နိုင်ငံရေး

ကျိုက်မရောမှာ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

နိုဝင်ဘာ၊ ၁၃   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ နယ်မြေရဲစခန်းနဲ့ အတ္ထံရံတံတား စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နေ့လယ် ၂ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ် က မြေပြင် ဝေဟင်ကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေတာရှည်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူ

နိုဝင်ဘာ ၁၃   ပဲခူးတိုင်း၊ ရေတာရှည်၊ အင်ကြီးပေါက်ရွာ မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်ကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။   ” ဟုတ်တယ် အဲ့နေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်း ရဲအားလုံး AA ထံ လက်နက်ချအညံ့ခံ

နိုဝင်ဘာ၊ ၁၃   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်အားလုံးဟာ ရက္ခိုင့်တပ်တော် (AA)ထံ ဒီနေ့မနက်ပိုင်းက လက်နက်ချ အဖမ်းခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်အားလုံးကို လက်နက်ခဲယမ်းနဲ့တကွ AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ AA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွိုင်ကော်အနီး တိုက်ပွဲတွေကြောင့် ယာဉ်တချို့ ပိတ်မိနေပြီး ခရီးသည်တွေ ဖယ်ခုံမှာ သောင်တင်

နိုဝင်ဘာ ၁၃   ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လွိုင်ကော်ကိုသွားမယ့် ခရီးသည်တင်ကားတချို့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်မှာ ပိတ်မိနေတာ သုံးရက်ရှိပြီလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ CNA ပြောခွင့်ရ အတည်ပြု

နိုဝင်ဘာ၊ ၁၃   အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNA)နဲ့ ပူးပေါင်းတပ်တို့က ဒီကနေ့မနက်မှာ သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆောင်းရာသီမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်ခြေအတွက် ကြိုပြင်ထားဖို့ ယူကရိန်း သမ္မတ သတိပေး

နိုဝင်ဘာ၊ ၁၃ ဆောင်းရာသီ ဝင်ရောက်လာမှုကို အခွင့်ကောင်းယူပြီး ရုရှားက ကျင့်ဝတ်မဲ့ပြီး ရက်စက်တဲ့ စစ်ရေး အစီအမံတွေ အကောင်အထည် ဖော်လာနိုင်တာကို ကြိုတင် ပြင်ဆင်ထားကြဖို့ ယူကရိန်း ပြည်သူတွေကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်၊ စစ်ကောင်စီတပ်စခန်းတချို့ကို AA သိမ်းပိုက်ရရှိ

နိုဝင်ဘာ၊ ၁၃   ရှမ်းမြောက်မှာ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းနဲ့ စစ်ကြောင်းတချို့ကို ဒီနေ့မနက် ငါးနာရီဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့နဲ့ လက်နက်တွေ သိမ်းပိုက်ရရှိထားပြီလို့ နီးစပ်သူတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆယ်စုနှစ် တခုကျော်အတွင်း စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို SFM ထုတ်ပြန်

နိုဝင်ဘာ၊ ၁၂ ဆယ်စုနှစ် တခုကျော်လောက် ကာလအတွင်း မြန်မာ စစ်တပ်ဟာ ဆိုးရွားလှတဲ့ ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ခဲ့ပြီး အဲဒီကိစ္စတွေအတွက် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ အားလုံးရဲ့ သုံးပုံနှစ်ပုံလောက်မှာ တိုက်ရိုက် တာဝန်ရှိကြောင်း စောင့်ကြည့်ရေး အဖွဲ့တခုက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုးကန့်ဒေသက ဩဇာကြီးမားတဲ့ မိသားစုတခုက လေးဦးကို အွန်လိုင်း လိမ်လည်မှုနဲ့ တရုတ် ဝရမ်းထုတ်

နိုဝင်ဘာ၊ ၁၂ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို ဦးဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုးကန့်ဒေသက အထင်ကရ စီးပွားရေး လုပ်ငန်းရှင် မင်မိသားစုထဲက ၄ ဦးကို တရုတ်က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်က မြို့နယ်ရှစ်ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာ

နိုဝင်ဘာ၊ ၁၂   ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ ညမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။   စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]