ခွေးတိုးပေါက်ကချောင်လို့လား
(၁)တနေ့သ၌ကျွန်ုပ်၏အိမ်တော်မင်္ဂလာဝန်းအ တွင်းသို့ အဘယ်ကမျက်စိလည်လမ်းမှားလာ သောခွေးတကောင်ရောက်လာ၏။ခွေးကအ သွေးအမွှေးကောင်းကာ ခွေးချောလေးဖြစ်သော ကြောင့် မဒမ်ဖျံကဟင်းကျန်ထမင်းကျန်လေးတွေချကျွေး၏။ဘရိတ်ဖတ်၊လန့်ခ်ျ၊ဒင်နာစသည်ဖြင့်နေ့စဉ်ရက်ဆက် မပျက်မကွက်ကျွေးမွေးသောအခါ ခွေးမှာအိမ်ကမခွာတော့။ မဒမ်ဖျံက ခွေးထီးလေးကို”တိုးပွား”ဟုပင် အမည်ပေးလိုက်သေး၏။တိုးပွားကလည်းခွေး တို့၏မာယာအတိုင်း မဒမ်ဖျံသွားလေးရာတ ကောက်ကောက်လိုက်၏။ညဖက်အိမ်ရှေ့ဖိနပ် ချွတ်တွင်အိပ်ပြီး သူစိမ်းမြင်လျှင်ထထဟောင်၏။ဤမျှဆိုလျှင် ခိုးတို့၏ဝတ္တရားကျေပြီ မဟုတ်လား။ [ဆက်လက်ဖတ်ရှုရန်]