နိုင်ငံရေး

သင်္ဃန်းညီနောင် ခမရ (၃၅၅) ကို တစိတ်တပိုင်းသိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲဆက်ဖြစ်နေဆဲလို့ KNU တာဝန်ရှိသူပြော

မတ်၊ ၈   ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၅၅)ရဲ့ တစိတ်တပိုင်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားနိုင်ပေမယ့် တပ်ရင်းတခုလုံး သိမ်းပိုက်နိုင်တာ မရှိသေးဘူးလို့ KNU တပ်မဟာ (၆) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာ Mytel ဝန်ထမ်းငါးဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး

မတ်၊ ၈   မွန်ပြည်နယ်၊ ရေးမြို့နယ် စံပြကျေးရွာမှာ မနေ့ မတ် ၇ ရက် နေ့လယ်ပိုင်းက Mytel ကုမ္ပဏီဝန်ထမ်းအပါအဝင် အလုပ်သမားငါးဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ကြိုးသွားပြင်နေတဲ့အချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်တောင်ပိုင်းမှာ စစ်သင်တန်းပေးဖို့ ကျေးရွာတအုပ်စု လူနှစ်ဆယ်စီ စာရင်းကောက်

မတ်၊ ၈   ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနဲ့ ဂွမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်အတွက်ဆိုပြီး ကျေးရွာအုပ်စုတခုကို လူနှစ်ဆယ်စီ စာရင်းပေးကြဖို့ လာရောက်တောင်းခံနေပြီး တချို့ကိုတော့ စစ်သင်တန်းစပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။   နိုင်ငံအဝှမ်း မြို့နဲ့ တပ်စခန်းတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေယာဉ်ပြေးလမ်း လက်နက်ကြီးထိလို့ ဗန်းမော်လေဆိပ် ရက်အကန့်အသတ်မရှိပိတ်

မတ်၊ ၈   ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမတလျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား မနေ့ကစတင်တဲ့ တိုက်ပွဲတွေအတွင်း ဗန်းမော်လေဆိပ် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့နောက် လေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တဦးက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်တွင်းရွှေဈေး ကျပ်သိန်းလေးဆယ်ကျော်နဲ့ အမြင့်ဆုံးစံချိန်သစ်တင်

မတ်၊ ၈   ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်လာချိန် ပြည်တွင်းအခေါက်ရွှေ တကျပ်သား သိန်းလေးဆယ်ကျော်အထိ စံချိန်တင်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ဒီကနေ့ နေ့လယ်ပိုင်းအထိ ဈေးနှုန်းသတ်မှတ်ချက်တွေအရ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမှာ ရဲအုပ်တဦးအပါအ၀င် ရဲငါးဦးကို ချင်းကာကွယ်ရေးတပ်က ဖမ်းဆီး

မတ်၊ ၈   ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) မှာ လုံခြုံရေးအစောင့်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တဦးအပါအ၀င် ရဲတပ်သား ငါးဦးကို ဖမ်းဆီးထားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) တပ်မဟာ (၄) တပ်မဟာမှူးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီမှုကို ခက်ခဲစေတယ်လို့ ညီနောင်သုံးဖွဲ့ သတိပေး

မတ်၊ ၆   ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ နှစ်ဖက်အပစ်ရပ်သဘောတူချက်ဖြစ်တဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်တယ်လို့ TNLA၊ MNDAA နဲ့ AA တို့ပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းဘုန်းတော်ကြီးတပါး အသတ်ခံရမှုဂယက် ထိုင်းရောက်မြန်မာတွေ သတိပြုဖို့တိုက်တွန်း

မတ်၊ ၆   ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းကျောင်းထိုင်ဆရာတော်တပါးကို မြန်မာနိုင်ငံသားတဦးက အုတ်ခဲနဲ့ ထုသတ်လိုက်တဲ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသားတွေအပေါ်ကို သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် သတိထား သွားလာနေထိုင်ကြဖို့ မြန်မာ့အရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေ့စဉ်စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကိုင်းတိုင်းမှာလုပ်မယ့် စစ်ကောင်စီ ‘အ’သုံးလုံးစီမံချက် ဝေဖန်ခံနေရ

မတ်၊ ၆   အာဏာသိမ်းပြီးနောက် နေ့စဉ်စစ်ကြောင်းထိုး မီးရှို့ခံရတာနဲ့ တိုက်ပွဲတွေ၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ‘အ’သုံးလုံး စီမံချက်လုပ်ဖို့ စစ်ကောင်စီကပြ င်ဆင်နေတာဟာ လက်တွေ့နဲ့ကင်းကွာတဲ့ လုပ်ရပ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဏ္ဏားကျွန်းတိုက်ပွဲမှာ ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အသေမိတယ်လို့ AA ဆို

မတ်၊ ၆   ပုဏ္ဏားကျွန်းမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ (၅၅၀) တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူး တို့အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် အမြောက်အမြားကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခုင့်တပ်တော် [ဆက်လက်ဖတ်ရှုရန်]