ဒေသအလိုက် သတင်းကဏ္ဍ
မင်္ဂလာဒုံမှာ ဆယ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်မှုဖြစ်၊ကိုးနှစ်အရွယ်ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး
ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်မှာ ဖေဖော်ဝါရီ(၃)ရက်ညပိုင်းကနေ ဒီကနေ့မနက်ပိုင်းအထိ ဆယ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်မှုဖြစ်ပြီး အသက်ကိုးနှစ်အရွယ် မိန်းကလေးတဦးအပါအဝင် နှစ်ဦး သေဆုံးသွားတယ်လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီယာဉ်တိုက်မှုနှစ်မှုလုံးဟာ မင်္ဂလာဒုံမြို့နယ်အတွင်းက အမှတ်(၃)လမ်းမပေါ်မှာဖြစ်ခဲ့တာဖြစ်ပြီး (၃၃၃)မှတ် တိုင်အနီးမှာ မနေ့က ညကိုးနာရီဝန်းကျင်ကဖြစ်ခဲ့တဲ့ ကားသုံးစီးဆင့်တိုက်မှုကြောင့် [ဆက်လက်ဖတ်ရှုရန်]
စစ်ရှောင်စခန်းကနေ ထပ်ပြီးစစ်ရှောင်ရတဲ့ ကရင်နီစစ်ရှောင်စခန်းတွေ ပိုပြီးအခက်ကြုံနေကြ
ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ စစ်ရှောင်စခန်း ၃ခုနဲ့ ဒေသခံ ရွာပေါင်း ၁၁ ရွာဟာ နေရာထပ်ပြောင်းရွေ့ရပြီး အခက်အခဲတွေကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ကစပြီး [ဆက်လက်ဖတ်ရှုရန်]
ရေဖြူ၊ ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့ ဒေသခံတဦးကို စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက သေနတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကံပေါက်ဒေသ မင်းသားရွာမှာ အသက် ၃၀ နှစ်ဝန်ကျင်းရှိတဲ့ဒေသခံတဦးဆိုင်ကယ်မောင်းနှင်လာချိန်မှာ ကင်းလှည့်ပြီး [ဆက်လက်ဖတ်ရှုရန်]
စစ်တပ်စစ်ကြောင်းထိုးမီးရှို့လို့ ကန့်ဘလူနဲ့ ကျွန်းလှက ဒေသခံတသောင်းကျော် ဘေးလွတ်ရာပြေးနေရ
စစ်ကိုင်းတိုင်းတွင်းရှိ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အစပ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေက အခုရက်သတ္တပတ်ထဲမှာပဲ ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ရွာပေါင်း ၁၂ ရွာက ဒေသခံတသောင်းကျော်လောက် ဘေးလွတ်ရာထွက်ပြေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလဆန်းပိုင်းကတည်းက ကျွန်းလှနဲ့ ကန့်ဘလူကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၈ [ဆက်လက်ဖတ်ရှုရန်]
ဒေသခံတသောင်းခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲကရွာတွေ မီးထပ်ရှို့ခံရပြန်
စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြားဒေသခံပေါင်း ၁၅၀၀၀ ခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ခင်ဦးမြို့နယ်အနောက်တောင်ဘက်မှာရှိတဲ့ ရေဦး-ညောင်ပင်သာကားလမ်းမှာရှိတဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]
ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုရဲ့ အထူးမွမ်းမံသင်တန်းဆင်းပွဲ
ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)ရဲ့ အပတ်စဉ် (D) အထူးမွမ်းမံ သင်တန်းဆင်းပွဲမြင်ကွင်းတွေကို အဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုစစ်ရေးလှုပ်ရှားတဲ့နယ်မြေမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက် အခုလိုပြင်ဆင်မှုတွေလုပ်ထားတာဖြစ်တယ်လို့လည်း KRU ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
စစ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ အသံတိတ်လှုပ်ရှားမှုနဲ့ ဆန့်ကျင်ဖို့ နှိုးဆော်
စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ဖို့ပြည်သူတွေအနေနဲ့ အသံတိတ်လှုပ်ရှားမှုနဲ ဆန္ဒထုတ်ဖော်ကြဖို့ တော်လှန်ရေးအင်အားစုတွေကနှိုးဆော်တိုက်တွန်းနေကြပါတယ်။ လူထုအနေနဲ့ စစ်တပ်ကဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်မှုသွေးမအေးကြောင်းပြသတဲ့အနေနဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀နာရီကနေ [ဆက်လက်ဖတ်ရှုရန်]
မြောက်ဒဂုံမှာ မီးလောင်မှုဖြစ်ပြီး တအိမ်တည်းနေသူ လေးဦးသေဆုံး
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) ရပ် ကွက်၊ စိန်ပန်းမြိုင် (၁)လမ်းက နေအိမ် တလုံးမှာ ဒီကနေ့ ဇန်နဝါရီ (၂၅)ရက် မနက် ၂နာရီကျော်က မီးလောင်မှုဖြစ်ရာက တအိမ်တည်းနေသူ လေးဦး သေဆုံးသွားတယ်လို့သိရပါတယ်။ “ကျွန်တော်တို့ကို အကြောင်းကြားတာက [ဆက်လက်ဖတ်ရှုရန်]
မင်းတပ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြား ပုန်းရှောင်ရင်း ကလေးငယ်တဦးမွေးဖွား
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အခုဇန်နဝါရီလထဲစစ်ကောင်စီရဲ့ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုကြား ထွက်ပြေးပုန်းရှောင်ရင်း ဒေသခံတဦးကလေးမွေးဖွားခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The Mindat Post ကဖော်ပြထားပါတယ်။ အခုဇန်နဝါရီတလတည်းမှာပဲ CDF မင်းတပ် ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေရှိရာကိုစစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်အထိတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ လေကြောင်းနေပစ်ခတ်တိုက်ခိုက်မှုတွေအပြင် [ဆက်လက်ဖတ်ရှုရန်]