နိုင်ငံရေး

နွေအပူကိုအံတုပြီး လွတ်ငြိမ်းမျှော်သူများ

မတ်၊ ၂၇ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မှာ အာဏာသိမ်းစစ်အုပ်စုက နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနား လုပ်နေချိန်မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာတော့ စစ်တပ်ကဖမ်းထားသူတွေကို မျှော်နေတဲ့ မိသားစုဝင်တချို့ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် အထင်ကရနေ့တွေမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လေ့ရှိတာကြောင့် ဒီကနေ့မှာ လွတ်ငြိမ်းရှိမလားဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတလင်-စိုင်ပြင်လမ်းတလျောက်ရှိကျေးရွာတွေကဒေသခံ ၄၀ နီးပါးကိုစစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ်ဖမ်းခေါ်

မတ်၊ ၂၇ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၁ က အင်အား ရာဂဏန်းရှိတဲ့စစ်ကြောင်းဟာ မတ်လ ၂၅ ရက်နေ့ကနေ အခုချိန် မနေ့ကညနေ စိုင်ပြင် မြို့ထဲကို ရောက်ရှိတဲ့အချိန်အထိ စစ်ကြောင်းတောက်လျောက်ကျေးရွာတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေပြည်တော်မှာ တပ်မတော်နေ့လုပ်နေချိန် တော်လှန်ရေးအင်အားစုက လူငယ်တွေ စစ်ခေါင်းဆောင်ကို ကျိန်စာတိုက်

မတ်၊ ၂၇ ဒီကနေ့ မတ်လ ၂၇ ရက်မှာ စစ်အုပ်စုအခြေစိုက်ရာနေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်ပြီး တပ်မတော်နေ့အခမ်းအနားပြုလုပ်နေချိန်မှာ ရန်ကုန်တော်လှန်ရေးအင်အားစုမှ လူငယ်တွေက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကျိန်စာတိုက်တဲ့လှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြတာကို ဓါတ်ပုံတွေနဲ့တကွထုတ်ပြန်ထားကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဦးခေါင်းပုံသာပါတဲ့ ဓါတ်ပုံကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေကို မြေမြှုပ်ထားတဲ့ မြေမှုန်တွေနဲ့ ကိုးရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ တပ်မတော်နေ့ကို ခင်ဦးက ကောက်စိုက်ပြည်သူတွေဆန့်ကျင်

မတ်၊ ၂၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က  ကျေးရွာဒေသခံတချို့ဟာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ကိုဆန့်ကျင်ကြောင်း ကောက်စိုက်ရင်း ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့တပ်မတော်နေ့မှာ စစ်အာဏာရှင်ကိုအလိုမရှိကြောင်း၊ ကျဆုံးပါစေကြောင်းနဲ့  NUG ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အယူခံအမှုတွေအတွက် ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မပေး

မတ် ၊ ၂၆  နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီအဖွဲ့က သူမကို အမိန့်ချမှတ်ထားတဲ့ အမှုတွေအတွက် အယူခံတင်မယ် ကိစ္စတွေနဲ့ ပက်သက်ပြီး ရှေ့နေအဖွဲ့ကို တွေ့ခွင့်မပေးသေးဘူးလို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်ခံ နေပြည်တော်ရှိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတူပီကစစ်စခန်း အင်အားဖြည့်ဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၃ဦးသေ၊ ခုနှစ်ဦးဒဏ်ရာရ

မတ်၊ ၂၆ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစစ်စခန်းကို တပ်အင်အားနဲ့ ရိက္ခာဖြည့်ရန် လာတဲ့ စစ်ကြောင်းကို မတူပီ-CDF နဲ့ CNA တို့မှ မတ်လ ၂၄ ရက်က တိုက်ခိုက်ရာ စစ်တပ်ဘက် ၁၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မှတ်ပုံပြန်မတင်လို့ ပါတီပိုင်ပစ္စည်းဖျက်စီးရင် စစ်ကောင်စီတာဝန်ခံရမယ်လို့ အင်န်အယ်လ်ဒီပြော

မတ်၊ ၂၆ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်မတင်လို့ NLD ရုံးတွေကို ဖျက်ဆီးမှုလုပ်ဆောင်ရင် အဲဒီအကျိုးဆက်ကို စစ်ကောင်စီက မလွဲမသွေရင်ဆိုင်တာဝန်ခံရမယ်လို့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။  “အခုလည်းတရားဝင်ရပ်တည်နေတဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်။ကျနော်တို့ပါတီရုံးချုပ် အပါအဝင် ရုံးတွေ အကုန်လုံးက ပြည်သူတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာရှလမ်းပေါ် ပစ်ခတ်မှုတွေရှိနေလို့ ခရီးသွားလာတွေ ထို့ကော်ကိုးလ် ပတ်လမ်းကနေဖြ တ်သန်းသွားလာနေ

မတ်၊ ၂၆ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်အာရှလမ်းကမဖြတ်ဖို့ ကာကွယ်ရေးတပ်တွေက မနေ့ မတ်လ ၂၅ ရက်နေ့ကနေ စတင်ထုတ်ပြန်ထားသလို ဖြတ်သန်းသွားလာသူတွေကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ခရီးသွားယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်ကြားကာလပညာရေးကျောင်းသူကျောင်းသားတွေ ဖန်တီးတဲ့ တိုင်းရင်းသားကျေးရွာ

မတ်၊ ၂၆ မြိုင်မြို့နယ်က ပြည်သူ့အခြေပြုကျောင်းတခုက ကျောင်းသားကျောင်းသူတွေ ဖန်တီးထားတဲ့ တိုင်းရင်းသားကျေးရွာ အနုပညာလက်ရာဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ မြိုင်မြို့နယ်မှာတော့  ပြည်သူ့အခြေပြုကျောင်းကို ၂၀၂၁ စက်တင်ဘာလထဲမှာ စတင်တည်ထောာင်ခဲ့ပြီး လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၃၀၀ ကျော်မှာ ကျောင်းပေါင်း ၂၁၁ ကျောင်း ဖွင့်လှစ်ထားတယ်လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်နယ်မှာ ကျေးရွာရှစ်ရွာက ဒေသခံငါးထောင်ကျော် အမြဲတမ်းစစ်ရှောင်နေရ

မတ်၊ ၂၆ စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ၊ကျောက်ရစ်အထိုင်စခန်းက ညစဉ်လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့် ကျေးရွာ၈ရွာကဒေသခံတွေဟာအမြဲတမ်းစစ်ရှောင်နေရတယ်လို့သိရပါတယ်။ “မြစ်ကမ်းဘေးကရွာတွေအဓိကစစ်ရှောင်ရတယ် ။ကျောက်ရစ်စခန်းကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်လို့ရှောင်ရတာရှိတယ် ။မြစ်အရှေ့ဘက်ကမ်းကဒရုန်းတွေ၊အီနာဂါတွေနဲ့လာပစ်တာတွေရှိတယ် ။တခါချရင်၄လုံးတွဲတွေချလို့လူသေတာတွေရှိတယ် “ လို့Civilians defense security organization (Myaung)ကတာဝန်ရှိသူကိုနွေဦးကပြောပါတယ်။  အဲဒီလိုပစ်ခတ်မှုတွေကြောင့်ဆင်မင်းရွာ ၊ ရွှေဘုံသာရွာ ၊ဆည်ရွာ [ဆက်လက်ဖတ်ရှုရန်]