နိုင်ငံရေး

ရွေးကောက်ပွဲအသစ်က နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအသစ်ဟာ  လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်းက နိုင်ငံရေးလေ့လာသူတွေ၊ ပါတီခေါင်းဆောင်တချို့ကပြောဆိုလိုက်ပါတယ်။ အရေးပေါ်ကာလကို ခြောက်လထပ်မံသက်တမ်းတိုးထားတဲ့စစ်ကောင်စီဟာ နိုင်ငံတဝန်းက လက်နက်ကိုင်ဆန့်ကျင်နေတဲ့သူတွေကို အင်းအားပိုသုံးပြီးချေမှုန်းဖို့ကြိုးစားနေသလိုတဖက်ကလည်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာရဲသုံးဦး ပစ်ခတ်ခံရပြီးနယ်ထိန်းတဦးပွဲချင်းပြီးသေဆုံး

မတ်၊ ၁၇ ရန်ကုန်မြို့၊သာကေတမြို့နယ်၊၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် တဦးနေရာမှာတင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီကသိရပါတယ်။ သာကေတ မြို့နယ်၊(၁၀​)မြောက်ရပ်ကွက်ရဲ့ နယ်ထိန်း စောလေးဖော၊ရဲတပ်ကြပ်ကြီးစာရေး(ဂတ်စာရေး)နဲ့ရဲတပ်သားတဦးတို့ဟာ ဒီကနေ့ မတ်လ ၁၇ရက်၊နေ့လယ်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးမီးရှို့ခံရတဲ့ ထီးလင်း ရွှေခုံတိုင်ရွာက အသက်ရှစ်ဆယ်ကျော်မျက်မမြင်အဖွားအိုမီးလောင် သေဆုံး

မတ်၊ ၁၇  မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာကို မတ်လ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး အသက်ရှစ်ကျော်အရွယ် မျက်မ မြင်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။  မီးလောင်ပြီးအသက်ဆုံးရှုံးခဲ့ရသူဟာ ရွှေခုံတိုင်ရွာခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေးညှိနှိုင်းဖို့ မမြင်သေးဘူးလို့ အထူးကိုယ်စားလှယ် ကုလမှာ တင်ပြခဲ့

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG နှစ်ဘက်လုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေကြပြီး နှစ်ဘက် ညှိနှိုင်းဖို့ အလားအလာဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ဒီကနေ့ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သတ်ပြီးလေ့လာတွေ့ချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံတမန် တွေကို တင်ပြခဲ့ရာမှာထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ‘’ကျွန်မမြင်တာကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သင်္ကြန်မှာ အလွန်အကျူး မပျော်ပါးကြဖို့ တော်လှန်ရေးအဖွဲ့တွေမေတ္တာရပ်ခံ

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း စစ်ကြောင်းထိုး၊မီးရှို့မှုတွေနဲ့ဖမ်းဆီးသတ်ဖြတ်တွေကျုးလွန်နေလို့ ဒုက္ခ ရင်ဆိုင်နေရသူတွေကို ငဲ့ညှာတဲ့အနေနဲ့ သင်္ကြန်ကာလမှာ အလွန်အကျူး မပျော်ပါးကြဖို့ ရန်ကုန်မြို့ပြပြောက် ကျားအဖွဲ့တွေက မေတ္တာရပ်ခံတောင်းဆိုကြပါတယ်။ “တတိုင်းပြည်လုံး စိတ်ဆင်းရဲနေချိန်၊အတော်များများ အိမ်မဲ့ယာမဲ့ မတရားသတ်ဖြတ်ခံရနေချိန်မှာ ဝမ်းမနည်း ရင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အစုအပြုံလိုက်အသတ်ခံရမှုတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာအထောက်အထားနဲ့ တင်ပြ

မတ်၊ ၁၇ ပြည်တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်လူသတ်မှုတွေကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မနေ့မတ်လ ၁၆ ရက်မှာလုပ်တဲ့ ကုလအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အခုလထဲမှာပဲဖြစ်သွားတဲ့ စစ်ကိုင်းတိုင်းထဲကတာတိုင်ကျေးရွာမှာ စစ်တပ်ကဖမ်းသွားတဲ့ ဒေသခံ ၁၇ဦးအစုလိုက်အသတ်ခံရမှုနဲ့မတ်လ ၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း၈ရွာက လူပေါင်း ကိုးထောင်ကျော် စစ်ရှောင်ရပြန်

မတ်၊ ၁၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်  ဒီကနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ စစ်ကြောင်းဝင်လာတာကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ဆည်ကြီး။ ကျီးအိုင်။ သဲကြီးကုန်း၊ မရမ်းအင်း၊ ကုန်းသာစတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်လှုပ်ရှားမှုများ

မတ်၊ ၁၆ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင် ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ရန်ကုန်မြို့မှာ ဗကသကျောင်းသားတွေက စစ်အာဏာရှင်ဆန့်ကျင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဖြူလဝကရုံး မီးရှို့ခံရပြီးနောက် စစ်ကောင်စီက အရပ်သားငါးဦးခန့်ကို ဖမ်းဆီး

  မတ်၊ ၁၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံး မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်ကြောင့် အရပ်သားငါးဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   ရေဖြူမြို့ပေါ်မှာရှိတဲ့ လ.ဝ.ကရုံးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြစ်ငယ် PDF စခန်း ဝင်ရောက်စီးနင်းခံရလို့ တဦးကျဆုံးပြီးလက်နက်ခဲယမ်းတွေ အများအပြားဆုံးရှုံး

မတ်၊ ၁၆ မန္တလေးမြို့ အခြေစိုက် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF (မြစ်ငယ်) ရဲ့ စခန်းကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးလိုက်ရတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။   မနေ့က [ဆက်လက်ဖတ်ရှုရန်]