ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကူးတို့ဆိပ်ကို စစ်ကောင်စီတပ်သုံးရက်ပိတ်

ဇွန်၊၂၅ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီမှ ဇွန်လ ၉ ရကမှ စပြီး ဒီကနေ့အထိ နေ့စဉ်မီးရှို့နေပြီး မုံရွာဘက်ခြမ်းသို့စက်လှေကူးခွင့်ကို မနေ့က စပြီးသုံးရက်ပိတ်လိုက်တယ်လို့  ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ‘’သုံးရက်ပိတ်လိုက်တာဗျ။ မုံရွာကို မည်သည့်စက်လှေမှအကပ်မခံတော့တဲ့ သဘောပါဗျ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လျှပ်စစ်ရေနွေးအိုးတည်ထားရာက အပူလွန်ပြီးမီးလောင်လို့သံဃာတပါးပျံလွန်တော်မူ

ဇွန်၊၂၅ မွန်ပြည်နယ်၊ သထုံမြို့ပေါ်က ဘုန်တော်ကြီးကျောင်းတကျောင်းမှာလျှပ်စစ်ရေနွေးအိုးတည်ထားရာမှာ မီးလောင်မှု ဖြစ်ပွားပြီး သံဃာတော်တပါပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ “ ဆရာတော်က အသက်ကြီးနေပါပြီး၊ တပါးတည်းပါ သီတင်းသုံးနေတာက အဲဒါ လျှပ်စစ်ရေနွေးအိုးလေ တည်ထားတာ အပူလွန်ပြီး မီးလောင်သွားတယ်၊ ဆရာတော်ကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ် ရှိ ဘီယာဆိုင်လေးဆိုင်က စစ်တပ်ထုတ်ကုန်ဘီယာဖာတွေကို NUG ရဲတပ်ဖွဲ့သိမ်းဆည်း

ဇွန် ၊ ၂၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲတပ်ဖွဲ့ကလိုက်လံစစ်ဆေးခဲ့ပြီး ဘီယာဆိုင် လေးဆိုင်မှာ ရောင်းချဖို့ တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို သိမ်းဆည်းခဲ့တယ်လို့အဲဒီအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။  “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့မှာ ကျုံးအတွင်းရေဆင်းကူးတဲ့ လူငယ်သုံးဦးရေနစ်သေဆုံး

ဇွန် ၊ ၂၅ ပဲခူးမြို့၊ ဆိုရှယ်လစ်ရပ်ကွက်မှာရှိတဲ့ ကျုံးကူးတံတားအနီးမှာ မနေ့ဇွန်လ ၂၄ ရဥ◌် နေ့လဠယ် ကျုံးအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ်သုံးဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့  ဒေသခံလူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ရေနစ်သေဆုံးခဲ့သူတွေဟာ ပဲခူးမြို့၊ ဥဿရပ်ကွက် ရပ်ကွက်ကြီး ၆ မှာနေထိုင်သူတွေဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးသူမိသားစုကို စစ်ကောင်စီကငွေသုံးသိန်းလာပေးပြီး PDF လုပ်တာ လို့ ပြောခိုင်း

ဇွန်၊ ၂၄ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အ မျိုးသမီးတဦးရဲ့မိသားစုကို စစ်တပ်ကငွေသုံးသိန်းကျပ်လာပေးကာ လက်နက်ကြီးပစ်ခတ်မှုဟာ PDF ကလုပ် တာလို့ ပြောဆိုခိုင်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပစ်ခံရပြီးတော့နောက်တရက်မှာရဲရယ်၊ စစ်သားရယ်၊ ရပ်ကွက်လူကြီးတွေက အရပ်ဝတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်အကျဥ်းထောင်မှာထောင်အရာရှိက အကျဥ်သားတွေရဲ့ အပ်ငွေတွေကို ဖြတ်ယူနေ

