နိုင်ငံတကာရေးရာ

နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး ကြိုးပမ်းကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ကမ္ဘာကြီးဟာ ရှုပ်ထွေးတဲ့ပုံစံနဲ့ ပြောင်းလဲတိုးတက်နေတာကြောင့် နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး  ကြိုးပမ်းဆောင်ရွက်ကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဇူလိုင်လ ၆ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သံသယရှိဖွယ် မြောက်ကိုရီးယားဘက်က ဆည်ရေလွှတ်မှုကြောင့်  နယ်စပ်အနီး တောင်ကိုရီးယား ခရီးသွားတွေ ဘေးလွတ်ရာရွေ့ပြောင်းရ

တောင်ကိုရီးယားနိုင်ငံရှိ Imjin မြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းကအနီး အပန်းဖြေ ခရီးထွက်လာသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီမြစ်ရေကြီးမှုဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးမှာရှိတဲ့ ဆည်တစ်ခုထဲက ရေတွေကို လွှတ်လိုက်ပုံရတယ်လို့ ဆိုထားပါတယ်။  တောင်ကိုရီးယားနိုင်ငံတောင်ဘက် Yeoncheon [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လစ်ဗျားကမ်းရိုးတန်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦး သေဆုံး

ကလေးငယ် ၃ ဦးအပါအဝင် မာလီနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးဟာ လစ်ဗျားကမ်းလွန်မှာ သေဆုံးခဲ့တယ်လို့ မာလီအစိုးရက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုပြဿနာတွေကနေ ဥရောပကိုရွှေ့ပြောင်းဖို့အတွက် ကြိုးပမ်းမှုတွေကို တိုးမြင့်လာစေတာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီတလီနိုင်ငံမှာ  မိုးခေါင်ရေရှားမှုကို တိုက်ဖျက်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာ

အီတလီနိုင်ငံဟာ မိုးခေါင်ရေရှားမှုဒဏ်အများဆုံးခံရတဲ့ မြောက်ပိုင်းဒေသ ၅ ခုမှာ ဇူလိုင်လ ၄ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အစိုးရဟာ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ယူရို ၃၆ ဒဿမ ၅ သန်း ကိုလည်း ခွဲဝေပေးခဲ့ပါတယ်။ ရန်ပုံငွေရဲ့အကြီးဆုံးဝေစုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လကမ္ဘာကို သိမ်းပိုက်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်ကို တရုတ် ကန့်ကွက်

တရုတ်နိုင်ငံဟာ စစ်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လကမ္ဘာကိုသိမ်းပိုက်နိုင်တယ်ဆိုတဲ့ NASA အကြီးအကဲရဲ့ သတိပေးချက်ကို ဇူလိုင်လ ၄ရက်နေ့မှာ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်ကာလအတွင်း တရုတ်နိုင်ငံဟာ သူ့ရဲ့ အာကာသစီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး အထူးသဖြင့် လကမ္ဘာနဲ့ဆိုင်တဲ့ ပရောဂျက်တွေ  အဓိကထားလုပ်ဆောင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ဆင်ခြေဖုံးရှိ Highland ပန်းခြံမှာ လွတ်လပ်ရေးနေ့ ချီတက်ပွဲကျင်းပနေစဉ် သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ကလေးငယ် ၅ ဦး အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီတလီမှာ ရေခဲမြစ်အစိုင်အခဲတွေ ပြိုကျတာကြောင့် တောင်တက်သမား ၆ဦး သေဆုံး

အီတလီနိုင်ငံမှာရှိတဲ့ Alpine တောင်မှာရှိတဲ့ ရေခဲမြစ်ဟာ ဇူလိုင်လ ၃ရက်နေ့က ပြိုကျခဲ့ပြီး တောင်တက်သမားအနည်းဆုံး ၆ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ နိုင်ငံသားနဲ့ အသက်အရွယ်ကို ချက်ချင်းမသိရနိုင်သေးဘဲ ဆေးရုံတင်ထားရသူတွေထဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားအလံတင်ထားတဲ့ ကုန်တင်သင်္ဘောကို တူရကီ ဖမ်းဆီး

စပါးတွေတင်ဆောင်လာတဲ့ ရုရှားကုန်တင်သင်္ဘောကို တူရကီ အကောက်ခွန် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အဲဒီစပါးတွေဟာ ယူကရိန်းဆီကနေ ခိုးယူထားတာလို့ ကိယက်ဗ်အစိုးရက ဆိုထားပါတယ်။  Zhibek Zholy သင်္ဘောဟာ  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒိန်းမတ်ကုန်တိုက်မှာ ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး

  ဇူလိုင်လ ၃ ရက်နေ့က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်ရှိ လူစည်ကားရာဈေးဝယ်စင်တာတစ်ခုမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး တခြား ၃ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟောင်ကောင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂၀ကျော် ပျောက်ဆုံးနေ

တောင်တရုတ်ပင်လယ်မှာ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂ ဒါဇင်ကျော် ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားတွေက သူတို့ကို ရှာဖွေဖို့ ကြိုးစာနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၀ [ဆက်လက်ဖတ်ရှုရန်]