ဒေသအလိုက် သတင်းကဏ္ဍ

အောင်လံမြို့က နှစ်ရှည်အရိပ်ရသစ်ပင်ကြီးတွေကို ခုတ်လဲရောင်းချတာ မြို့ခံတွေမလိုလား

မကွေးတိုင်း၊ အောင်လံမြို့နယ်နိမိတ်ထဲက ပြည်-မန္တလေးကားလမ်းပေါ်က အရိပ်ရနှစ်ရှည် သစ်ပင်ကြီး တွေကို ခုတ်လဲပြီး ပျဉ်ထိုးရောင်းချနေတဲ့အပေါ် မလိုလားပေမယ့် စည်ပင်အရာရှိညွှန်ကြားချက်နဲ့ လုပ် တယ်ဆိုတာကြောင့် မပြောရဲကြဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “မြို့ကအပူပိုင်းဒေသလည်းဖြစ်တော့ နွေ မိုးဆောင်း ဒီအပင်ကြီးတွေအောက်မှာပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့ပေါ်ကနေအိမ်တအိမ်ကို ဓားပြတိုက်သူငါးဦး မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီး

တမူးမြို့၊ ဇမ္ဘူရတနာဘုန်းတော်ကြီးကျောင်းအနီးက နေအိမ်တအိမ်ကို စက်တင်ဘာ ၄ ရက် မနေ့ကညအချိန် ဓားပြဝင်တိုက်သူ ငါးဦးကို မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “တမူးမှာ ဓားပြမှုတွေက ခပ်စိပ်စိပ်ဖြစ်လာတော့ ဂေါ်ရခါးတွေကလည်း လူငယ်အဖွဲ့ဖွဲ့ထားပြီး ကင်းစောင့်ကြတာပေါ့၊ဘုန်းကြီးကျောင်းလမ်းထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က ရေမြောင်းကို ထိန်းချုပ်ထားလို့ ကလေးမြို့တောင်ပိုင်းမှာ လယ်မြေတချို့ ရေမရဖြစ်နေ

လယ်ယာမြေတွေထဲစီးဝင်မယ့် ရေမြောင်းကို စစ်တပ်က ထိန်းချုပ်တပ်စွဲလိုက်တာကြောင့် ကလေးမြို့ နယ် တောင်ပိုင်း တင်သားကျေးရွာအုပ်စုက လယ်မြေအများစုရေလိုအပ်နေပြီး ကောက်ပင်တွေ ရေမဝဖြစ်နေ တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ “ခုဟာက လယ်ထဲဖိနပ်တောင်စီးလို့ရတော့တာ”လို့ လယ်တွေ ရေမရဖြစ်နေတဲ့အခြေအနေကို တင်သား ကျေးရွာ အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့နယ်တချို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့

ရန်ကုန်ကမြို့နယ်တချို့မှာ စက်တင်ဘာ( ၄)ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့သလို့ သေနတ်ပစ်ခတ်သံတွေလည်း ထွက်ပေါ်ခဲ့တယ်လို့ ဖြစ်ပွားနေရာက ဒေသခံတွေက DNAကိုပြောပါတယ်။ ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်မှာ စက်တင်ဘာ ၄ရက် ည (၇)နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ တစ်ဦးကပြောပါတယ်။ “ကိုနိုင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုပ်ချုပ်ရေးမှူးက ဈေးမြေကို အကွက်ရိုက်ပြီးရောင်းနေလို့ ဈေးသည်တွေ အခက်တွေ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ၊ မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး က ဈေးသည်တွေကိုဖယ်ခိုင်းပြီး မြေနေရာကို အကွက်ရိုက် ရောင်းစားနေတဲ့အတွက် စျေးသည်တွေ အ ခက်တွေ့နေရတယ်လို့ သိရပါတယ်။ မြကန်သာရပ်ကွက် ဒိုဘီကုန်း စည်ပင်သာယာ ပျံကျဈေးက​ ဈေးသည်တွေကို ဖယ်ရှားခိုင်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ UN Prove Your Existence for Justice စာသား ချိတ်ဆွဲဆန္ဒပြ

ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက UN Prove Your Existence for Justice စာသား ချိတ်ဆွဲဆန္ဒပြခဲ့ကြတယ်လို့ အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာရှလမ်းမှာ ကုန်ကားသုံးစီးကို စစ်တပ်က မီးရှို့

မြဝတီ-ကော့ကရိတ် အကြား အာရှလမ်းမပေါ်မှာ စက်တင်ဘာလ ၃ ရက် မနေ့က ညနေ ၃ နာရီကျော်မှာ စစ်တပ်က ကုန်ကား (၃)စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ “သူတို့က ကားကိုတားပြီးတော့ ရပ်ခိုင်းတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က လယ်ဇင်မှာ ရွာသားတွေကို ဖမ်းပြီး ရွာထဲကပစ္စည်းတွေကို လုယက်

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ (၂)ရက်နေ့က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်က လယ်ဇင်ရွာကို ဝင်ရောက်ခဲ့ပြီး သူတို့ပြန်ထွက်သွားချိန်မှာ ရွာသားတွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေအပြင် ၊ ကားတွေ ၊ ရွှေတွေကိုပါ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ “တချို့အိမ်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့ထဲ PTT ဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့ဈေးကြီးမီးပွိုင့်အကျော်နားမှာရှိတဲ့ PTT ဓာတ်ဆီဆိုင်မှာ ဒီနေ့ မနက် ၁၁ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ “ခါတိုင်းဆို မြို့ပြင်မှာနေတော့ အသံကသိပ်မကြားရဘူး အခုရောက်နေတဲ့နေရာက ဗုံးကွဲတဲ့နေရာနဲ့ နီးနေလို့ အကျယ်ကြီးကြားလိုက်ရတာ” [ဆက်လက်ဖတ်ရှုရန်]