စုက နှစ်ဖက်ပိတ်ပစ်ခတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ မနေ့က ဇွန်လ(၁၀) ရက်နေ့ညနေပိုင်းက ကလေးမြို့ပင်မသပိတ် စစ်ကြောင်းက မြို့လယ် ဆိပ်ကမ်းသာတံတားပေါ်မှာ စာတမ်းချိတ်ဆွဲဆန္ဒပြနေချိန် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ “ပစ်ခတ်ခံရတာဟုတ်ပါတယ်ဗျ။ အတည်ပြုပါတယ်။ ၂နာရီနှင့် ၃နာရီကြားပေါ့။ ကျနော်တို့ တံတားပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် မိုင်းထိပြီး စစ်သား ၂ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် အကြမ်းဖက်စစ်သားနဲ့ပျူစောထီးတို့စီးလာတဲ့ အဖြူရောင် Hijet ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၉ နာရီခွဲလောက်က ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ကျီးကန်ရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါလာတဲ့ ၇ ဦးအနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမှာ စစ်သားတွေပါတဲ့ ၁၂ ဘီးကားမိုင်းထိ

စစ်ကိုင်းမြို့နယ်၊ သိမ်တော်ရွာအနီးမှာ အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ၁၂ ဘီးကား မိုင်းထိခဲ့ရာ ထိခိုက်မှုများတယ်လို့ သိရပါတယ်။ ဇွန် ၁၀ ရက်နေ့ည ၉ နာရီလောက်မှာ The Pantagram ငါးထောင့်ကြယ်နဲ့ အညာသားလေး SGG ညီနောင်မဟာမိတ် ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရွေးကောက်ပွဲ မဖြစ်မြောက်ရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်

အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲကို ဟန့်တားနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားသွားမယ် လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။ စစ်အုပ်စုက ၂၀၂၃ခုနှစ်ဩဂုတ်လမှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လုံးဝအသိအမှတ်မပြုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မနေ့ကထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။ ‘ကျွန်တော်တို့နဲ့အတူ ဆက်စပ်ဆောင်ရွက်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရှောင်အမြောက်အမြား ခိုလှုံနေတဲ့ရွာထဲ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျ၊ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ အမြောက်အမြား လာရောက်ခိုလှုံနေကြတဲ့ရွာထဲ အကြမ်းဖက်စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ၂ ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီး​မော့ဆိုမြို့နယ်၊ ​ဆောင်ဒူလာ​​ကျေးရွာအုပ်စုထဲက ​ရွာတစ်ရွာကို ငွေ​တောင်​အ​ခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင် အမျိုးသမီးစစ်သည်တော်တွေရဲ့လက်ရာ ချည်ထိုးအိတ်တွေကို ကျည်ဆန်ဝယ်ယူဖို့ ရောင်းချ

မိုင်းတွေထုတ်လုပ်နေတဲ့ မြောင်အမျိုးသမီးစစ်သည်တော်တွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ချည်ထိုးအိတ်တွေကို ကျည်ဆန်ဝယ်ယူနိုင်ရေးအတွက် မဲစနစ်နဲ့ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ အမျိုးသမီး စစ်သည်တော်တွေ ပြုလုပ်ထားတဲ့ Macramé Market Bag အဖြူ ၁ လုံး၊ Macramé Market Bag [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ်ကုန် ရောင်းတယ်ဆိုတဲ့ Club Barကို စမ်းချောင်း PDF က ဗုံးခွဲ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ပဒုမ္မာလမ်းမှာရှိတဲ့ Club Barကို PDF Sanchaungက ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၁၀ရက်၊ ညနေ ၆နာရီကျော်အချိန်မှာ စမ်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ထုတ်ကုန်တွေ ရောင်းချနေတာကြောင့်နဲ့ လာရောက်ပျော်ပါးနေကြသူတွေကိုလည်း သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာဖြစ်တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]