ဒေသအလိုက် သတင်းကဏ္ဍ

မဒါဂက်စကာ နိုင်ငံမှာ နှစ်ရှည်ထောင်ချခံထားရတဲ့ မြန်မာသင်္ဘောသားနှစ်ဦး ဒဏ်ကြေးနဲ့ လွတ်မြောက်ဖို့ ကြိုးပမ်းနေ

အိန္ဒိယ သမုဒ္ဒရာထဲက အရှေ့အာဖရိက နိုင်ငံတခုဖြစ်တဲ့ မဒါဂတ်စကာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မြန်မာသင်္ဘောသားနှစ်ဦးအတွက် ဒဏ်ကြေးဆောင်ပေးပြီး ပြန်လည်လွတ် မြောက်လာရေး ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချု ပ် (MSF) ဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့မှာ လူသိများတဲ့ ပျူစောထီးတဦး ပစ်သတ်ခံရ

တမူးမြို့၊ မြို့မ (၁၂) ရပ်ကွက်မှာ နေထိုင်ပြီး ပျူစောထီးအဖြစ် လူသိများတဲ့ ဦးဇော်မြင့်ကို ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက တမူးမြို့အရှေ့ပိုင်းက စျေးဆိုင်တဆိုင်အနီးမှာ အမည်မသိအဖွဲ့တဖွဲ့က ပစ် သတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တမူးမြို့အရှေ့ဘက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံက မြို့စွန်မြေကွက်တွေ ထုတ်ရောင်းမှုများလာ

မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်လို့ဆိုပြီး နေအိမ်သောင်းချီ ရှင်းလင်းဖယ်ရှားခံရပြီးနောက် မြို့စွန်ကမြေကွက်တွေကို ပြန်လည်ရောင်းထုတ်မှုတွေ များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မင်္ဂလာဒုံမြို့စွန်က အကွက်ရိုက်ထားတဲ့ တန်ဖိုးနည်း မြေကွက်တွေကို ပြန်လည်ရောင်းချတာတွေ ပိုပြီးတွေ့လာရတယ်လို့ သူတို့ကဆိုပါတယ်။ “နဂိုဝယ်ထားသူတွေက ကြောက်ပြီးပြန်ရောင်းထုတ်လာကြတာ၊ အချိန်မရွေး ကျူးကျော်ဆိုပြီးအသိမ်းခံရမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ် ညပိုင်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းကစပြီးစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကော့ကရိတ်မြိုနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာရက်သတ္တပတ်ကျော်အထိ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာလို့ လေကြောင်းက တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက မဲဇာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာက နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ Indaw Revolution -IR အဖွဲ့ တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်၊ လွယ်တမူရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တလုံးပျက်စီးပြီး အမျိုးသားတဦး ဗုံးစထိမှန် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ လွယ်တမူရွာထဲကို ဒီဇင်ဘာ (၂၆) ရက် မနေ့ကညပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တလုံးပျက်စီးသွားသလို အဲ့ဒီအိမ်က သက်ကြီး အမျိုးသားတဦးလည်း ဗုံးစထိမှန် ဒဏ်ရာရသွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်တပ်က ထောင်ဆယ့်နှစ်နှစ်ချ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ ၂၀၂၁ ခုနှစ် သြဂုတ်လက လူငယ်တစုကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကို တနှစ်ကျော်အကြာမှာ ထောင် ၁၂ အထိ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။ အဲဒီနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့် ဒွန်ဘန်ထောင်က ထောင်မှူးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဒွန်ဘန်အကျဉ်းထောင်မှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်တပ်ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်ကို မိုးကောင်းမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLCK K က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်မှူး ကိုင်ဇာလျန်ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် စစ်ကောင်စီသတင်းပေးအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မှာ ဒေသခံရာချီ တိမ်းရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ နေ့စဉ်ဖြစ်နေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ မြို့နားအနီးတဝိုက်ထိ စစ်မြေပြင် ကျယ်ပြန့်လာတာကြောင့် မြို့ပေါ်နေသူတွေနဲ့ မြို့အနီးနားပတ်ဝန်းကျင်က ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]