နိုင်ငံရေး

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်နှစ်နှစ်နဲ့ ငွေဒါဏ်နှစ်သောင်းချမှတ်ခံရ

အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ (၅) ရက်ဒီကနေ့မှာ ထောင်နှစ်နှစ်နဲ့ ငွေဒါဏ်ကျပ်နှစ်သောင်းချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ဆီကသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကိုရီးယားမှာ မြန်မာလုပ်သားတဦးကားတိုက်ခံရပြီးသေဆုံး

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ(၄)ရက် မနေ့ က ညပိုင်းက မြန်မာလုပ်သားတဦး ကားတိုက် ခံရပြီးသေဆုံးသွားတယ်လို့အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေးကူညီနေသူတွေဆီကသိရ ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ဆိုလ်းမြို့၊ အွန်ဖြောင်းမြို့ နယ်မှာ မ​နေ့ကည (၁၁)နာရီလောက်က အသက် အသက် (၃၅)နှစ်အရွယ် မြန်မာလုပ်သားကို ကိိုရီးယားနိုင်ငံသားမောင်းလာတဲ့ကားက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အပစ်ရပ်ထားတဲ့ ရခိုင်မှာ အာဏာ သိမ်း စစ်တပ်က လက်နက်၊ ရိက္ခာ ဖြည့်တင်းနေ

ရခိုင်မှာနှစ်ဘက်တပ်တွေအပစ်ရပ်ထားတယ်ဆိုပေမယ့် အာဏာသိမ်းစစ်တပ်ဟာ ရိက္ခာ၊ လက်နက်ဖြည့်တင်းတာ ၊ စစ်သားတွေ ပြောင်းရွေ့နေရာချတာ စတဲ့ စစ်ရေး လှုပ်ရှားမှု တွေကို နေ့စဉ်ရက်ဆက် လုပ်နေတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။ “အရင် တိုက်ပွဲတွေ ဖြစ်နေတုန်းကဆိုရင် သုံးလနေလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုဒုံအုပ်ချု့ပ်ရေးမှုးရုံးမှာဗုံးပေါက်လို့ လေးဦးထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ဒီဇင်ဘာ ၅ရက် မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ ဒီကနေ့မနက် ၁၁နာရီဝန်းကျင်က အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးဝင်းထဲကို အမည်မသိလူတစ်စုက လက်ပစ်ဗုံးနဲ့ လာရောက်ပစ်သွင်းခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အဲဒီပေါက်ကွဲမှုကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာလျှပ်စစ်မီးနဲ့ဖုန်းလိုင်းတွေပြတ်တောက်နေလို့ ဒေသခံတွေအခက်တွေ့

စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ လျှပ်စပ်မီးပြတ်တောက်နေတာ တပတ်လောက်ကြာပြီဖြစ်ပြီး ဖုန်းလိုင်းကလည်း နေရာတချို့မှာသာဆက်သွယ်လို့ရလို့ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။   အခုလို ရက်ရှည် လျှပ်စစ်မီးပြတ်တောက်တာကြောင့် လောင်စာကုန်စည်ဖြစ်တဲ့ မီးသွေးစျေးတက်လာသလို အခကြေးငွေနဲ့ ဖုန်းအားသွင်းရတဲ့အခြေအနေတွေလည်း ဖြစ်နေတယ်လို့သိရပါတယ်။   အရင်က တအိတ် ကျပ်ရှစ်ထောင်ပေးရတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောက်ဒဂုံမြို့နယ်က KTVနဲ့ Bar သုံးခု ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ၊​ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းက KTVနဲ့Barတချို့ကို ဒီဇင်ဘာ (၄)ရက် ညပိုင်းမှာ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Defenders အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေက ပူးပေါင်းပြီး သတိပေးဖောက်ခွဲတာတွေလုပ်ဆောင်ခဲ့တယ်လို့ HRD အဖွဲ့တာဝန်ခံက DNAကို ပြောပါတယ်။   “စကစ ရဲ့ထောက်တိုင်တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခရမ်းမြို့က CDM ကျောင်းဆရာတဦးကိုစစ်တပ်က ထောင်ဆယ်နှစ်ချလိုက်

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်က အထက(ခွဲ) ကံဟောင်းကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့မူလတန်းပြဆရာတဦးဖြစ်တဲ့ ဦးထက်မြက်အောင်ကို  စစ်ကောင်စီက ထောင်ဒဏ် ၁၀နှစ်ချလိုက်တဲ့အ‌ပေါ် ကန့်ကွက်ကြောင်း  ခရမ်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ က ထုတ်ပြန်ကြေညာလာပါတယ်။   ကျောင်းဆရာဦးထက်မြက်အောင်ဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနေအိမ်မှာနေထိုင်နေစဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ လေးရက်အတွင်း ရွာ ၆ ရွာဆက်တိုက်မီးရှို့ခံရပြီး စစ်ရှောင်ပြည်သူသောင်းချီရှိလာ

  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ဒီဇင်ဘာ ၄ ရက်အထိ ရွာပေါင်း ၆ရွာကို စစ်တပ်ကဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြီးခဲ့တဲ့နှစ်က ဖရူဆိုမှာ ဒေသခံလေးဆယ်ကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့ တပ်ရင်းကစစ်ကောင်စီတပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး တချို့ကိုအရှင်ဖမ်းမိတယ်လို့ KNDF ထုတ်ပြန်

ကရင်နီပြည်နယ် ၊ ဒီးမောဆိုမြို့နယ်ထဲက ဒေါကမီးကျေးရွာမှာ မနေ့ဒီဇင်ဘာ ၃ ရက်နေ့က  စစ်ကောင်စီနဲ့ကရင်နီဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတနေကုန်ဖြစ်ခဲ့ပြီး  စစ်ကောင်စီဘက်က တပ်သား ၂၀  ကျော်သေဆုံးပြီး ၄ဦးကိုအရှင်ဖမ်းမိတယ်လို့ KNDF က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာနေအိမ်မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေဖမ်းဆီးခံရတာတွေဆက်ဖြစ်ပြီး စစ်ရှောင်သောင်းချီအထိဖြစ်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အခုဒီဇင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့တာတွေဆက်လုပ်နေလို့ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်လည်း ခင်ဦးမြို့နယ်၊ ဗျိုင်းကျိုင်ရွာထဲကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံ ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]