ဇွန် ၊ ၂၄ တနင်္သာရီတိုင်း၊ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားတွေရဲ့ အပ်ငွေတွေကို အပြည့်အဝ ပြန်မပေးဘဲ ထောင် အရာရှိဖြစ်သူက ကြားကနေ ဖြတ်ယူနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ရှိသူတွေ က ပြောပါတယ်။ “မိသားစုဝင်တွေက အကျဥ်းသားအပ်ငွေဆိုပြီး ငါးသောင်းသွင်းရင် ထောင်စျေးဘားမှာက တသောင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မယ်စဲ့က စစ်ကောင်စီရဲ့ ပင်မစစ်စခန်းကုန်းတခုကို တော်လှန်ရေးအင်အားစုတွေထပ်မံသိမ်းပိုက်

ဇွန် ၊ ၂၄ ထိုင်း-မြန်မာနယ်စပ်၊မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ပင်မဗျူဟာကုန်းစစ်စခန်းတခုကို မနေ့က သိမ်းပိုက် နိုင်ခဲ့ပြီးနောက် BP-13 စခန်းက လွဲလို့ မယ်စဲ့မြို့နယ် အားလုံးနီးပါးကို တော်လှန်ရေးမဟာမိတ်တပ် ပေါင်းစု တခု ဖြစ်တဲ့4Kတပ်ပေါင်းစုက သိမ်းပိုက်ထားတယ်လို့ ကရင်နီစစ်ဘက်ရေးရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ လက်နက်ကြီးထိလို့ ဒေသခံတဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

ဇွန် ၊ ၂၄ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာစစ်အုပ်စုကလက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်တာကြောင့် ရွာထဲလက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ တဦးသေဆုံးကာ ကိုးဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက ပြောပါတယ်။  “ မနေ့ကရေဦးကို ရဟတ်ယာဉ်နဲ့ထောက်ပို့လာပြီး လက်နက်ပစ္စည်းတွေပြန်ထွက်လာတာပေါ့၊မြင်းဒေါင်းမှာ လေးရက်လောက်ညအိပ်တဲ့အဖွဲ့ ကပစ်လို့ရွာထဲကျပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးဒေသမှာ စစ်ရှောင်တွေများလာလို့ ကလေးမြို့ပေါ်မှာ အိမ်ဌားခတွေစျေးတက်၊အိမ်ငှားရဖို့ခက်လာ

ဇွန် ၊ ၂၄ စစ်ကိုင်းတိုင်း၊ ကလေးဒေသတဝိုက်ကနေ ကလေးမြို့ပေါ်ကိုပြောင်းရွှေ့လာတဲ့ စစ်ရှောင်တွေများ ပြားလာတာ ကြောင့် အိမ်ငှားခတွေစျေးတက်လာသလို အိမ်ငှားရဖို့လည်းမလွယ်တော့ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။ “အိမ်ကတော့ လုံးချင်းဆိုတသိန်းအောက်ထစ်ပဲ၊လျှပ်စစ်မီးပါချင်မှပါမယ်၊လျှပ်စစ်မီးရတဲ့အိမ်ဆို တသိန်းအထက်ပဲ၊ ဒါတောင်မြို့အရှေ့ပိုင်း၊အလယ်ပိုင်းတွေမှာ ငှားဖို့အိမ်က မရှိသလောက်ဖြစ်သွားပြီ” လို့ ဒေသခံတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မျိုးသုဉ်းမှု အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပုပ္ပားလန်ဂါ (ခေါ်) ပုပ္ပားမျောက်မြီးရှည်တွေ စားသုံးဖို့နဲ့ရောင်းချဖို့အတွက် အသတ်ခံနေရ

ဇွန် ၊ ၂၄ မြန်မာနိုင်ငံမှာပဲတွေ့မြင်နိုင်ပြီး ရှားပါးမျောက်မျိုးစိပ် အသစ်တခုဖြစ်တဲ့ ပုပ္ပားလန်ဂါ(ခေါ်) ပုပ္ပားမျောက်မြီးရှည် တွေဟာ  စားသုံးဖို့နဲ့ ရောင်းချဖို့အတွက် တောလိုက်မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံနေရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေတဲ့အဖွဲ့တွေနဲ့ ဒေသခံတွေပြောဆိုကြပါတယ်။  ပုပ္ပားလန်ဂါ (ခေါ်) ပုပ္ပားမျောက်မြီးရှည်တွေဟာ မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]