No Picture
ဧရာဝတီတိုင်း

ဧရာဝတီတိုင်းသွားမယ့် ခရီးသည်တင်ကားတွေကို ဒဂုံဧရာအဝေးပြေးမှာ ပိတ်ဆို့စစ်ဆေး 

ဖေဖော်ဝါရီ၊ ၉ ဧရာဝတီတိုင်းကို ထွက်ခွာမယ့် အဝေးပြေးကားတွေကို ရန်ကုန်မြို့လှိုင်သာယာ ဒဂုံဧရာအဝေး ပြေးထွက်ပေါက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပိတ်ဆို့ပြီးတော့ တင်းကျပ်စွာစစ်ဆေးခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့သူတဦးကပြောပါတယ်။ ဒီကနေ့ဖေဖော်ဝါ ရီလ ၉ ရက်နံနက်ပိုင်းမှာ လက်နက်အပြည့်အစုံနဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးလောက်က ဧရာဝတီတိုင်းကိုထွက်ခွာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ပြည်သူပူးပေါင်းမှုရှိရင် ဧရာဝတီတိုင်းရဲ့ စစ်ရေးစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ဆို

ဖေဖော်ဝါရီ၊ ၉   ဧရာဝတီတိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ တော်လှန်ရေးတပ်တွေနဲ့ ဧရာဝတီဒေသခံ ပြည်သူ လူထုကြား ချိတ်ဆက်ပြီး လက်တွဲပူးပေါင်းနိုင်ရင် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေဖော်ဆောင်ရာမှာကြုံရမယ့် စိန်ခေါ် မှုတွေကို အတိုင်းအတာတခုထိ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

မြန်မာ့ဆန်အိုးကြီးကို ခြိမ်းခြောက်လာတဲ့ လေထုညစ်ညမ်းမှု

ဖေဖော်ဝါရီ ၊ ၈ အကယ်၍ သင်ဟာ ကျန်းမာရေး ကောင်းမွန်နေတဲ့အချိန်မှာ အသက်ရှုရတာ ခက်ခဲလာနေပြီ၊ လေ ရှုရတာဟာ သက်သောင့်သက်သာ မဖြစ်စေဘူး၊ လေထဲမှာပါလာနေတဲ့ အနံ့တွေ အမှုန်အမွှားတွေဟာ နှာခေါင်းကတဆင့် လည်ချောင်းထဲကိုရောက်သွားတာမှာ စိတ်မကြည်ဘူးလို့ ခံစားနေရပြီ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း နယ်စွန်နယ်ဖျား ကျေးရွာတွေအထိ လှည့်ကင်းပတ် လုံခြုံရေး တိုးမြှင့်နေ

ဖေဖော်ဝါရီ၊ ၇ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်ဒေသတွေအထိ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေ ရောက်လာတဲ့ နောက် စစ်ကောင်စီကစစ်ဆေးမှုတင်းကျပ်တာတွေရှိသလိုဧရာဝတီတိုင်းထဲကမြို့ နယ်တွေရဲ့ အစွန်အဖျားကျေး ရွာတွေမှာပါ လုံခြုံရေးတိုးမြှင့် ကင်းပတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ လပေါင်းများစွာကြာချိန်မှ တခါတရံသာတွေ့ရတတ်တဲ့ စစ်ကောင်စီလုံခြုံရေး [ဆက်လက်ဖတ်ရှုရန်]

No Picture
သတင်းဆောင်းပါး

စပါးပေါ်ချိန် သောကပွေချိန်ဖြစ်လာတဲ့ ဧရာတောင်သူတွေ

ဖေဖော်ဝါရီ၊ ၆ “ သွင်းကုန်က နှစ်ဆဈေးတက်သွားတယ်။ စပါးဈေးက ပြုတ်ကျတယ်။ ရေကလည်း ကြီးလိုက်သေးတယ် ပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်တဲ့ ” ဒါကတော့ ဧရာဝတီတိုင်းက တောင်သူဖွံ့ဖြိုးရေးအဖွဲ့တခုမှာ ခေါင်းဆောင်ပိုင်းတာဝန်ယူထားသူ တဦးရဲ့ ညည်းညူသံပါ။ ပြီးခဲ့တဲ့မိုးစပါးမပေါ်ခင်က [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

စစ်ရေးတင်းမာလာတဲ့ ဧရာဝတီတိုင်းမှာ နိုင်ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်လို့ PPNM ပြော

  ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းမှာ စစ်ရေးတင်းမာလာနေလို့ စစ်ကောင်စီဟာ ဒေသတွင်း အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကိုပိုမိုဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင်ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာလာတဲ့နောက်ပိုင်း ပုသိမ်အကျဉ်း ထောင်မှာ လုံခြုံရေးတင်းကြပ်မှုတွေရှိလာတယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ငသိုင်းချောင်းမှာ မူလတန်းကျောင်းသူတဦး အဓမ္မကျင့်ခံရပြီးနောက် အသိပညာပေး ဟောပြောပွဲတွေပြုလုပ်

ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ မှာစတုတ္ထတန်း(Grade-4) ကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာကြောင့် အသိပညာပေးဟောပြောတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ငသိုင်းချောင်းမြို့အပိုင် သောင်ရွာကနေ ငသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(အလကခွဲ)ကျောင်းကို လာရောက်ပညာသင်ကြားနေတဲ့ G-4ကျောင်းသူတဦးဟာ တရွာတည်းနေထိုင်သူ အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ဧရာဝတီသားတွေ ဇာတိမြေကို ထိုးဖောက်ဝင်ရောက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးပြော 

ဖေဖော်ဝါရီ၊ ၄ မြစ်ဝကျွန်းပေါ်သားတွေ (ဧရာဝတီတိုင်း) ဇာတိရပ်ထံပြန်ဝင်နေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာ ကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းဟာ တော်လှန်ရေးအရ ရေခံမြေခံကောင်းတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ရွှေသောင်ယံဒေသခံတွေ ထပ်မံစစ်ရှောင်ဖို့ ပြင်ဆင်နေ

ဖေဖော်ဝါရီ ၄ ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့အရှေ့ဖက် ကျောက်ချောင်းကြီးသစ်တောကြိုးဝိုင်းဖက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ လက်နက်ကြီးသံတွေကို ဇန်နဝါရီလ ၃၀ ရက်စတင်ပြီးတော့ ရွှေသောင်ယံမြို့ပေါ်ကနေကြားလာရတာပါ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာတော့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

တိုက်ပွဲတချို့ စတင်ဖြစ်ပွားလာတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်က စစ်ယာဥ်တန်းတွေ စေလွတ်နေ

ဖေဖော်ဝါရီ၊ ၃ ရခိုင်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ဖက်ကနေ စစ်ယာဉ်တန်းတွေ စေလွတ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတချို့က DNAကိုပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ၃ရက်နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဖက်ကို စစ်ကား ၈ စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]