ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာ ဖမ်းဆီးခံရသူလေးဦးကို စစ်ကောင်စီကသေဒဏ်ချမှတ်

သြဂုတ်၊ ၂၃ စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီကဖမ်းဆီးထားသူ လေးဦးကို အခုလ ၁၈ရက်မှာ စစ်ခုံရုံးက သေဒဏ်အမိန့်တွေချမှတ်လိုက်တယ်လို့ ဒေသတွင်းစစ်ရေးနဲ့ မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ဖော်ပြထားပါတယ်။ သေဒဏ်ချမှတ်ခံရသူတွေဟာ မုံရွာ-မြစ်ကြီးနား ခရီးသည်တင်ကားမောင်းတဲ့ ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ထီးချိုင်း မြို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းပေါက်မရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့PDF နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သြဂုတ်၊ ၂၃  စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ပေါက်မရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား မ နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ကာကွယ်ရေးတပ်ဘက်ကလည်း သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာညောင်ရှည်ရွာကနေ ပေါက်မရွာဘက်ကို အင်အား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU ဆီ ဆယ်ရက်အတွင်း စစ်ကောင်စီလက် အောက်ခံသုံးဦး လက်နက်နဲ့အလင်းဝင်ခဲ့

သြဂုတ်၊ ၂၃ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ကရင်နယ် ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တဦးစုစုပေါင်းသုံးဦးဟာ အခုလဆယ်ရက်အတွင်း လက်နက်နဲ့အတူအလင်းဝင်လာကြတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်နယ်(၂)က တပ်သား အောင်ကိုဦးက ဩဂုတ်လ ၁၇ ရက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဆိုတော် ဗျူဟာကို အင်းစိန်စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ချ

သြဂုတ်၊ ၂၃ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရတဲ့အကြောင်း ဝေဖန်ပြောဆိုလို့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက  ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ “အင်းစိန်စစ်ခုံရုံးက ၁၂၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မြို့မှာကျောင်း၊ ဆေးရုံနဲ့ ထွေအုပ်ရုံးတွေကို စစ်ကောင်စီ ပိတ်ထား

သြဂုတ်၊ ၂၃ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက သူတို့ လုံခြုံရေး ရယူထားတဲ့ စာသင်ကျောင်းတွေ အပါအဝင် ဆေးရုံနဲ့ ထွေအုပ်ရုံးတွေကို ဒီလ ၂၁ ရက်လောက်ကတည်းက စတင်ပြီး ပိတ်ပင်ထားတယ်လို့ CDF-Mindat ရဲ့ ပြောခွင့်ရ ဆလိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်သူတွေကို NUG တရားစွဲထား

သြဂုတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မီးဖွားကာနီး အမျိုးသမီးတဦးကို ဓားပြတိုုက်ပစ်သတ်ခဲ့သူ ခုနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတရားရုံးမှာ အမှုဖွွင့်ထားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ်လ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြေပုံမြို့မှာ အင်အားသုံးဖယ်ရှားပြီး ဖမ်းဆီးခံရတဲ့အိမ်ပိုင်ရှင်တွေကို စစ်ကောင်စီက ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် ထိုးစေပြီးမှပြန်လွှတ်

သြဂုတ်၊ ၂၂ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်ကမိသားစုငါးစုရဲ့ နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့သလို ဖယ်ရှားဖို့ငြင်းဆန်ခဲ့သူတွေကိုလည်းဖမ်းဆီးသွားပြီး အဲ့ဒီအိမ်တွေရဲ့ ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် လက်မှတ်ထိုးမှပြန်လွှတ်ပေးလိုက်တယ်လို့ မြေပုံမြို့ခံတွေက DNAကိုပြောပါတယ်။ “ဦးမြသန်းပိုင်တဲ့မြေဆိုပြီး ရဲနဲ့ စစ်သားတွေက အတင်းဆင်းခိုင်းလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါက စစ်ကောင်စီစခန်းကုန်းတခုကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးတယ်လို့ YDF ပြော

သြဂုတ်၊ ၂၂ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ရာ စိုးမိုးကုန်းကို မနေ့က ဝင် ရောက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ယော ကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။ “ကျွန်တော်တို့ မျက်မြင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်နဲ့ အတူ ပူးပေါင်းလာတဲ့ ရဲနှစ်ဦးကို ချင်းPDF ကျပ်သိန်း ငါးဆယ် စီ ချီးမြှင့်

သြဂုတ်၊ ၂၂ ချင်းပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့  PDF Zoland တပ်ဖွဲ့ထံကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦး လက်နက်တွေနဲ့အတူ သြဂုတ်လ ၁၉ ရက်က ပူးပေါင်းလာတယ်လို့ အဲဒီအဖွဲ့သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့ ကျွန်တော်တို့ဆီကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ တရက်တည်း အနုကြမ်းစီးမှုနှစ်ကြိမ်ဖြစ်

သြဂုတ်၊ ၂၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ပိုင်းမှာ သြဂုတ်လ ၂၁ ရက် မနေ့ကတရက်တည်း အနုကြမ်းစီးမှု နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ကလေးမြို့ နတ်ချောင်းလမ်းမကြီး အနီးက ကုန်စုံဆိုင်တဆိုင်နဲ့ စားသောက်ကုန်ဆိုင်တတဆိုင်တို့မှာ မနေ့က နေ့လယ်ပိုင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]