ဒေသအလိုက် သတင်းကဏ္ဍ

MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်နှစ်ခုပြန်ဖွင့်ပေမယ့် ကုန်သွယ်ခွင့်မရသေး

မတ်၊ ၁၃ ရှမ်းမြောက်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် ပိတ်ထားတဲ့တ ရုတ်နယ် စပ်ဂိတ် တချို့ကို ညီနောင်သုံးဖွဲ့ဘက်က ပြန်လည်ဖွင့်လှစ်ပေးလိုက်ပေမယ့် လူအ၀င်အထွက် သာ ခွင့်ပြုထားပြီး ကုန်သွယ်ခွင့်တော့ မရသေးဘူးလို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာမှာ ပျောက်သွားတဲ့ ငါးနှစ်အရွယ်မိန်းကလေးကို တောင်းရမ်းသူတွေဆီက ပြန်တွေ့

မတ်၊ ၁၃ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာပန်းခြံမှာ ပျောက်ဆုံးသွားတဲ့ အသက်ငါးနှစ်အရွယ် မိန်းက လေးငယ်တဦးကို တရက် အကြာ ဒီကနေ့ မတ်လ ၁၃ ရက် မနက် ၁၀ နာရီလောက်က ဒညင်းကုန်း လမ်းဆုံမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တကောင်းမြို့အနီးတိုက်ပွဲမှာ စစ်အုပ်စုအထိနာ၊ လက်နက်ငယ်နှစ်ဆယ်နီးပါးရတယ်လို့ PDF ဆို

မတ်၊ ၁၂ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ အခုလ ၅ရက်ကနေ ၇ရက်အထိ သုံးရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်ကအထိနာကာ လက်နက်ငယ် ၁၈လက်၊ကျည်မျိုးစုံ လေးထောင်ကျော် အပါ  အ ဝင် ခဲယမ်းတချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားပျက်စီးသွားတဲ့ ဆီဆိုင်မြို့မဈေးမြင်ကွင်း

မတ်၊ ၁၂ တလကျော်ကြာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုရှိနေတဲ့နောက် ထိခိုက်ပျက်စီးနေတဲ့ ဆီဆိုင် မြို့မဈေးမြင်ကွင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)က ဒီကနေ့ထုတ်ပြန်လာပါတယ်။ PNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ရှမ်းပြည်နယ်တောင်ပိုင်း  ပအိုဝ်းဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံး ပတ်ကစလို့ တိုက်ပွဲတွေဖြစ်ခဲ့ကြပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီက ဖလူး စစ်စခန်းနဲ့ သင်္ဃန်းညီနောင် ခမရ ၃၅၆တို့ကို KNLA ပူးပေါင်းတပ်သိမ်းပိုက်၊စစ်သား တချို့ ထိုင်းဘက်ထွက်ပြေး

မတ်၊ ၁၁ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ဖလူး စစ်စခန်းနဲ့ သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၅၆တို့ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KUN [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ သိသိသာသာ လျော့ကျ

မတ်၊ ၁၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း(၁၂တန်း)စာမေးပွဲဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်း သားဦး ရေ အရင်နှစ်တွေကထက် သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ ပညာရေးဝန်ထမ်းဆရာ၊ဆရာမတွေက ပြောဆိုကြ  ပါတယ်။ အခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနထက်ဝက်နီးပါး လျော့ကျသွားတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့ပေါ်တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ ခြောက်ထောင်ဝန်းးကျင် အကူအညီလိုအပ်နေ

မတ်၊ ၉ စစ်ကိုင်းတိုင်းချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကနီမြို့ပေါ်တိုက်ပွဲကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူဦးရေခြောက်ထောင်လောက် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီ ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။ “ရှောင်လာတဲ့ ဦးရေက ရုတ်တရက်ကြီး အရမ်းများတယ်၊ ဒီထဲမှာ Non [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီ သင်္ဃန်းညီနောင်က စစ်ကောင်စီတပ်ရင်းတိုက်ခိုက်ခံရပြီးတိုက်ပွဲဆက်ဖြစ်နေ

မတ်၊ ၇ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်မှာစစ်ကောင်စီတက်နဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ဒီကနေ့ မနက်ပိုင်းကနေ အခုညပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ “တပ်ရင်းကို သွားချတာလို့ ပြောလို့ရတာပေါ့နော်၊ တိုက်ပွဲက တော်တော်ပြင်းထန်တဲ့သဘောတော့ ရှိတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရသေ့တောင်ကိုAA သိမ်းပိုက်နိုင်ရန် လက်တကမ်းသာလို

မတ်၊ ၇ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်ရင်း သုံးခုသာ ကျန်တော့တဲ့ ရသေ့တောင်မှာ ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်အရှိန်မြင့်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်နေရာအများစုကို သိမ်းပိုက်ထားနိုင်ပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။ AA ဟာ ရသေ့တောင်မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ပြီးခဲ့တဲ့ လကတည်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KIA ထိုးစစ်အတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး

မတ်၊ ၇ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတွေရဲ့ ဒီကနေ့ ဝိုင်းမော်မြို့နယ် ထိုးစစ်အတွင်း ဒေသတွင်းစစ် ကောင်စီအမာခံ ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရွှေမင်းသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေ နဲ့နီးစပ်သူက အတည်ပြုပါတယ်။ ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို ဒီကနေ့မနက် ခုနစ်နာရီလောက်က ကားတစီးနဲ့ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]