နိုင်ငံရေး

NLD နာယကဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ်၂၀ အမိန့်ချ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက ဦးဝင်းထိန်ကို နေပြည်တော်မှာရှိတဲ့တရားရုံးတစ်ခုက ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချခဲ့တယ်လို့ Myanmar Now သတင်းဌာနကဖော်ပြချက်အရ သိရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က နဲ့ ဒီနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်အုပ်စုကို ဆက်ဖိအားပေးမယ်လို့ ကမ္ဘောဒီးယားပြောကြား

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တွန်းအားပေးမယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌသစ်ဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးပရက်ဆိုခွန်း က အောက်တို ဘာ၂၈ရက်မှာ ပြော ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဌအဖြစ် စတင်တာဝန်ယူမယ့် လာမယ့်နှစ်ဦးပိုင်းမှာပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင် ရေလဲလေးကျေးရွာက NLD ဒုဥက္ကဌအပါအဝင် ၄ဦး အဖမ်းခံရ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ် ရေလဲလေးကျေးရွာက NLDပါတီ ဒုဥက္ကဌအပါအဝင် အပြစ်မဲ့ပြည်သူ ၄ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က အောက်တိုဘာလ ၂၈ရက်နေ့ နေ့လည် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာအခြေအနေ မတိုးတက်ရင် တခြားနည်းလမ်းရှာရလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံအခြေအနေတိုးတက်မှု မရှိရင် တခြားနည်းလမ်းတွေ ရှာရလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေပြီးတဲ့ အောက်တိုဘာ၂၈ရက်နေ့မှာ  မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို အဲဒီလိုပြောကြားလိုက်တာပါ။ ဘယ်လိုနည်းလမ်းတွေကို ရှာဖွေမလဲဆိုတာကိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီမြို့မှာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူရဲ့ နေအိမ်မီးရှို့ခံရပြီး ၅ဦးသေဆုံး

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ တနင်္သာရီမြို့နယ် ၊ ပဝကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်လို့ဆိုသူ ဦးမြင့်ဌေးရဲ့ နေအိမ် မီးရှို့ခံရပြီး ၅ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၉ရက်နေ့ မနက် ၄နာရီခန့်မှာ အမည်မသိအဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၅ဦး ရှိလာ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းကာလ ၉လပြည့်တော့မယ့်အချိန်မှာ နိုင်ငံရေးအကျဉ်းသား ၆၅ဦး သေဒဏ်ချ မှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဖေဖေါ်ဝါရီ၁ရက်နေ့ကနေ အောက်တိုဘာ၂၈ရက်နေ့အထိ AAPPရဲ့ မှတ်တမ်းအရ အသက်၁၈နှစ်အောက်ကလေး ၂ဦးအပါအဝင် ၂၆ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၆၀ကျော်သေ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ၂ရက်တာ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဗိုလ်မှူးအဆင့်ပါအဝင် ၆၀ဦးကျော် သေဆုံးခဲ့တယ်လို့ Kawlin Revolution ကထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့မှာ ၂ရက်တာအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း၊ကရင်ကန်ဂိတ်မှာဗုံးကွဲ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က ကရင်ကန်စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၈နာရီ၁၀မိနစ်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ မြို့ခံ​တွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲချိန်မှာ ဂိတ်စောင့်အကြမ်းဖက်စစ်သားတွေ အဆာပြေထမင်းစားနေချိန်မို့ လူထိခိုက်ခြင်းမရှိတာလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ‘ဗုံးကသဲအိတ်တွေထဲမှာ ပေါက်တာ။ ထိခိုက်ပျက်စီးမှုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမြို့နယ်အတွင်း စစ်အုပ်စုယာဉ်တန်း မိုင်းနှစ်ခါထိ

၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ကို အင်အားဖြည့်တင်းဖို့သွားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကား ၁၃စီးကို ဒေသခံ PDFပူးပေါင်းအဖွဲ့က နှစ်ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံး ဒဏ်ရာရသူ များပြားနိုင်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ထောက်ခံစာယူဖို့လာတဲ့လူနှစ်ဦး အုပ်ကြီးကို သေနတ်နဲ့ပစ်

၂၇ ‌၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ မြင်းခြံခရိုင် တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ အပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဒီကနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]