ခင်ဦးမှာ ကျေးရွာပအဖတဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး သေဆုံး
ဖေဖော်ဝါရီ၊ ၂၇ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေဦးမြို့နယ်ကနေ ခင်ဦးနယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအခြေအနေကို ကင်းထောက်ပြီး ရွာခံတွေကိုအသိပေးဖို့ကြိုးပမ်းရာက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက် နေ့လယ်ပိုင်းမှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် မကျီးအုပ်ရွာသားတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]