ဒေသအလိုက် သတင်းကဏ္ဍ

တမူးခရိုင်တိုက်ပွဲ အရာခံဗိုလ်တစ်ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊တမူးခရိုင်အတွင်း စစ်အုပ်စုယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခြင်းခံရပြီး အရာခံဗိုလ်တစ်ဉီး သေဆုံးခဲ့ တယ်လို့သိရပါတယ်။ ယမန်နေ့မွန်းလွဲ၁နာရီလောက်က ကလေးမြို့ကနေ တမူးဘက် မောင်းနှင်လာတဲ့ စစ်ကားလေး၂စီးကို ကြိုတင်သတင်းအရ PDF-တမူး တပ်ရင်း(၃)က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ Myanmar Federal [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်မြို့နယ်အတွင်းက နေအိမ်(၇)လုံးကို စစ်အုပ်စုကချိတ်ပိတ်

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် အတွင်းက ပြည်သူ ၇ ဦးရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက နိုဝင်ဘာလ ၁ ရက်နေ့က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က ဇရပ်လှရွာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကွမ်းခြံကုန်းမှာ စစ်ကား တိုက်ခိုက်ခံရ၊၇ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ကွမ်းခြံကုန်းမြို့နယ်၊အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် တွေတိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ အင်အား ၂၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူတွေရဲ့ စပါးခင်းကို ကူသိမ်းပေးနေတဲ့ KNLA

KNUထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တပ်မဟာ ၆ တပ်ရင်း ၁၈က KNLA တပ်ဖွဲ့ဝင်တွေဟာ စပါးကူရိတ်သိမ်း ကူညီပေးခဲ့ကြတယ်လို့ ကော့ကရိတ်ပွင့်လင်းသတင်းစဉ်မှာ ဖော်ပြထားပါတယ်။          ပြည်သူတွေဘဝလုံခြုံရေးနဲ့ ပြည်သူ့စည်းစိမ်ဥစ္စာ ကာကွယ်ပေးရတဲ့အချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်ကို စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်း

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ ကျုံပျော်မြို့က နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်အုပ်စုဟာ နေအိမ်တွင်းမှာရှိတဲ့ အဖိုးတန်ပရိဘောဂတွေကိုပါ ယူခွင့်မပေးဘဲ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။          “အိမ်မှာက သူ့သားရယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဆောင်ရွက်မှု ဆက်တိုက်ကျဆုံးနေလို့ HRWပြော 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး  နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုတွေဟာ  တောက်လျှောက်ကို ကျဆုံးနေတယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မအူပင်မြို့ စည်ပင်သာယာရုံးအနီး ဗုံးပေါက်

မအူပင်မြို့နယ် စည်ပင်သာယာရုံးဒေါင့်မှာ ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်ခန့်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။          ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက အင်ငုတ်တိုရွာကို ဝင်ရောက်ဖျက်ဆီး

  ကန့်ဘလူမြို့နယ် ညောင်ကန်သာကျေးရွာအုပ်စု အင်ငုတ်တိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။          စစ်အုပ်စုဟာ အောက်တိုဘာလ ၃၀ရက်နေ့မှာ အင်ငုတ်တိုရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြစ်ဆုံကျေးရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း၊ ဒေသခံပြည်သူတစ်ဦးကို ပစ်သတ်

မြောင်မြို့နယ် မြစ်ဆုံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူတစ်ဦးကို ပစ်သတ်ကာ စစ်ဘေးရှောင်ပြည်သူ ၇ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ယူသွားတယ်လို ဒေသခံတွေက ပြောပါတယ်။          အကြမ်းဖက်စစ်အုပ်စုက မြစ်ဆုံကျေးရွာကို အောက်တိုဘာလ ၃၁ရက်နေ့မှာ ဝင်ရောက်စီးနင်းတပ်စွဲကာ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကဝမြို့နယ် နှစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ပွား

ပဲခူးတိုင်း၊ကဝမြို့နယ်ထဲက ဂက်စ်ထုတ်လုပ်ရေးစက်ရုံနဲ့ ကဝမြို့ရှောင်လမ်းအနီးက စစ်အုပ်စုဂိတ်ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့တွေ ဗုံးဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။ ပဲခူး BDF နဲ့ ကဝ PDF တို့ပူးပေါင်းပြီးဒီနေ့မနက် ၄နာရီမိနစ်၂၀မှာ  ကဝမြို့နယ်၊အုန်းနှဲရွာအဝင်ရှိ ဂက်စ်စက်ရုံကို ဖောက်ခွဲခဲ့ပြီး ကဝမြို့ရှောင်လမ်းအနီးက စစ်အုပ်စုဂိတ်ကို မနက်၆နာရီမှာ [ဆက်လက်ဖတ်ရှုရန်]