ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ကပြိုကျခဲ့တဲ့ ကော့လှိုင်တံတား ယာယီပြုပြင်ပြီးဖြတ်သန်းခွင့်ပြု

သြဂုတ်၊ ၂၂   ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာမှာ ပြိုကျခဲ့တဲ့ တံတားငယ်ကို ယာယီပြုပြင်ထားပြီး ခရီးသည်ကားတွေ သြဂုတ် ၂၂ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ဖြတ်သန်းသွားလာလို့ ရနေပြီလို့ ခရီးသွားတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဝေးပြေးယာဉ်လိုင်းတွေ အရှုံးပေါ်လို့ ရပ်နားမှု တိုးလာ

သြဂုတ်၊ ၂၁ ဒေါ်လာစျေးမြင့်တက်မှုနဲ့အတူ ယာဥ်အပိုပစ္စည်းနဲ့ ပြင်ဆင်စရိတ်တွေကြီးမြင့်လာတာ၊ခရီးသည်နည်းပါး တာတွေ ကြောင့် အရှုံးပေါ်ပြီး ရပ်နားသွားတဲ့ အဝေးပြေးယာဉ်လိုင်းတွေရှိလာတယ်လို့ အဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းက ပြော ကြပါတယ်။ လက်ရှိပြေးဆွဲနေတဲ့အဝေးပြေးကားတွေအနေနဲ့ ရရှိတဲ့ဝင်ငွေဟာ ယာဥ်ပြင်ဆင်စရိတ်တောင်မကာမိဘဲ ယာဥ် လုပ်သားလုပ်အားခနဲ့ ဂိတ်ရုံးခန်းငှားရမ်းစရိတ်တွေ စိုက်ထုတ်နေရတဲ့အထိရှိနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဘေးကြောင့် ရခိုင်စစ်ရှောင်စခန်းတွေကနေအိမ်လေးရာဝန်းကျင် ပျက်စီး

သြဂုတ်၊ ၂၁ ရခိုင်ပြည်နယ်အတွင်း ရေကြီးတာ၊ လေပြင်းတိုက်တာတွေကြောင့် စစ်ရှောင်စခန်းတွေက နေအိမ်ပေါင်း လေးရာ လောက် ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် တွေက ပြောကြပါတယ်။ “ရေတွေ အိုင်၀ပ်ပြီး ပြည့်နေခဲ့တာဆိုတော့ အိမ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မဟာမြိုင်လမ်း နှစ်ပတ်ကြာပိတ်မိနေတာကြောင့် ကလေးဒေသမှာစက်သုံးဆီအပါအဝင် ကုန်စည်တွေဈေးတက်လာ

သြဂုတ်၊ ၂၁ စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့ကနေ မုံရွာ-မန္တလေး – ရန်ကုန် ဘက်ကိုသွားတဲ့ မဟာမြိုင်ကားလမ်းမှာ စစ်ရေး တင်းမာမှုတွေကြောင့်လမ်းပိတ်နေတာ နှစ်ပတ်လောက်အထိကြာလာတဲ့အတွက်ကလေးဒေသမှာစက်သုံးဆီ အပါ အဝင်ကုန်စည်တွေ ဈေးမြင့်တက်နေတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။ “ဓာတ်ဆီကမြို့ထဲကဆိုင်တွေအကုန်ပြတ်ပြီ၊ဒီမနက်ကဆို မြို့လယ်က B.O.C ဆိုင်တောင်ပိတ်ထားတာ၊အိုဆိုမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါက်တာဇော်ထွယ်အောင် သေဆုံးမှုနဲ့ပတ်သက်ပြီး NUG စုံစမ်းစစ်ဆေးသွားမယ်

သြဂုတ်၊ ၂၁ မုံရွာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးသွားမယ်လို့ သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။ ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွမ်းမောဖွယ်ရာ ရန်ကုန်မြို့က နောက်ဖေးလမ်းကြားများ

သြဂုတ်၊ ၂၀   တချိန်က ကလေးကစားကွင်းတွေ၊ နံရံဆေးရေး အနုပညာလက်ရာတွေနဲ့ ချစ်စဖွယ်လှပသန့်ရှင်းခဲ့တဲ့ ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားတွေဟာ အခုချိန်မှာတော့ သန့်ရှင်းမှု မရှိတော့ဘဲ ယိုယွင်းပျက်စီးနေပြီး ပိတ်ဆို့ထားခဲ့ရပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အရပ်သားအစိုးရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းဝမြို့ဟောင်းက နှစ်နှစ်ရာကျော်သက်တမ်းရှိ ဦးအိုတံတား ယိုယွင်းနေပြီး ထိန်းသိမ်းရန်လိုအပ်နေ

သြဂုတ် ၊ ၂၀ မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းက နှစ်နှစ်ရာကျော် သက်တမ်းရှိ မဟာဇေယျပထတံတား ဒေသအခေါ် ဦးအိုတံတားဟာ ယိုယွင်းနေပြီး အချိန်မှီ ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ရှေးဟောင်းသုတေသီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ အင်းဝဘက်မှာရှိတဲ့ သဲထုတ်လုပ်မှု လုပ်ကွက်တွေကနေတဆင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက မင်္ဂလာဆေးရုံကို CDM ဆရာဝန်တွေအလုပ်ခန့်တယ်ဆိုပြီး သုံးလယာယီပိတ်ခိုင်း

သြဂုတ် ၊ ၂၀ မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ် ၅၈ လမ်းနဲ့ ၄၂ လမ်းထောင့်ရှိ ပုဂ္ဂလိကပိုင် မင်္ဂလာဆေးရုံကို စစ်ကောင်စီက CDM ဆရာဝန်တွေကို အလုပ်ခန့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလ ၂၅ ရက်စပြီး သုံးလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မှာ စစ်ကောင်စီတပ်က အရပ်သားတရာကျော်ကို ဖမ်းဆီးသွား

သြဂုတ် ၊ ၂၀ မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ ရွှေလင်းဆွဲ ရွာကို စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၀ ရက်ဒီကနေ့  မနက်အစောပိုင်းမှာ   စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံ တရာကျော်ကို ဓားစားခံအဖြစ်ဖမ်းဆီးသွားတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမှာ နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်ငွေကြေးသတ်တ်မှတ်ပြီး သုံးစွဲခွင့်တားမြစ်

သြဂုတ် ၊ ၂၀ စစ်ကိုင်းတိုင်း၊ ပုလဲနယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်က အသစ်ထုတ်ဝေလိုက်တဲ့ ငွေစက္ကူနှစ်သောင်းတန်ကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ပြီး သုံးစွဲတာကို ခွင့်မပြုဘူးလို့ မြို့နယ်၊ပြည်သူအုပ်ချူပ်ရေး(ပအဖ)အဖွဲ့က ကိုဇော်ထက်က ပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]