ဒေသအလိုက် သတင်းကဏ္ဍ

သထုံမှာ ကုန်တင်ကားတစီးမိုင်းနင်းမိလို့ နှစ်ဦးဒဏ်ရာရ

မတ် ၊ ၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ကမာစိုင်ကျေးရွာမှာ မတ် ၂၃ ရက်၊ ည ၉ နာရီခန့်က ကြက်သွန်နီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီး မိုင်းနင်းမိတာကြောင့် ယာဉ်မောင်းတဦးနဲ့ ယာဉ်နောက်လိုက်တဦးစုစုပေါင်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘော်လခဲမှာ စစ်ကောင်စီက ပေါင်ငါးရာဗုံးနဲ့ ငါးကြိမ်တိုက်ခိုက်လို့ အရပ်သား သုံးဦးသေ၊ ငါးဦးဒဏ်ရာပြင်းထန်

မတ် ၊ ၂၄ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဘော်လခဲမြို့နယ်၊ ဝမ်ဗလကျေးရွာအနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၅ ကြိမ်တိုင်တိုင် လေကြောင်းနဲ့ ဗုံကျတိုက်ခိုက်တဲ့အတွက် သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူ ၃ ဦး သေဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗဟန်းမြို့မှာကားပိုင်ရှင်တဦးလုယက်သတ်ဖြတ်ခံရ ကားလည်းပျောက်ဆုံးနေ

မတ် ၊ ၂၄ ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အ မျိုးသားတဦး နေအိမ်ကနေ ကားနဲ့ထွက်သွားရာကလုယက်သတ်ဖြတ်ခံရပြီး ကားလည်းပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်၊သိင်္ဂီလမ်းမှာနေထိုင်တဲ့အဲ့ဒီအမျိုးသားဟာ မတ်လ ၂၂ရက်ကနေအိမ်ကနေ ကားနဲ့ထွက်သွားရာကပြန်မရောက် လာဘဲ နောက်တရက်မနက်မှာ ဒဏ်ရာတွေနဲ့ရုပ်အလောင်းကို ဗဟန်းမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ ၊ဗဟန်းမြို့နယ်၊ဗိုလ်ချို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မာန်ဟဲရွာမှာ စစ်ကောင်စီတပ်ကပီဒီအက်ဖ်အသွင်ယူဝင်စီးပြီးအရပ်သားငါးဦးကိုဖမ်းဆီး

မတ် ၊ ၂၄ စစ်ကိုင်းတိုင်း၊အင်းတော်ခရိုင်နဲ့ကချင်ပြည်နယ်အစပ်ကြားကမာန်ဟဲရွာကိုစစ်ကောင်စီတပ်တွေဟာဒီကနေ့မနက် ၂ နာရီလောက်မှာပဲပီဒီအက်ဖ်အသွင်သူအချို့ပါဝင်တဲ့အင်အား ၁၀၀ ကျော်လောက်နဲ့ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့ဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီတပ်ထဲရောက်နေတဲ့ဒေသခံတဦးကပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်တွေကိုလမ်းပြခေါ်ဆောင်ဖမ်းဆီးခိုင်းခဲ့တာလို့လည်းသိရပါတယ်။ “ဝင်စီးတာပီဒီအက်ဖ်နဲ့ယူနီဖောင်းတွေဝတ်ပြီးပုံမှားရိုက်ပြီးဝင်စီးတာ။အကုန်လုံးတော့မဟုတ်ဖူး။အဲ့ဒေသက ဒလန်က စစ်ထဲဝင်ပြီး အဲ့စစ်ကြောင်းနဲ့အတူလိုက်လာတာပြီးတော့ရုတ်တရက်ရောက်ချလာပြီးရွာသားတွေကိုဖမ်းသွားတာ။အမျိုးသားတွေချည့်ပဲငါးယောက်ပေါ့။သူတို့ကတော့ပကဖတွေဆိုပြီးဖမ်းသွားတာ”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာအရပ်သား၂၀ဦးခန့်ကိုဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ၁၅ဦးခန့်ကိုပြန်လွှတ်ပေးခဲ့တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်အုပ်စုအဖွဲ့ အလစ်အငိုက်မှာ အနီးကပ်ပစ်ခတ်ခံရလို့ ငါးဦးသေဆုံး

မတ် ၊ ၂၄  မကွေးတိုင်း ၊ရေစကြိုမြို့နယ်အခြေစိုက်ထား စစ်ကောင်စီရဲ့ စစ်ကြောင်းအဖွဲ့ မနေ့က နေ့ခင်းပိုင်းမှာ အလစ်အငိုက် အနီးကပ်ပစ်ခတ်ခံရလို့ ၅ ဦးသေဆုံးသွားတယ်လို့ ရေစကြို ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူ တဦးကပြောပါတယ်။ မနေ့က မတ်လ ၂၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ အသက်၆၅နှစ်အရွယ်အမျိုးသားတဦးသေဆုံး

