နိုင်ငံရေး

မုံရွာက PDF စခန်းတခု စီးနင်းခံရပြီး လေးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

စက်တင်ဘာ၊ ၇   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခု စီးနင်းခံခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရတွေ ရထားတယ်လို့ မုံရွာအခြေစိုက် PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU က ကျပ်သိန်းငါးဆယ်ပေး

စက်တင်ဘာ၊ ၇   စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

D Day ကြေညာပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား သုံးသောင်းခန့်သေဆုံး

– စစ်ကောင်စီတပ်က လုံးဝအနိုင်မယူနိုင်တော့တဲ့ တပ်မတော်တရပ်အဖြစ် မားမားမတ်မတ် ပေါ်ထွန်းလာပြီလို့ NUG ဆို စက်တင်ဘာ ၊ ၇ ပြည်သူ့ခုခံတွန်းလှန်စစ်(D Day) ကြေညာပြီး နှစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေပေမယ့် ဆေးကုသခွင့် ငြင်းဆိုခံထားရကြောင်း သားဖြစ်သူပြော

အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီး အကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ​ပြဿနာတွေ ကြုံနေရပေမယ့် ဆေးကုသခွင့် ငြင်းဆို ခံထားရကြောင်း သားဖြစ်သူ ကင်အဲရစ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဓာတ်ပုံသတင်းထောက်တဦးကို စစ်ကောင်စီက ထောင်နှစ်နှစ်ဆယ်ချ

စက်တင်ဘာ၊ ၆ Myanmar Now သတင်းဌာနအပါအဝင် ပြည်တွင်း သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်ဆယ်ချမှတ်လိုက်ပါတယ်။ အခုနှစ်မေလ ၂၃ရက်က  သတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရတဲ့ အဲ့ဒီဓာတ်ပုံသတင်းထောက်ကို သုံးလကျော်အကြာ ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းကင်းမြို့ လျှပ်စစ်စက်ရုံက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး

စက်တင်ဘာ၊ ၆   စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အဝင်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (EPC) အတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဥ်ဆီ ရောင်းချနေမှု အဆုံးသတ်ပေးဖို့ G 20 အဖွဲ့ဝင်နိုင်ငံတွေကို NUG တောင်းဆို

စက်တင်ဘာ၊ ၆   မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဥ်ဆီ ထောက်ပံ့၊ ရောင်းချနေမှုကို အဆုံးသတ်ပေးဖို့ အပါအဝင် အချက်ငါးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက G 20 အဖွဲ့ဝင်နိုင်ငံတွေထံ ဒီကနေ့ စက်တင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ရွာနှစ်ရွာမီးရှို့လို့ ဒေသခံတွေ တိမ်းရှောင်

စက်တင်ဘာ၊ ၆   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက် ဒီနေ့မနက်မှာ မီးရှို့ဖျက်စီးနေတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေ

စက်တင်ဘာ၊ ၆   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့ ကြားမှာ စစ်ကောင်စီတပ်တွေ ဆက်လက်တပ်စွဲထားတာကြောင့် စစ်ရေးတင်းမာနေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမှာ စစ်တပ်ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးတဦး ဆယ်ရက်အကြာမှာ သေဆုံး

စက်တင်ဘာ၊ ၆   စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးတဦးဟာ ဆေးရုံပေါ်မှာ ဆေးကုသရင်း ဆယ်ရက်အကြာ စက်တင်ဘာလ ၅ ရက် မနေ့က သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]