ဒေသအလိုက် သတင်းကဏ္ဍ

AA အလိုမရှိကြောင်း ဆန္ဒပြဖို့ ရိုဟင်ဂျာတွေအဓမ္မစေခိုင်းခံနေရ

မတ် ၂၃ ရက္ခိုင့်တပ်တော်(AA)က မြို့တွေတခုပြီးတခု သိမ်း ပိုက်နေတဲ့ရခိုင်ပြည်နယ်မှာ AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စည်းရုံး၊ စေခိုင်းကာ ပဋိပက္ခတွေ ဖန်တီးနေတယ်လို့ ကာယကံရှင်ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမှာ သားအမိသုံးဦးအစာအဆိပ်သင့်၊နှစ်ဦးသေဆုံး၊တဦးစိုးရိမ်ရ

မတ်၊ ၂၃ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၁ ရက် ည နေပိုင်းက သားအမိသုံးဦးအစာအဆိပ်သင့်လို့ မိခင်သမီးသေဆုံးကာ သားဖြစ်သူကတော့ စိုးရိမ်ရအ ခြေအနေနဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မြဝတီမြို့အခြေစိုက်လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “ဆေးရုံရောက်တော့ မိခင်နဲ့ သမီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်း တိုက်ပွဲမှာ စစ်တပ်က အကျအဆုံးများနေသလို တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး

မတ် ၊ ၂၁  စစ်ကိုင်းတိုင်း ဒေသကြီးကောလင်းမြို့အနောက်ခြမ်းကို  စစ်တပ်က အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာလို့တနေ့ကုန်နီးပါတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့သလို တော်လှန်ရေး ရဲဘော်နှစ်ဦးလည်း ကျဆုံးသွားတယ်လို့ ကောလင်းခရိုင်  တပ်ရင်း ၂ ကပြောပါတယ်။ ဒီကနေ့ မနက်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သား သုံးဦးထပ်မံ သေဆုံး

မတ် ၊ ၂၁ ကလေးမြို့နယ်ပျဉ်းခုံလေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို အရပ်သားသုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဖက်နဲ့ မြောက်ဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကလေးမြို့အခြေစိုက်အမြောက်တပ်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလှူပွဲအတွက်ပစ္စည်းသွားဝယ်တဲ့ သံဖြူဇရပ်ဒေသခံလေးဦး နှစ်ပတ်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မတ်၊ ၂၀ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံအမျိုးသားလေးဦးဟာ ရဟန်းခံရှင်ပြုပွဲမှာ လိုအပ်တဲ့အလှူပစ္စည်းတွေ ဝယ်ယူဖို့ မြို့တက်သွားတဲ့နောက် နှစ်ပတ်ကြာအထိ ပျောက်ဆုံးနေပြီးအဆက်အသွယ်မရတော့တာကြောင့် မိ သားစုဝင်တွေစိုးရိမ်နေကြရတယ်လို့ ပျောက်ဆုံးသူတွေထဲကတဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ဒေသခံကDNAကို ပြော ပါတယ်။  “ခုထိတော့ ရှာနေတုန်းပဲ၊ သွားနိုင်တဲ့နေရာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို AA စတင်သိမ်းပိုက်

မတ် ၂၀ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုသိမ်းပိုက်ထားပြီးတဲ့ ရခိုင့် တပ်တော် AA ဟာ  ဘူးသီးတောင်မြို့နယ် တောင်ဘဇားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၅၂ ကို မနေ့က သိမ်းပိုက် လိုက်ပြီလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး၊ လက်နက်မျိုးစုံ သုံးရာ့ ခြောက်ဆယ်ကျော်ရ

မတ် ၊ ၂၀ အခုလအတွင်း ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ် စခန်းသိမ်းတိုက်ပွဲ ငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးကာ စစ်ကောင်စီဘက်ကတော့ လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ KNLAနဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၇ရက်ကနေမနေ့ကအထိ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာပြစ်ဒဏ်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မပို့ဘဲရဲစခန်းအချုပ်မှာပဲချုပ်နှောင်ထား

မတ် ၊ ၂၀ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသား ၊ အကျဉ်းသူ စုစု ပေါင်း လေးဆယ်ကို သက်ဆိုင်ရာ ထောင်တွေဆီကိုမပို့ဘဲ ရဲစခန်း အချူပ်ခန်းမှာပဲ ဖမ်းဆီးထားတာကြောင့်  အကျဉ်းသားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်

မတ် ၁၉ ရခိုင်ပြည်နယ်မှတ်ပုံတင် (၁၁မျဉ်းစောင်း)ကိုင်ဆောင်သူတွေကို အဝေးပြေးခရီးသည်တင်ယာဉ် လိုင်းတွေအနေနဲ့ လက်မှတ်မရောင်းချဖို့ စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတယ်လို့ ယာဉ်လိုင်းတွေဆီကစုံစမ်းသိရှိရပါတယ်။ “ကားစီးမယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ မိတ္တူုလိုမယ်၊ ၁၁ မျဉ်းစောင်းတွေဆိုရင်တော့ ကားစီးခွင့်မရဘူးနော်” လို့ ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းတခုကDNAကို ပြောပါတယ်။ ၁၁မျဉ်းစောင်းမှတ်ပုံတင်ကိုင်သူတွေကို [ဆက်လက်ဖတ်ရှုရန်]