နိုင်ငံတကာရေးရာ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ခင်ပွန်း နေအိမ်မှာ တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန် 

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီရဲ့ ခင်ပွန်းဟာ နေအိမ်ထဲ ကျူးကျော်လာသူ တစ်ဦးရဲ့ ရန်ပြု တိုက်ခိုက်မှုကြောင့် အတော်လေး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။  ပေါလ်ပလော့စီဟာ ဦးခေါင်းခွံကွဲအက်ပြီး ညာလက်မောင်းနဲ့ လက်ဖျံတို့မှာလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Lockdown အိပ်မက်ဆိုးနဲ့ နောက်တစ်ကြိမ် ကြုံလာပြန်တဲ့ ဝူဟန်မြို့ 

ကိုဗစ်ရောဂါ အစပြု ပျံ့နှံ့ခဲ့ရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ဒေသခံ တချို့ဟာ နောက်တစ်ကြိမ် Lockdownချမှုကို ကြုံတွေ့ ခံစားရဦးမှာ ဖြစ်ပါတယ်။  ပြည်တွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတယ်ဆိုပြီး တရုတ် အာဏာပိုင်တွေက နိုင်ငံအနှံ့ ဒါဇင်နဲ့ချီတဲ့ မြို့တွေထဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်က ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်ဘီးမှာ အလောင်းရှာတွေ့

အီရန်ကနေ ဂျာမနီကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးမှာ ကပ်တွယ်ပါလာတဲ့ အလောင်းတစ်လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။  အောက်တိုဘာ ၂၇ ရက်က ဖရန့်ဖတ် လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ခရီးစဉ် အမှတ် ၆၀၁ လေယာဉ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နေမကောင်းတဲ့ ပန်ဒါဝက်ဝံလေးကို ကုသပေးဖို့ တရုတ် ပညာရှင်တွေကို ထိုင်ဝမ်ဖိတ်ခေါ်

နာမကျန်း ဖြစ်နေတဲ့ ပန်ဒါဝက်ဝံကို ကူညီ ကုသပေးဖို့အတွက် တရုတ်ရဲ့ တရုတ်ရဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေကို ထိုင်ဝမ်က ဖိတ်ခေါ်ထားပါတယ်။  ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ လတ်တလောမှာ ဆက်ဆံရေး အတင်းမာဆုံး အခြေအနေ​ ဖြစ်နေပေမယ့်လည်း ပန်ဒါ အထီးလေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Twitter ကို အီလွန်မတ်စ်ခ် ဝယ်ယူ၊ ကုမ္ပဏီ အကြီးအကဲတချို့ ချက်ချင်း အလုပ်ပြုတ်

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်စ်ခ်ဟာ ကမ္ဘာကျော် လူမှုကွန်ရက် ကုမ္ပဏီ Twitterကို သိမ်းသွင်း ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။  တရားဝင် လုပ်ငန်းလွှဲပြောင်းမှု စာချုပ်ကို ချုပ်ဆိုအပြီးမှာပဲ မတ်စ်ခ်ရဲ့ ဩဇာဟာ လုပ်ငန်းအပေါ် စတင် သက်ရောက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ် တစ်နိုင်ငံတည်းကိုသာ အဓိက ပြိုင်ဘက်အဖြစ် အမေရိကန် ရှုမြင်ထား

ရုရှားရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာပေမယ့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုဟာ တရုတ်သာ ဖြစ်နေဆဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။  ရုရှားဟာ အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လိုမှု ပြသနေပြီး တရုတ်ကလည်း ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ စိုင်းပြင်းနေကြောင်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒုတိယကမ္ဘာစစ်အလွန် အန္တရာယ် အကြီးဆုံး ကာလမျိုး ရောက်နေပြီလို့ ပူတင်ပြော 

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ရေးတင်းမာမှုတွေ အန္တရာယ် အကြီးမားဆုံး ကြုံတွေ့နေတဲ့ ဆယ်စုနှစ် တစ်ခုကို တစ်ကမ္ဘာလုံး ဖြတ်သန်း ကြုံတွေ့နေရပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။  အောက်တိုဘာ ၂၇ ရက်က ရှည်ရှည်လျားလျားနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုတ်တရက် ရေကြီးလို့ မလေးရှားက ဂူထဲမှာ ပိတ်မိသူ သုံးဆယ်လောက်ကို ကယ်ထုတ်ခဲ့ရ

ရုတ်တရက် ရေကြီးလာလို့ မလေးရှားက လှိုူဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေသူ ၃၀ လောက်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။  မလေးရှား မြောက်ပိုင်းက ထုံးကျောက်လှိုဏ်ဂူ တစ်ခုထဲ ရောက်ရှိနေတဲ့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လှိုဏ်ဂူဝကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပျောက်နေတဲ့ အင်ဒို အမျိုးသမီးရဲ့ အလောင်းကို စပါးအုံးမြွေ ဗိုက်ထဲမှာ ရှာတွေ့

အင်ဒိုနီးရှားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကြီး တစ်ဦးရဲ့ ရုပ်အလောင်းကို စပါးအုံးမြွေကြီး တစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။  ဘီတာရာဂျမ်ဘီ ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဂျာရားဆိုတဲ့ အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား စမ်းသပ်နိုင်ခြေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားကို မဟာမိတ် သုံးနိုင်ငံ သတိပေး

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု တစ်ခုသာ ပြုလုပ်ခဲ့မယ်ဆိုရင် တွေးတောင် မတွေးမိဖူးတဲ့ တုံ့ပြန်မှုမျိုးတွေ ကြုံလာရစေမယ်လို့ အမေရိကန်နဲ့ အာရှ မဟာမိတ်တွေက မြောက်ကိုရီးယားကို သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။  အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]