No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်ရေးအထိနာနေပေမယ့် ကုလားတန်စီမံကိန်း ဆက်အကောင်အထည်ဖော်ရေး အိန္ဒိယနဲ့ စစ်ကောင်စီဆွေးနွေး

Photo – စစ်ကောင်စီ ဇူလိုင်၊ ၁၁  ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံ ပူးပေါင်းဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အိန္ဒိယနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်သတင်းဌာနတွေကထုတ်ပြန်ပါတယ်။ စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်နဲ့စစ်ကောင်စီ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ ဇူလိုင်လ ၁၀ ရက် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ တလကျော်အတွင်း အရပ်သား တရာကျော်ကို စစ်ကောင်စီအမှုဖွင့်၊ သတင်းမရ ပျောက်နေသူတွေရှိနေ

ဇူလိုင်၊ ၁၀ စစ်ကောင်စီတပ်ဟာ တလကျော်အတွင်းမှာ စစ်တွေမြို့နယ်အတွင်းက ဒေသခံအရပ်သား တထောင်၀န်းကျင်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှ တရာကျော်ကို  အမှုဖွင့်တရားစွဲထားကာ စစ်ကြောရေးထဲ သေဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ မိသားစု၀င်တွေက ပြောပါတယ်။ စစ်တွေမြို့နယ် ဗျိုင်းဖြုရွာမှ ငါးဆယ်ကျော်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သံတွဲတိုက်ပွဲအတွင်းကလေးငယ်တွေအပါအရပ်သားအချို့ပျောက်ဆုံးနေ

Photo – Lay Waddy FM ဇူလိုင်၊ ၉   တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ဒေသခံအရပ်သားအချို့ ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာပါ။   [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်နဲ့ ဧရာဝတီအစပ် ဂွမြို့နယ်မှာ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီ

Photo – AA Info Desk ဇူလိုင်၊ ၈ သံတွဲမြို့နယ်မှာ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရခိုင်နဲ့ဧရာဝတီအစပ် ဂွမြို့နယ်မှာ ခုခံစစ်ပြင်ဆင်နေရပြီဖြစ်ပါတယ်။ နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာပါ။ လက်ရှိအချိန်အထိတော့ စစ်ကောင်စီရဲ့သံတွဲအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

သံတွဲနဲ့မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ခုနစ်ရာကျော်သေဆုံး ၊နယ်မြေအများစု AAသိမ်းပိုက်

ဇူလိုင် ၊ ၇ မောင်တောနဲ့သံတွဲလတ်တလောတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ခုနှစ်ရာကျော်သေဆုံးခဲ့ပြီး လက်ကျန်စခန်း အားလုံးကိုထိုးစစ်ဆင်နေတယ်လို့အာရက္ခတပ်တော် AAက ဒီကနေဇူလိုင်၇ရက်မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့တဲ့ရခိုင်တကျော့ပြန်စစ်ပွဲမှာ (၇) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

သံတွဲက စစ်ကောင်စီတပ်ရင်းနှစ်ခုလုံးကို AAသိမ်းပိုက်၊မြို့နယ်တခုလုံနီးပါးကိုထိန်းချုပ်ထား

Photo – Dwarawaddy-Sandoway ဇူလိုင်၊ ၅ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တို့နှစ်ခုလုံးကို အာရက္ခတပ်တော်(AA)က အပြီးတိုင်သိမ်းပိုက်လိုက်ပြီလို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

AA ထိုးစစ်ပြင်းထန်နေတဲ့သံတွဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်

  Photo – ABN ဇူလိုင်၊ ၄ အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့ထိုးစစ်အပြင်းအထန်ဆင်နေတဲ့ နာမည်ကျာ်ခရီးသွားဒေသသံတွဲမြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့မေလ (၁၃)ရက်ကရခိုင်တောင်ပိုင်း သံတွဲမြိုနယ်ရွှေလှေတိုက်နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးAAကရွှေလှေတိုက်နယ်နဲ့သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။  အဲဒီနောက်သံတွဲမြို့နယ် ငပလီအခြေစိုက်စစ်ကောင်စီတပ်ရင်းတပ်စခန်းတွေကိုAAက ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစတင်ထိုးစစ်ဆင်နေတာပါ။ အဲဒီတိုက်ပွဲတွေအတွင်း သံတွဲမဇင်လေဆိပ်ကို AAကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

ဂွမှာ စစ်ကောင်စီက စစ်ရေးပြင်၊ မိုင်းထောင်လို့ ဒေသခံတွေ တိမ်းရှောင်နေရ

ဇူလိုင်၊ ၄ တိုက်ပွဲမရှိသေးတဲ့ ရခိုင်ပြည်နယ်တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းစစ်ရေးလှုပ်ရှားတာ မြေမြှပ်မိုင်းထောင်တာတွေ ရှိနေတာကြောင့် တိမ်းရှောင်နေရသူတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နယ်မြေချင်းထိစပ်ပြီး ကပ်ရပ်မှာရှိတဲ့ သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ တခုပြီး တခု သိမ်းပိုက်ခံနေရချိန် ဂွမြိုနယ်မှာ စစ်အင်အားတိုးချ၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သံတွဲ၊ ငပလီရှိဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းရှင်တွေဆီက အယောင်ဆောင်ငွေလိမ်လည် တောင်းခံနေတာတွေချက်ချင်းရပ်တန့်ဖို့ သတိပေးလိုက်တဲ့ AA

Photo-AA Info Desk ဇူလိုင်၊ ၂ သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းရှင်တွေဆီက အာရက္ခတပ်တော် ( AA)အယောင်ဆောင်ပြီး အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေတဲ့လုပ်ရပ်တွေချက်ချင်းရပ်တန့်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကထုတ်ပြန်သတိပေးလိုက်ပါတယ်။  သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းရှင်တွေထံမှ အခွန်နဲ့ငွေကြေးတောင်းခံတာမရှိဘူးဆိုတာမိဘပြည်သူတွေကိုလေးစားစွာအသိပေးအပ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီလိုချင်တဲ့ ပါတီမျိုးမဟုတ်လို့ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တာလို့ ANP ဝေဖန်

Photo – DMG ဇူလိုင်၊ ၂ စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ပါတီမှတ်ပုံတင်လျှောက်ထားချက်အပေါ် ငြင်းပယ်တာလိုက်တာဟာ သူတို့လိုချင်တဲ့ပါတီမျိုးမဟုတ်တာကြောင့်ဖြစ်တယ်လို့  အဲဒီပါတီက တုန့်ပြန်ပြောဆိုပါတယ်။ ဒေသခံရခိုင်ပြည်သူတွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေကြားက စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ခဲ့တဲ့ ဒေသတွင်းအင်အားကြီး ANP ပါတီရဲ့ [ဆက်လက်ဖတ်ရှုရန်]