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊မြကန်ကျေးရွာကိုဒီကနေ့မတ်လ၂၃ရက်၊မနက်၈နာရီအချိန်ကစစ်ကောင်စီတပ်တွေဟာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး အသက်၆၅နှစ်အမျိုးသားတဦးကိုရိုက်နှက်သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။  “စစ်ကြောင်းထိုးလာတော့ရွာကလူတွေကပြေးကြရှောင်ကြဖို့ပြင်ကြတာပေါ့ ။အဲ့ဒီဦးလေးကလည်း ရှောင်ဖို့ဆိုင်ကယ်ပေါ်အထုပ်ကလေး၂ထုပ်တင်ထားတာပြီးထွက်မယ့်အချိန်ကိုဖမ်းမိတာ ။ရိုက်နှက်ပြီးတော့ပစ်သတ်သွားတယ်”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကသာစစ်လင်းကပြောပါတယ်။  သေဆုံးသူမှာအသက်၆၅နှစ်အရွယ် ဦးညိုတင်ဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန်မှာနေအိမ်တအိမ်ကိုလည်းမီးရှို့ခဲ့သေးတယ်လို့သိရပါတယ် ။  အဆိုပါစစ်ကောင်စီတပ်တွေဟာ မူးတိမ်းချောင်းဘက်ကနေဝင်‌ရောက်လာတဲ့စစ်ကြောင်းနဲ့ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနှစ်ကြောင်းညှပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။  စစ်ကောင်စီတပ်တွေဟာကျေးရွာအတွင်းစစ်ကြောင်းထိုးမွှေနှောက်ရိက္ခာသယ်သွားပြီး မနက်၁၀နာရီအချိန်ကပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ် ။  စစ်ကောင်စီတပ်တွေဝင်ရောက်ချိန်ကမြကန်ကျေးရွာအပါအဝင်အနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီ-ပလက်ဝ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေလို့ လေကြောင်းရန် သတိထားဖို့ ဒေသခံတွေကို ချင်းတော်လှန်ရေးအဖွဲ့သတိပေး

မတ်၊ ၂၃ ချင်းပြည်နယ် မတူပီ- ပလက်ဝသွား ကားလမ်းပေါ်မှာ လက်ရှိ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေလို့ အဲဒီလမ်းပိုင်းအနီးက ကျေးရွာ ၅ ရွာကဒေသခံတွေ လေကြောင်းရန် သတိထားကြဖို့ Chinland Defence Force Mutupi [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ စည်ပင်ဝန်ထမ်းတဦး ကြိုးဆွဲချသေဆုံး၊တပတ်အတွင်း ကြိုးဆွဲချသေဆုံးမှုသုံးမှုဖြစ်

မတ်၊ ၂၃  ပဲခူးတိုင်း၊အနောက်ခြမ်းပြည်မြို့၊ကျောင်းကြီးအိုးတန်ရပ်ကွက်၊ကမ်းနားလမ်းကစည်ပင်ရုံးအတွင်းမှာ ဝန်ထမ်း အ မျိုးသား တဦးကြိုးဆွဲချအဆုံးစီရင်ပြီးသေဆုံး သွားတယ်လို့ ပြည်မြို့ခံ ပရဟိတဒါနပါရမီ အသင်းတာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ “စည်ပင်ကဝန်ထမ်းတွေဖုန်းဆက်တာ၊ကျွန်တော်တို့အဖွဲ့တွေရောက်တော့ ရဲနဲ့စည်ပင်ဝန်ထမ်းတွေ သေဆုံးသူဦး ကြီးသားလည်းရောက်နေကြပြီ၊သေဆုံးရုပ်အလောင်းကိုတော့ ကြိုးဖြုတ်ပြီး ခေတ္တရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေဆုံး၊ဆယ့်လေးဦးဒဏ်ရာရ

မတ်၊ ၂၃ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် (၂၈၄)အနီးမှာဒီကနေ့မနက်ခြောက်နာရီဝန်းကျင်က ရပ်ထားတဲ့ ခြောက်ဘီး ကုန်တင်ကားကို light truck ကားက နောက်ကဝင်တိုက်မိလို့ ကားခေါင်းခန်းကလိုက်လာတဲ့ အမျိုးသားနှစ်ဦး သေဆုံး ပြီးနောက်ထပ်လူအများ အပြား ဒဏ်ရာတွေရသွားတယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ပြည်သာယာ လူမှုကူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ပညာရေးကျောင်းသားတွေရဲ့လက်မှုအနုပညာလက်ရာများ

မတ်၊ ၂၃ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းပညာရေးဇုန်တခုက ကျောင်းသူ၊ကျောင်းသား တွေဟာ စွန့်ပစ်ပစ္စည်းတွေကိုအသုံးချပြီး အသုံးအဆောင်နဲ့ အလှဆင်ပစ္စည်းတွေ၊အနုပညာလက်ရာတွေကို ဖန်တီးခဲ့ ကြပါတယ်။ အဲ့ဒီအသုံးအဆောင်တွေ၊အနုပညာလက်ရာတွေကို ကမ္ဘာလုံးဆိုင်ရာပြန်လည်တီထွင်သုံးစွဲရေးနေ့ (Global Recycling) ဖြစ်တဲ့ မတ်လ ၁၈ရက် မှာ [ဆက်လက်ဖတ်ရှုရန်]