ဒေသအလိုက် သတင်းကဏ္ဍ

သိမ်ဇရပ်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေ

မွန်ပြည်နယ် သိမ်ဇရပ်မြို့အနီးက ကျေးရွာတွေကို မနေ့က ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။ သိမ်ဇရပ်မြို့အနီးကဝင်းကံနဲ့ဇီးပြောင်းစတဲ့ကျေး ရွာတွေကို သိမ်ဇရပ် အခြေစိုက်ခလရ (၂၀၇) တပ် ရင်းကအင်အား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မရမ်းကုန်းမြို့နယ် လဝကရုံးဗုံးပစ်ခံရ၊ ပစ်ခတ်သူကို CCTV မှတ်တမ်းနဲ့ရှာနေ

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊သမိုင်း ၁ရပ်ကွက်၊တပင်ရွှေထီလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က လဝရုံးကို ဒီကနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ ၁၂နာရီခန့်က အမည်မသိလူတဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ “ရုံးထဲကို အိတ်အမဲနဲ့ထုတ်ထားတဲ့ လက်ပစ်ဗုံးနဲ့ ပစ်ပြီးထွက်ပြေးသွားတာ၊ဗုံးကမပေါက်သေးတော့ အနားကလူတွေကလည်း ဘာမှန်မသိလိုက်ဘူး၊နောက်တော့ ရုံးထဲကလူတွေဝရုန်းသုံးကားနဲ့အပြင်က်ု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်လာမယ့် ရခိုင်မှာစစ်ကောင်စီက လုံခြုံရေးတိုးမြှင့်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြို့တော် စစ် တွေအပါအ ဝင် မြို့နယ်တချို့ကို လာဖို့ရှိနေပြီး အဲဒီမြို့တွေမှာ လုံခြုံရေးတွေ ကြိုတင်ချထားကာ လမ်း တွေကို ရှင်းလင်းထား တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇိုမီးတော်လှန်ရေးတပ်မတော် ZRA က တီးတိန်မှာ ပျူစောထီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာမှာ ဇိုမီးတော်လှန်ရေးတပ်မတော် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံ ပျူစောထီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီ ပြည်သူ့စစ်သင်တန်းဟာ ဇန်နဝါရီ (၁၆) ရက်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဦးဝီရသူဦးဆောင်ပြီး ဘားအံမှာ ဆန္ဒပြ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူဦးဆောင်ပြီး ကရင်ပြည်နယ်၊ဘားအံမြို့မှာ ဇန်နဝါရီ(၁၇)ရက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဦးဝီရသူဟာ အမှတ်(၃) ရပ်ကွက်မှာရှိတဲ့ မဲဘောင်ဘုန်းကြီးကျောင်းကိုရောက်ရှိလာတာဖြစ်ပြီး ကုလလုံခြုံရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်က မတူပီ၊ ငလိုင်ရွာက ခရစ္စယာန်ဘုရားကျောင်းအပါအဝင် နေအိမ်တွေကိုမီးရှို့

ချင်းပြည်နယ်၊မတူပီမြို့အနီးက ငလိုင်ရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က အဲ့ဒီရွာက ခရစ္စယာန် ဘုရားကျောင်းအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။ “ရွာမှာ အစကတည်းက ပြည်သူတွေမရှိတော့ဘူး၊တိုက်ပွဲဖြစ်ပြီး ခုအိမ်တွေ လိုက်မီးရှို့ကြတာ”လို့ CDF မတူပီ တာဝန်ရရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်အုပ်စုအထိုင်ချထားတဲ့ကျေးရွာ တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်) နဲ့ ယောရွာမှာ အထိုင်ချ ထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကွန်းမှာ စစ်ကောင်စီအကြီးအကဲ ဘုရားထီးတင်မယ်ဆိုပြီး စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကောင်စီလက်အောက်ခံ အကြီးအကဲ တဦးက ဘုရားထီးတင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနီးနားကရွာတွေကို မနေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မနက်မှာလည်း မင်းကွန်းဒေသမှာ စစ်ကောင်စီ အင်အား ၂၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာကို စစ်တပ်ကမီးရှို့၊ ပြည်သူတဦးကို အရှင်လတ်လတ် ခြေလက်ဖြတ်တောက် သတ်ဖြတ်ခဲ့တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ထုံးဘိုကျေးရွာကို ဇန်နဝါရီ(၁၇)ရက် မနေ့က မနက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ကာ ရွာခံပြည်သူတဦးကိုလည်း အရှင်လတ်လတ်ခြေလက်ဖြတ်တောက် သတ် ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၅၀)ဝန်းကျင်လောက်နဲ့ မနေ့က မနက်(၁၀)နာရီလောက်မှာ ထုံးဘိုရွာထဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုက စစ်ဆေးရေး အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေ

မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးရေးအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ စစ်ကောင်စီတပ်တွေစုပေါင်းပြီး မြို့တွင်းနေရာတချို့မှာ ရွေ့လျား စစ်ဆေးမှုတွေလုပ်နေပြီး လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ဖမ်းဆီးငွေညစ်တာတွေလုပ်နေတာလို့ ဆိုကြပါတယ်။ ” စစ်သားတွေနဲ့ ရဲတွေစစ်ရင် သူတို့က [ဆက်လက်ဖတ်ရှုရန်]