ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားနေတာကြောင့် စစ်ရေးသတိရှိဖို့ ပြည်သူတွေကို AA တိုက်တွန်း

ဖေဖော်ဝါရီ ၂၉ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်ရက် ဆက် လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲ စစ်ရေးသတိရှိကြဖို့ ရခိုင့်တပ်တော် ULA/AA က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။ ဒီကနေ့ မနက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းသာဒေသရွာနှစ်ရွာက နေအိမ်ငါးဆယ်ကျော်ကို စစ်ကောင်စီဖျက်ဆီး၊ရွာသားလေးဆယ် ကျော်ကိုဖမ်း

ဖေဖော်ဝါရီ၊ ၂၉ ဧရာဝတီတိုင်း ချောင်းသာကမ်းခြေ မြို့ ဒေသ အတွင်းမှာရှိတဲ့ ကျေးရွာ နှစ်ရွာက စုစုပေါင်း နေအိမ် ၅၀ နီးပါး ကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးသွားသလို ဒေသခံ ရွာသားလေးဆယ်ကျော်ကိုလည်း ဖမ်း ဆီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

AAသိမ်းပိုက်ရန်လက်တကမ်းသာလို​တော့တဲ့ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှပြင်းထန်စွာတိုက်ခိုက်နေ

ဖေဖော်ဝါရီ ၊ ၂၉ စစ်ကောင်စီတပ်ဟာ နောက်ဆုံးလက်ကျန်တပ်ရင်းတိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို  လေကြောင်းကပြင်းထန်စွာတိုက်ခိုက်နေပြီး ဒီနေ့တရက်တည်းမှာပဲ အကြိမ်ဆယ်ချီရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ မြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ဗုံးကြဲတာဟာ တပ်ဂုဏ်သိက္ခာကျစေပြီး စစ်ဥပဒေနဲ့လည်း မညီဘူးလို့ စစ်ကောင်စီတပ်ရင်းမှူး ဝေဖန်

ဖေဖော်ဝါရီ ၊ ၂၉ စစ်ကောင်စီအနေနဲ့ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေမှာ အရပ်သားနေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသလို စစ်ဥပဒေနဲ့လည်း မညီဘူးလို့ ရက္ခိုင့်တပ်တော်(AA)ဆီမှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့စစ်ကောင်စီတပ်ရင်းမှူးက ပြောပါတယ်။ မင်းပြားမြို့နယ်အတွင်းရှိ မင်းဖူးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းကိုတိမ်းရှောင်လာတဲ့မြန်မာတွေအတွက် ဧည့်စာရင်းညွှန်ကြားချက်ကပြဿနာတခုဖြစ်လာနိုင်

ဖေဖော်ဝါရီ ၊ ၂၉ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်း မြို့နယ်တွေမှာ နိုင်ငံခြားဧည့်သည်တွေ ဧည့်စာရင်းတိုင်းကြားဖို့ ညွှန်ကြားချက်ဟာ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြဿနာတခုဖြစ်လာနိုင်တယ်လို့ ရွေ့ပြောင်းလုပ်သားအရေးအကူအညီပေးနေသူတွေနဲ့ မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ “တရားဝင်အထောက်အထားရှိတဲ့သူတွေကို ဧည့်စာရင်းတိုင်ခိုင်းတာ၊ အထောက်အထားမရှိတဲ့သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဦးမှာ အရပ်သားခုနစ်ဦးသတ်ဖြတ်မှုအတွက် တိုက်ရိုက်တာဝန်ရှိသူ သုံးဦးကို AA ဖမ်းမိထား အရပ်သားတွေကိုသတ်ဖြတ်ပြီးနောက် ဗုံးစထိမှန်သေဆုံးကြောင်းလိမ်လည်သတင်းပို့ခဲ့တယ်လို့ဆို

ဖေဖော်ဝါရီ ၊ ၂၉ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ အွန်လိုင်းဆယ်လီတဦး၊သတင်းထောက်ဟောင်းတဦးအပါအဝင် စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားခုနစ်ဦးကိုသတ်ဖြတ်ရာမှာ အမိန့်ပေးခဲ့သူနဲ့ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ စတဲ့ တိုက် ရိုက်တာဝန်ရှိသူ သုံးဦးကိုဖမ်းမိထားတယ်လို့ ရခိုင့်တပ်တော် AA က ဒီကနေ့ထုတ်ပြန်ပါတယ်။ ရခိုင့်တပ်တော်က မြောက်ဦးအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တဆယ်ရက်အတွင်း ရုရှားစစ်လေယာဉ် တဆယ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ် ကြေညာ

ဖေဖော်ဝါရီ ၊ ၂၉ ၁၀ ရက်အတွင်း ရုရှား စစ်လေယာဉ် ၁၀ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။  အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် အထောက်အပံ့တွေ ရရှိဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေဈေးထဲ လက်နက်ကြီးကျည်ကျရောက်လို့ ၁၂ဦးထက်မနည်​သေဆုံးနှစ်ဆယ်ဝန်းကျင်ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၉ ရခိုင်ပြည်နယ် စစ်တွေမြို့မဈေးကြီးထဲကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၂ ဦးထက်မနည်း သေဆုံးကာ နှစ်ဆယ်၀န်းကျင်ဒဏ် ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ ကိုးရီးယာဆိပ်ကမ်းမှာရှိတဲ့ မြို့မဈေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကံထူးမရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအင်အားဖြည့်လှုပ်ရှား၊ ဒေသခံနှစ်ဦးအသတ်ခံထားရ

ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ကံထူးမရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးနောက် ကံထူးမရွာနဲ့ အနီးတဝိုက်ဒေသတွေမှာ စစ်ကောင်စီက အင်အားဖြည့်စစ်ကြောင်း ထိုးနေပြီး ဒေသခံ နှစ်ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ဒေသခံနှစ်ဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟုမ္မလင်း-တမူးနယ်စပ်က ရှမ်းနီစခန်းတခုကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်

ဖေဖော်ဝါရီ၊ ၂၈ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းနဲ့ တမူးမြို့နယ်အစပ်မှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စခန်းတခုကို PDF နဲ့ကူကီးပူးပေါင်းတပ်တွေက နှစ်ရက်ဆက် တိုက်ခိုက်ပြီးသိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန အမှတ်(၁)စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။ SNA ဘက်က အင်အားခြောက်ဆယ်လောက် [ဆက်လက်ဖတ်ရှုရန်]